စိတ်ကူးယဉ်ခြင်းဆိုတဲ့ယာဉ်ကတော့တော်တော်စီးလို့ ကောင်းတဲ့ယာဉ်ပါပဲ။
ကျွန်မဘ၀မှာစိတ်ကူးယဉ်နေရတာကို တော်တော်သဘောကျခဲ့ပါတယ်။
အခုချိန်ထိလည်းအားတိုင်းစိတ်ကူးယဉ်နေဆဲပါပဲ။
ငယ်ငယ်ကအရမ်းစိတ်ကူး ယဉ်တတ်လို့ သူငယ်ချင်းတွေက စိတ်ကူး လို့ တောင်နာမည်ပေးခံရတဲ့အထိပါပဲ။
ပညာရေးကိုဦးစားမပေးတဲ့ နယ်ပယ်ကနေကြီးပြင်းလာခဲ့ပေမယ့်မိဘတွေရဲ့ အမြော်အမြင်ကြီးမှု
ကြောင့် အခုလိုဒီလိုနေရာမှာရောက်လာခဲ့ ခြင်းဖြစ်ပါတယ်။ကျွန်မဘ၀မှာခွန်းအားပေးခဲ့တဲ့စာသားတစ်ခုရှိခဲ့တယ်။
အဲဒါကတော့ဆယ်တန်းဖတ်စာအုပ်ထဲက
"Dream Do Come True"ဆိုတဲ့စာသားလေးပဲဖြစ်ပါတယ်။ဇာတ်ကောင်က
သူ့ စိတ်ကူးယဉ်ခဲ့တာတကယ်ဖြစ်လာခဲ့တဲ့ဇာတ်လမ်းလေးပါ။
သူ့ ဘ၀ရဲ့အောင်မြင်မှုဟာစိတ်ကူးကနေစခဲ့တာပါပဲ။
ကျွန်မလည်းသူ့လိုပဲစိတ်ကူးကိုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေဆဲပါ။
လူ့ တစ်ယောက်မှာVisionပဲရှိပြီးActionမရှိဘူးဆိုရင် အောင်မြင်တဲ့လူတစ်ယောက်မဖြစ်နိုင်မှန်းကျွန်မသိနေခဲ့ပြီလေ။
တကယ်တော့
စိတ်ကူးဆိုတာစိတ်ကူးပါပဲ..................
အိပ်မက်ဆိုတာလည်းအိပ်မက်ပါပဲ......................
တကယ်လုပ်မှကိုယ့်အတွက်ပါ။
ဒါပေမယ့်အောင်မြင်တဲ့အရာအားလုံးဟာစိတ်ကူးကနေစခဲ့တာပါ။
ဒါကြောင့်အားလုံးကိုအားပေးချင်တယ်စိတ်ကူးယဉ်ပြီးရင်လည်း
တကယ်ကြိုးစားပြီးလုပ်ဆောင်ပါလို့  အဲလိုလုပ်ဆောင်ခြင်းဖြင့်
အောင်မြင်မှုတွေကိုဆွတ်ခူးနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း...........
အားလုံးကိုခင်မင်လျှက်
အာခါမလေးဘူးဆော