အပိုင်း(1)
သူငယ်ချင်းတွေအများဆုံး က online တက်ရင်g-talkဇာတ်လမ်းလေးတွေကို
အဆောင်ပြန်ရောက်တိုင်းလာရင်ဖွင့်ကြတဲ့အချိန်သူတို့ ကိုအထင်သေးမိတာတော့
မဟုတ်ပေမယ့်ချစ်စရာရှာလို့ အချစ်သွားရှာနေကြတယ်လို့ ထင်မိခဲ့တယ်။
တကယ်ကိုယ်ကိုယ်တိုင်ကြုံတွေ့ လာမှာပဲ g-talk တီထွင်ခဲ့တဲ့သူကို
ကျေးဇူးတင်မဆုံးဖြစ်ခဲ့မိတယ်။
ငါမှတ်မိသေးတယ်နင်နဲ့ ပထမဆုံး chat ခဲ့ရတဲ့နေ့ တွေပေါ့။
နင်ငါ့ကို Add လိုက်တော့ငါ Acceptလုပ်ပြီးအစိမ်းရောင်မီးလုံးလေးနဲ့ 
ဆန်းလီ (sanli)ဆိုတဲ့နာမည်လေးမို့ ငါ chat ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲချိန်မှာပဲ နင်ဆီက
sanli : hi fri..................
i wanna to be a friend,are u ok?
ဆိုတဲ့စာသားလေးတက်လာခဲ့တယ်လေ
ငါကလည်း
honey : yes,i am ok.
i am also wanna to be a friend with u.
လို့ ပြန်ရိုက်ထည့် လိုက်တော့
sanli : ok.we need to introduce ourself.
honey: good.Frist you.
sanli: lady frist.
honey: frist you.
sanli: hey fri,ငါတို့ နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက်ဦးစားပေးနေရင်
မိတ်ဆက်ဖြစ်တော့မှာမဟုတ်ဘူး
honey: right!so u need to introduce yourself frist.
sanli: ok,my name is myo san li.
i am kachin race.
now i am attending second year Physics .
i live in yangon.
honey: umm..................
sanli: that's all.ok,your turn.
honey: ok,my name is "မြူ"
most of my friends call me "မြူမြူ".
မြူတွေကျနေတဲ့မနက်ခင်းမှာမွေးလို့ မြူ လို့ ပေးထားတာ။
i am kayin race.
i am also first year honour computer science.
i live in tachitlake.that's all.
sanli: inn.................
honey: aww.......i wanna ask u some Q.
sanli: ok ,u can ask ......if i could i would.
honey: how do u get my accoutn?
sanli: aww..........so easy .
forward mail.
honey: aww........
sanli: when i found your account i wanna to be a fri
with u.so i add u.
honey: aww............
ငါခင်တတ်ပါတယ်
sanli: inn............
ဒါနဲ့ g-talk မှာတင်ထားတဲ့ ပုံကနင့်ပုံလာ?
့honey: ဟုတ်တယ်လေ
ဘာဖြစ်နေလို့ လဲံ
sanli: အရမ်းချစ်စရာကောင်းတာပဲ၊
honey: most of my friends say like that.
sanli: really
honey: yes
sanli: u don't wanna be actress
honey: ha..........ha.............
ငါအဲလောက်မချောသေးပါဘူး
sanli: ငါ့အတွက်တော့နင်အရမ်းချောတယ်
honey: ဒါတော့နင်ငါ့ကိုသက်သက်မြှောက်တာပဲ
sanli: no,i am serious.
honey; ok,thank u very much for your flattering me.
sanli: no,i am serious.
honey: အေးပါ၊ငါကလူကိုလွယ်လွယ်နဲ့ မယုံတတ်ဘူးကွယ်
sanli: why?
honey: u wanna know lar?
sanli: yes.Could u tell me?
