မနေ့ ည သင်တန်းပိတ်တာနဲ့ မြို့ ထဲ (44)လမ်းက ဦးလေး ဆီ သွားလည် တော့ မတွေ့ ဖြစ်တာလည်း တော်တော် ကြာသွားပြီ ဆိုတော့ စကား အကြာကြီး ထိုင်ပြောဖြစ်ခဲ့တယ်လေ။ သူနဲ့ ပြောရင်းနဲ့ မှတ်သား စရာတစ်ချို့ ကို သူငယ်ချင်းတွေ ကိုလည်း ပြောပြချင်နေမိတယ်လေ။ မနေ့ ည ပြန်ရောက်ကတည်းက blog ရေးဖို့ ကြိုးစားသေးတယ် ခံစားချက် ပူပူနွေးနွေး ပဲ ရှိသေးတယ် ဆိုတော့လေ။ ဒါပေမယ့် ၀မ်းနည်းစွာနဲ့ လိုင်းက မကောင်းတော့ စိတ်လျော့ ပြီး ပြန်ခဲ့ရတယ်လေ။ ဒီညလည်း ရေးချင်လို့ သာ ဆုံးဖြတ် ပြီး Blog ထဲသာ ၀င်လာ တာ လိုင်း က ရချင်မှ ရမှာဆိုတော့ သိပ်တော့မမျှော်လင့် ခဲ့ဘူးလေ။ ဒါပေမယ့် ဒီရက်တော့ တစ်ခေါက်ပဲ ကြိုးစားလိုက်ရတယ်။ တန်းပြီးတော့ blog ထဲ proxy နံပါတ် နဲ့  ၀င်နိုင်ခွင့်ရခဲ့တယ်လေ။ ကျွန်မ အားလုံးကို ပြောပြချင်တာကတော့ သစ်ပင်တစ်ပင် အကြောင်းပါ။ ကျွန်မတို့ အိမ်ေ၇ှ့မှာ သစ်ပင် လေး တစ်ပင် ကို ကျွန်မ တို့ စိုက်မယ်။ အဲဒီ ကျွန်မ စိုက်မဲ့ သစ်ပင် ကို ကျွန်မ က အရမ်း ကြိုက်လွန်းလို့ မနည်း ရှာပြီး မျိုးစေ့ ကို ယူလာစိုက်မယ်ပေါ့။ ဒါပေမယ် အကြောင်း အမျိုးမျိုး ကြောင့် သစ်ပင်လေးကို စိုက်ပြီးကတည်းက ပုံမှန် ရေမလောင်း သလို ၊ ပေါင်းတွေလည်း မရှင်းပေးဘူး ဆိုရင် ကြာလာရင် သစ်ပင်လေးက နွမ်းခြောက်လာမှာ တကယ်ပဲလေ။ ကျွန်မ က သစ်ပင် နွမ်းခြောက်နေ တာ တွေ့ လိုက်လို့  ကျွန်မ က ကောင်းကောင်းပြန်မပြုစု ဘူးဆိုရင် သစ်ပင် က အချိန် မေ၇ွး သေသွားနိုင်တယ်လေ။ အဲလိုပဲ ကျွန်မ ပြောပြချင်တာက တော့ ကျွန်မ အရမ်း ချစ်တဲ့ ကျွန်မ တို့ မိဘ ကျွန်မတို့ ရဲ့ ချစ်သူ ကျွန်မ တို့ ရဲ့ မောင်နှမ၊ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးကို အနားရှိတုန်း ချစ်နေပေမယ့် ဂရုစိုက်ဖို့ ၊ ကြင်နာဖို့ ၊ ယုယဖို့ ၊ အချိန်ပေးဖို့ ၊ အနစ်နာခံဖို့ ၊ ပေးဆပ်ဖို့ မေ့နေခဲ့မယ်ဆိုရင် ကြာလာရင် အားလုံးရဲ့ ချစ်ခြင်းမေတ္တနဲ့ ကင်းကွာသွားမှာ မလွဲသွေပဲလေ။ ကျွန်မ တို့ က တစ်ခါတစ်ခါ မိဘတွေ က ငါ့ကိုဆို မချစ်ပါဘူး ငါ့အတွက် ဆို ဘာမှ မလုပ်ပေးဘူး လို့ တွေးထင် တတ်ကြပါတယ်။ ဒါပေမယ့် သေချာ ပြန်စဉ်းစားရင် ကျွန်မ တို့ ဘက်က ပေးဆပ်ထားတာ မရှိပဲနဲ့ လိုချင်နေတာ ကျွန်မ တို့ စိတ်က မှားနေတယ်လေ။ တစ်ခါတစ်လေ တစ်ဖက် လူက ကျွန်မ တို့ ကို ဂရုမစိုက်သလို ကျွန်မ တို့ ခံစားလာရတတ်ပါတယ်။ သေချာ ပြန်ဆန်းစစ်ရင်တော့ ကျွန်မ တို့ ဘက် က လိုချင်တာတွေ များသွားလို့ ပါ။ အဲလိုပဲ ကိုယ့်ကိုယ် စိတ်ဆင်းရဲ အောင်လုပ်နိုင်တာ တစ်ခြားလူ မဟုတ်ပါဘူး တစ်ခြားအရာမဟုတ်ပါဘူး ကိုယ့်စိတ်ပါ ကိုယ့်သဘောထားမှားနေလို့ ပါ။ သစ်ပင် တစ်ပင် ကြီးထွားဖို့ မြေဆီလွာဖို့ ကောင်းဖို့ လို သလို အမြဲ ရေလောင်းပြီး ပေါင်း တင် ပေးဖို့ လိုတယ်ဆိုတဲ့ message လေးပေးချင်လို့ ပါ။ ကိုယ့်ဘေးမှာ ရှိတဲ့ ကိုယ်ချစ်နေရတဲ့ သူအားလုံးကို သတိရကြောင်း ၊ ချစ်နေတဲ့ အကြောင်း၊ သံယောဇဉ် ရှိနေတဲ့ အကြောင်းကို အမြဲ ပြောဖို့ ဝန်လေး နေတယ်ဆိုရင်တော့ (မလို အပ်တဲ့ သိက္ခာ ၊ အရှက်တွေ ကြောင့် ၀န်လေးနေခဲ့မယ်ဆိုရင်) ကျွန်မတို့ ဟာ အချစ်နဲ့ လည်း ဝေးနေအုံးမှာပဲ ဆိုတာ သေချာနေတယ်လေ။ ဖုန်းခေါ်ဖို့ မအားဘူး ဆိုရင်တောင် မေးလ် လေး တစ်ချက်လောက် လွမ်းနေတယ် အကြောင်းလေး သတိယနေ တဲ့ အကြောင်းလေး ရေးပေးလိုက်ပါ။ တစ်ဖက်လူ က မင်းရဲ့ စာတို လေးကြောင့်လည်း ပျော်သွားနိုင်သလို အားတွေ ရှိသွားနေတယ်လေ။ လူတိုင်းဟာ ဂရုစိုက်မှုကို လိုချင်ကြတာပဲလေ။ အိုကေ............သစ်ပင်တစ်ပင် ကြီးထွားဖို့ အတွက် ဘယ်လို အခြေအနေ ရောက်သွားပါစေ/ ရှိနေခဲ့ပါစေ အမြဲ ရေလောင်း ပေါင်းတင်ဖို့ မမေ့ ပါနဲ့ လို့ ...........................အားလုံးကို အားပေးချင်တယ်......................................
အားလုံးကို ခင်မင်လျက်