အချိန်တွေ လည်း တရွေ့ ရွေ့ နဲ့ တဆောင်းကုန်လို့ တနွေရောက်ခဲ့ပြီ။ ဒါပေမယ့် blog ဘက်ကို ဘယ်လိုမှ ခြေဦးမလှည့်နိုင်ခဲ့ဘူးလေ။ ဒီမှာက မြန်မာ sever ဆိုတော့ ပိုဆိုးတယ်။ Poxy Number တွေ အမြဲ ကျော်ဝင်မှ ရတာဆိုတော့။ အချိန်သိပ်မရတာနဲ့ ပျင်းတာနဲ့ ဆိုတော့ Blog ပေါ်ကို မရောက်ဖြစ်ခဲ့ဘူးလေ။ တကယ်တမ်းပြန်တွေးကြည့်မိတိုင်း ကျွန်မ ရဲ့ blog ကို လာလည် တဲ့သူငယ်ချင်းတွေကိုလည်း အားနာ မိပါတယ်။ အသစ်အသစ် တော့ blog လေးတွေ မတင်ပေးနိုင်လို့ ပါ။ကျောင်းတက်နေ စဉ်ကာလလည်း ကျောင်းက ပေးလိုက်တဲ့ assingment တွေ project တွေ နဲ့ တိုင်ပတ် ပြီး အလုပ်ရှုပ်နေခဲ့ရသလို စာမေးပွဲ အတွက်လည်းတော်တော် စာကြိုးစားခဲ့ရတယ်လေ။ ကျောင်းလည်း ပိတ်ရော term paper ကိစ္စာ က မပြီးနိုင်သေး ဖြစ်ခဲ့ရတယ်လေ။ သင်္ကြန် ရက်အတွင်းမှာကျပြန်တော့ လည်း ပုသိမ်ဘက်မှာ Mission Trip ထပ်သွားလိုက်တာ 19 ရက်နေ့ လောက်မှပဲ ရန်ကုန်ကို ပြန်ေ၇ာက်နိုင်တော့တယ်လေ။ ပြီးတာနဲ့ လည်း သင်တန်းတက်ဖို့ လိုက်စုံစမ်း နေရတာနဲ့  blog ပေါ် ကို မေ၇ာက် နိုင်ပဲ အချိန်ကြာနေခဲ့တယ်လေ။ အမြဲအားတိုင်း blog ger ညီအစ်ကို မောင်နှမ တွေ ရဲ့ blog တွေ သွားလည် ပြီး ဖတ်ရှု အားပေးခဲ့ရတဲ့အချိန်တွေ ကို အရမ်း သတိယနေခဲ့မိတယ်လေ။ အဲဒီ အချိန်တွေလို အချိန်မျိုးကို ပြန်လိုချင်ခဲ့ပေမယ့် တကယ်လုံးဝ ကို အချိန်မပေးနိုင်ခဲ့ဘူးလေ။ ဒါပေမယ့် ကျွန်မ ယုံကြည်တာ တစ်ခု ရှိပါတယ်။ ကျွန်မ တို့ blogger ညီအစ်ကို မောင်နှမ တွေအားလုံးဟာ စိတ်ရင်းတွေ ကောင်းကြသလို ဖော်ရွှင်ပြီး အမြဲအားပေးတတ်တဲ့သူတွေ ဆိုတာကိုပေါ့။ ကျွန်မ blog မရေးတာကြာခဲ့ပေမယ့် အားလုံးကို သတိယနေတာတော့ အမှန်ပါပဲ။ ကျွန်မ ကောင်းကောင်းကြီး နားလည် လိုက်ရတာကတော့ လက်ရှိချိန် ကို တန်ဘိုးထားဖို့ ပါပဲ။ အရင်တုန်းက blog တွေ လျှောက်ဖတ် တယ် လျှောက်လည်တယ် ဒါပေမယ့် အဲလောက် ကြီးတန်ဘိုးမထားခဲ့မိဘူးလေ။ blog နဲ့ ကင်းကွာသွားခဲ့ပြီးမှပဲ blog ရဲ့ တန်ဘိုးကို ပိုပြီးနားလည် ခဲ့ရတယ်လေ။ blogger တွေ ရဲ့  စာမူလေးတွေ ဖတ်ရင်း ခွန်အားရခဲ့ရတာလည်း မပြောပြနိုင်လောက်အောင် ပါပဲ။ အရမ်းကို အားတက် ပြီး ဘ၀မှာ ရင်ဆိုင် ဖို့ အားတွေ ဖြစ်နေခဲ့ရတယ်လေ။ အဲဒီအရာတွေ ကို ပိုပြီးသိမြင်လာခဲ့တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုကိုယ်လုပ်နိုင်တဲ့ အလုပ်ကို ချက်ချင်း လုပ်ဖို့ ရယ် လုပ်နေတဲ့အရာကို တန်ဘိုးထားတတ်ဖို့ လိုတယ် ဆိုတာကိုတော့ သင်ခန်းစာရနေမိတယ်လေ..............................................
အားလုံးကိုခင်မင်လျက်