honey: ရပါတယ်။ငါအတွက်အပန်းမကြီးပါဘူး
ငါ့တို့ ပတ်ဝန်းကျင်မှာကလူကို ယုံလို့ ဒုက္ခရောက်တဲ့သူတွေများတယ်လေ
ဒါကြောင့်ငါလည်းတော်ရုံတန်ရုံမယုံရက်ဘူးလေ
sanli: inn...................may be.
honey: ဒီလိုပါပဲ၊ဒါနဲ့ နင်ဘာလုပ်လဲ
sanli: what do u mean?
honey: နင့်အခုအလုပ်လုပ်လာလို့ မေးတာ
sanli: aww..............ic
no.i am still university student.but အားရင်တော့သီချင်းဆိုတယ်
honey: ဒါဆိုu က singer ပေါ့
sanli: အဲလိုလဲပြောလို့ မရသေးပါဘူး၊အခုမှကြိုးစားတုန်းဆိုတော့လေ
honey: ကြိုးစားထားနော်၊အားပေးမယ်
sanli: thank u ပါ။နင်တို့ လို အားပေးမဲ့လူရှိတော့အား တောင်ရှိလာသလိုပဲ
့honey: အဆိုတော်မို့ လိုသာတော်တော့တယ်
စကားအရမ်းတတ်တာပဲ
sanli: မဟုတ်ပါဘူးဗျာ
honey; ဟုတ်ပါတယ်နော်
sanli: ha.........ha............ဟုတ်ကဲ့ပါဗျာ
honey; ဒီလိုမှာပေါ့
ကျွန်မကတေ့ပြောချင်လို့ ပြောတာမဟုတ်ဘူး၊တကယ်
ကျွန်မရဲ့ အလိုလိုက်တာပဲကြိုက်တယ်
sanli: ဟုတ်လာ
honey: အဲဒါကြောင့်အခုထိကျွန်မကWithoutလေ
sanli: ha.................ha.................
honey: ဘာရယ်တာလဲ
sanli: မဟုတ်ပါဘူး၊သဘောကျလို့ ပါ
honey: ကျွန်မကကျွန်မကိုလှောင်ရင်မကြိုက်ဘူး
sanli: မလှောင်ပါဘူးဗျာ
လှောင်လည်းမလှောင်ရက်ပါဘူး
honey: ဒါဆိုလည်းမရယ်နဲ့ 
sanli: ကျွန်တော်ရယ်တာတွေ့ လို့ လာ
honey: တွေ့ တာပေါ့၊သွားကတောင်သုံးဆယ်ခြောက်ချောင်းပေါ်အောင်ကို
ရယ်နေတာ
sanli: ဟာဗျာ
့honey: ဘာဖြစ်လဲပြော
sanli: ဘာမှတော့မဟုတ်ဘူး၊သဘောကျလို့ ပါ
နင့်ကအရမ်းပွင့်လင်းပြီးကလေးဆန်တယ်လို့ ထင်ရတယ်
honey: ဟုတ်တယ်၊စိတ်ထဲရှိတဲ့အတိုင်းပဲပြောတတ်တယ်
ဟန်မဆောင်တတ်ဘူး
sanli: ကောင်းပါတယ်
honey: နင်ကငါထင်သလိုပြောရရင်
အေးအေးဆေးဆေးသမားလို့ ထင်ရတယ်
sanli: သိပ်ဟုတ်တာပေါ့ကိုယ်ကလူများရင်မနေတတ်ဘူး
honey: ဒါဆိုရှိုးတွေဘယ်လိုဆိုမှာတုန်း
sanli: ရှိုးမှာဆိုစင်ပေါ်မှာကကိုယ်တစ်ယောက်ထဲလေ
honey: တော်သေးတယ်နော်အဆိုတော်လုပ်မဲ့သူက
လူများတဲ့နေရာမှာမနေတတ်တာတော့
တော်တော်ထူးဆန်းတယ်လို့ ထင်မိတယ်
sanli: ကိုယ်နဲ့ ခင်တဲ့သူလောက်ပဲကိုယ့်အကြောင်းသိတယ်လေ
မဟုတ်ရင်အားလုံးကကိုယ့်ကိုမာနကြီးတယ်လို့ ထင်ကြတယ်
honey: ကျွန်မကတော့မထင်ပေါင်
sanli: အင်းပါ မင်းမထင်ဖို့ ပဲလို တယ်
honey: why
sanli: နောက်မှပြောမယ်
honey: မရဘူးအခုပြော
sanli: ha...........ha.......ဒါကတော့screctအနေနဲ့ ထားချင်သေးတယ်လေ
honey; ဟာမရဘူးအခုပြောပြ
sanli: ha........ha........
လျှို့ ဝှက်ထားခွင့်ပေးပါအုံးလာ
honey; မပေးနိုင်ပါဘူး၊နင်တို့ ကဘာကြံစည်နေလာမှမသိတာ
sanli: ဘာမှလည်းမကြံရပါဘူး
honey; ဒါဆိုပြောပြ
sanli: နင်တကယ်သိချင်တယ်ပေါ့
honey: အင်း
sanli: စိတ်မဆိုးနဲ့ နော်
honey: အင်းပါ၊သူကလဲနော်ပြောမဲ့အရေးကို
sanli: နင့်ကိုစိတ်ဝင်စားလို့ ပါ
honey; ဟာ.........နင်ကလဲ
sanli: စိတ်ဆိုးသွားလာ
sanli: hey are u angry
sanli: hey နင်စိတ်ဆိုးရင်ငါဘယ်လိုနေရမလဲ
hey ကောင်မလေး
ကိုယ့်ကိုပြန်ပြောအုံး
စိတ်မဆိုးပါနဲ့ ဟာ
အခုဏပြောတဲ့စကားကိုငါပြန်ရုပ်သိမ်းပါတယ်ဟာ
စိတ်မဆိုးပါနဲ့ တော့နော်
honey: ha.............ha...........
စိတ်မဆိုးပါဘူး
ပျော်တောင်ပျော်သွားသေးတယ်
sanli: ဟာ
honey: ကိုယ့်ကိုစိတ်ဝင်စားတဲ့သူရှိမှာတော့မပျော်ဘဲနဲ့ နေမှာလာ
sanli: နင်ငါ့ကိုစိတ်မဆိုးဘူးပေါ့
honey; ဟင့်အင်း
sanli: ငါဖြင့်စိတ်ပူလိုက်ရတာ
honey: ha............ha............
fri ရေနောက်မှပဲဇာတ်လမ်းဆက်ရအောင်နော်
ငါသင်တန်းသွားရမှာမို့ ပါ
sanli: inn par
honey: bye နော်
sanli: ok,bye.
ဒီလိုနဲ့ ပဲခဏခဏ online မှာတွေ့ ကြရင်းနဲ့ သူ့ ကိုမမြင်ခဲ့ဖူးပေမယ့်
သံယောဇဉ်တွယ်မိခဲ့တယ်။သင်တန်းမှာသူငယ်ချင်းတွေနဲ့ စကားပြောဖြစ်
တိုင်းသူ့ အကြောင်းကိုအလိုလို ရောက်ရောက်သွားမြဲပဲလေ
g-talk ဖွင့်တာနဲ့ တွေ့ ချင်တာသူ့ account ကပထမဆုံးပဲ
သူ နဲ့ တွေ့ ဖို့ အမြဲစိတ်ကမျှော်လင့်နေတယ်လေ
အခုတော့ကိုယ့်ကသူ့ ကြောင့်အချစ်ရူးလေးပေါ့
ဘာဖြစ်လို့ အပြင်မှာတောင်မမြင်ဖူးပဲဘာလို့ အဲလောက်
သံယောဇဉ်တွယ်မိမှန်းကိုယ့်ကိုယ်ကိုယ်တောင်နားမလည်နိုင်ဘူးဖြစ်နေတယ်လေ
ကျောင်းရောက်လို့ အခန်းထဲမှာလဲသူ့ အကြောင်းတွေးမိလေတိုင်း
အလိုလိုပြုံးနေမိတယ်လေ
သူငယ်ချင်းတွေကတောင်နင်အခုတလောဘာကြောင့် ခဏခဏဘာလို့ ပြုံးနေသလဲတဲ့
ဘာမှမဟုတ်ပါဘူးလို့ ဖြေပေမယ့်သူတို့ ကနင်မရိုးတော့ဘူးတဲ့လေ
ငါသတ္တိရှိရှိနဲ့ နင့်အကြောင်းကိုအားရပါးရပြောပြနေမိတယ်လေ
သူတို့ ကငါ့ကိုမေးသေးတယ်နင်နင်ရဲ့ g-talk ကကိုကိုနဲ့ ဟော
အပြင်မှာတွေ့ ဖူးလာတဲ့ ငါကလည်း no လို့ပဲဖြေလိုက်တော့
နင်ရူးနေပြီတဲ့.................ငါရူးရင်လည်းနင့်ကြောင့်ရူးတယ်ဆိုတော့
ငါကျေနပ်တယ်လေ၊
နင်ကငါ့ကိုကြွေအောင်လို့ စကားလှလှလေးတွေနဲ့ မပြောခဲ့ပေမယ့်
နင်နဲ့စကားပြောရတိုင်းငါအလိုလိုရင်ခုန်နေမိတယ်
နင်နဲ့ သာချက်ရမယ်ဆိုရင်ဘယ်ချိန်ပဲဖြစ်ဖြစ်တက်ကြွနေတော့တာပဲ
တစ်ခါတစ်ခါငါ့ကိုယ်ငါတောင်မယုံနိုင်အောင်ပါပဲလေ
သူငယ်ချင်းတွေကပြောတယ်
နင့်ဘက်ကပဲသူ့ ကိုရူးနေတာတဲ့
သူတောင်နင့်အခုလိုဖြစ်နေတာသူသိမှာမဟုတ်ဘူးတဲ့
သူတို့ တွေဘယ်လိုပဲပြောပြောငါကတော့နင်မသိလည်းရူးမှာပဲ
အဲလိုပဲနင်မသိလည်းချစ်မှာပဲ
ငါဘယ်လောက်ထိနင့်ကိုရူးတယ်ပြောပြောငါနင့်ကိုအပြင်မှာတွေ့ ဖို့ တစ်ခါမှမတွေးမိခဲ့ဖူး
ငါရန်ကုန်ရောက်တိုင်းလည်းနင်နဲ့ တွေ့ ဖို့ ဆုံးဖြတ်ပါသေးတယ်ဒါပေမယ့်သတ္တိမရှိပြန်ဘူး
နင်ငါ့ကိုအပြင်မှာတွေ့ လို့ အရင်ကလိုမခင်မင်မှာငါအရမ်းကြောက်တယ်။
ဒီလိုနဲ့ ရာသီတွေ အလီလီပြောင်းလဲသွားခဲ့တယ်နော်အရာရာအားလုံးပြောင်းလဲသွားခဲ့ပေမယ့်
ငါတို့ နှစ်ယောက်ရဲ့ ခင်မင်မှုPlusပဲရှိပြီးမပြောင်းလဲခဲ့ဖူးနော်အမြဲတမ်းဒီလိုပဲဖြစ်ချင်ခဲ့ပေမယ့်နင့်ဘက်က
ပျက်ကွက်မှုလေးတွေများလာခဲ့တယ်နော်၊ငါကတော့ချစ်မိသူမို့ အရာရာကိုနားလည်နေခဲ့မိတယ်
နင် g-talk မှာပေါ်မလာတဲ့ရက်တွေဆိုရင်ငါဘယ်လိုနေရမှန်းတောင်မသိဘူး
ဖြစ်ခဲ့ရတယ်။ရူးမတတ်ပါပဲကွယ်။
အပိုင်း(2)
နင်နဲ့ online မှာမတွေ့ ဖြစ်တာတော်တော်တော်ကြာခဲ့ပြီလေ။နင်နဲ့ မချက်ရရင်မနေတတ်ခဲ့တဲ့
ငါ့စိတ်လည်းနေသားကျသွားခဲ့ပြီလေ။အခုဆိုငါလည်းရန်ကုန်မှာပဲ။
နင်ရန်ကုန်ရောက်ရင်ဆက်သွယ်ပါနော်လို့ ပြောပြီးပေးခဲ့တဲ့နင့်လိပ်စာလေးမေ့မှာ
ဆိုးလို့ ဒိုင်ယာရီမှာခိုးမှတ်ထားခဲ့တယ်ဒိုင်ယာရီစာအုပ်ကိုကိုင်မိတိုင်းနင့်ကိုဆက်သွယ်ရင်
ကောင်းမှာလာလို့ တွေးကြည့်မိတာလဲအခေါက်တစ်ရာမကတော့ပါဘူး။
နင်လာသာလာစမ်းပါဒီကိုေ၇ာက်ရင်အားလုံးငါ့တာဝန်ထားလို့ 
နင်ပြောခဲ့ပေမယ့်............နင့်ကိုဆက်သွယ်ဖို့ ငါအရမ်းဝန်လေးမိတယ်လေ
moe:Hey..............မြူမြူ...........ဘာတွေတွေးနေ။
(သူငယ်ချင်း မိုးရဲ့ မေးသံလေး)ဘယ်လောက်ထိများအတွေးလွန်သွားလဲဆိုတာတော့
မသိတော့ပါဘူးသူငယ်ချင်းမိုးနဲ့ ချိန်းထားတာတောင်မေ့နေခဲ့တယ်လေ။
မြူ:ဘာမှမဟုတ်ပါဘူး၊
moe:မယုံပါဘူးနော်
ဘာလဲအဆက်ဟောင်းအကြောင်းလာ
မြူ :ဘယ်ကလာအဆက်ဟောင်း...........
ကောင်မငါ့ကိုတော်တော်အထင်ကြီးနေသေးတယ်
ကိုယ့်သူငယ်ချင်းအကြောင်းမသိတာကျလို့ 
မိုးနဲ့ မြူနဲ့ ကCampသွားရင်းနဲ့ ခင်မင်ခဲ့တယ်။စရိုက်ချင်းတူလို့ တွဲမိခဲ့ကြတယ်။
မိုးကတော့ရန်ကုန်သူပေါ့။ကိုယ့်ကနယ်ကဆိုတော့သူကကိုယ့်အပေါ်အရမ်းကောင်းတယ်လေ။
မိုးနဲ့ ကရန်ကုန်ေ၇ာက်တိုင်းတွေ့ ဖြစ်တယ်လေ။
moe:မြူ.........ဒီတစ်ခေါက်နင်ငါ့အိမ်လိုက်ခဲ့ရမယ်နော်
အမေကမှာလိုက်တယ်သမီးသူငယ်ချင်းကိုရအောင်ခေါ်ခဲ့တဲ့
မြူ ;မိုးကလဲ..........အားနာစရာကြီး
moe:ဘာမှအားနာစရာမလိုဘူး၊မြူနော်ခင်တာတောင်ကြာနေပြီ
တစ်ခါမှအိမ်လာမလည်ဘူး
moe:ဒီတစ်ခေါက်တော့နင့်ကိုရောက်အောင်ခေါ်မှဖြစ်မယ်
မြူ ;ဘာဖြစ်လို့ 
အိမ်ကအစ်ကိုလတ်ကိုမိတ်ဆက်ပေးမယ်လို့ 
ပြောထားတယ်လေ
မြူ: အမလေးရှက်စရာကြီး
moe: ဘာမှရှက်စရာမလိုပါဘူး၊နင့်ကကိုးရီးယားမင်းသမီးနဲ့ တူတယ်လို့ တောင်
ပြောထားလိုက်သေးတယ်
မြူ; ဟဲကောင်မနင်ငါ့ကိုအဲလိုပြောတော့သူငါ့ကိုတွေ့ လို့ လန့် နေအုံးမယ်
moe: မြူကလည်းဟာ........အစ်ကိုလတ်ကအဲလိုမပြောတတ်ပါဘူး
လိုက်ခဲ့နော်
မျက်နှာစူပုပ်စွာနဲ့ ပြောနေတဲ့သူငယ်ချင်းရဲ့ ဆန္ဒကိုမလိုက်လျောပဲမနေနိုင်ခဲ့ပါဘူး
မြူ; ဟုတ်ပြီလိုက်ခဲ့မယ်
moe:ဒါမှပေါ့ငါ့ယောင်းမလေး
မြူ; ဘယ်လို
moe:ဘာမှမဘယ်လိုဘူး
လာ ........သွားကြမယ်........၊
မိုးတို့ ရဲ့ အိမ်ကတော့မြေနီးကုန်းမှာပဲဆိုတော့သွားရတာအဆင်ပြေတယ်
အမေ...........အမေ တံခါးဖွင့်အုံး
အဲဒီချိန်မှာအရပ်မြင့်မြင့်နဲ့ တော်တော်ကြည့်လို့ ကောင်းတဲ့အစ်ကိုကြီးတစ်ယောက်
ထွက်လာတယ်လေ။သူ့ ကတော့ပြုံးပြပြီးတံခါးလာဖွင့်ပေးတယ်လေ
သူ ကမိုးရဲ့ အစ်ကိုလတ်များလာ........တော်တော်ကိုကြည့်လို့ ကောင်းတဲ့သူပဲ
ပွင့်ပွင့်လင်းလင်းဝန်ခံရရင်စက္ကန့် ပိုင်းလောက်တော့သူ့ ကိုတွေ့ လိုက်တဲ့အချိန်မင်သက်သွားမိတယ်၊
သူ့ ကတော်တော်ဆွဲဆောင်မှုရှိတဲ့ထဲမှာပါတယ်။သူကကိုယ့်ကိုယ်ရင်းနှီးတဲ့ပုံစံမျိုးနဲ့ 
ညီမလေးက မိုးသူငယ်ချင်းလာ
မြူ: ဟုတ်ကဲ့
မိုးက ဒီကညီမလေးအကြောင်းခဏခဏပြောတယ်လေ
မြူ: မိုးကလုပ်ပြီ
မိုးကဘာမှမပြောပါဘူး၊ညီမလေးကောင်းတဲ့အကြောင်းတွေပါပဲကျွန်မတကယ်သူ့ ရှေ့ 
ရောက်မှပဲရှက်နေမိတော့သည်။ဘာကြောင့်များတော့မသိသူ့ ကိုလည်းမော့မကြည့်ရက်ဘူးဖြစ်နေတယ်
ရင်ခုန်သံတွေကာရံမဲ့စွာခုန်ပေါက်ပြေးလွှားနေပြီလေထိန်းချုပ်ရခက်တဲ့ထဲမှာရင်ခုန်သံလည်းတစ်ခု
အပါအ၀င်မှာအခုမှသိရတော့တယ်။
အပိုင်း(3)
အစ်ကိုလတ်နဲ့ ကအပြင်မှာမတွေ့ ကတည်းကစိတ်ဝင်စားနေခဲ့တော့အပြင်မှာတကယ်လက်တွေ့ တော့
တကယ်ချစ်မိသွားတယ်။အချိန်တိုင်းကိုယ့်အတွေးထဲမှာအစ်ကိုလတ်ပဲဖြစ်နေတယ်ဆိုတော့သူ့ ကိုလမ်းခွဲဖို့ 
ကျွန်မဆုံးဖြတ်ခဲ့တယ်လေသူ့ နာမည်က ဇော်အောင်။အခုထိတော့ကျွန်မရဲ့ ရည်းစားပေါ့။
သူ့ နဲ့ ဒီရက်လမ်းခွဲဖို့ သူ့ ကိုချိန်းထားတယ်လေ။ကျွန်မအစ်ကိုလတ်အတွက်ဆို
ဘာမဆိုလုပ်မိမှာသေချာတယ်။သူ့ ရဲ့ နာကျင်မှုတွေကိုခံယူဖို့ ကျွန်မ ချိန်းထားတဲ့နေရာကို
ရောက်လာခဲ့တော့သူ့ ကစောရောက်နေတယ်လေ။ကျွန်မကိုမြင်တော့လက်မြှောက်ပြတယ်လေ
မြူ :ရောက်နေတာကြာပြီလာ
အောင် :မကြာသေးပါဘူး
သူ့ ကတော့အမြဲလိုလို ကျွန်မနဲ့ ချိန်းတိုင်းသူ့ ကစောရောက်မြဲပဲလေ။
မြူ :ဒို့ တတွေလမ်းခွဲရအောင်(သူကမယုံတော့အကြည့်နှင့်)
အောင်: ဘာ..........ချစ်.........ချစ်ရူးနေလာ
မြူ:ဟုတ်တယ်.........ချစ်ရူးနေတယ်
အောင်:ချစ်...ကိုယ့်ကိုယ်သနားအုံးလေ
ကိုယ့်ချစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာသိရက်နဲ့ 
ချစ်ဒီလိုမလုပ်ရဘူး
ချစ်
မြူ:sorry ပဲ..ကို.........
ချစ်ကိုသွားခွင့်ပြုပါ
အောင်:ချစ်........အဲလိုမနေပါနဲ့ ကိုယ့်ကိုတစ်ခုခုပြန်ပြောအုံး
ချစ်ကိုယ်အဲလိုသွားခွင့်မပြုနိုင်ဘူး
ချစ်ကိုယ်မေးမယ်.......ကိုယ့်ကိုဟောချစ်ခဲ့လာကျွန်မမှာပြန်ဖြေဖို့ အဖြေမရှိတော့။
သူ့ ကိုလည်းချစ်ခဲ့ တယ်လို့ ထင်သာပါပဲ။ကိုယ့်ကိုယ်ကိုမသေချာမှုနဲ့ သူ့ နဲ့ တွဲခဲ့ တယ်။
တချိန်ချိန်ကျရင်သူ့ ရဲ့ အချစ်ကြောင့်သူ့ ကိုပြန်ချစ်နိုင်မှာပါလို့ ထင်ခဲ့ပေမယ့်................
အထင်နဲ့ လက်တွေ့ ကတကယ်မိုးနဲ့ မြေလို ပါပဲဆက်စပ်လို့ တောင်မရပါဘူး။သူ့ ဟာကိုယ့်ပေါ်မှာ
လိုလေသေးမရှိအရာအားလုံးကိုဖြည့်ဆည်းပေးခဲ့သူကိုယ်လိုချင်တဲ့အရာကိုဖြည့်ပေးဖို့ အမြဲကြိုးစား
နေတဲ့သူဘယ်အရာကိုမဆိုသူ့ အလိုကိုလုပ်ခဲ့သူမဟုတ်သူ့ ကိုလမ်းသာခွဲရတာမုန်းလို့ လာဆိုတော့
လည်းမမုန်းပါ။ချစ်ခဲ့လာဆိုတော့လည်းမသေချာပါ။သူနဲ့ သွားတဲ့ အချိန်တိုင်းဟောကိုယ့်ပျော်ခဲ့ရက
်လာသူ့ ကိုအားနာလို့ လိုက်သွားဖြစ်ခဲ့တာများတယ်ကိုယ့်အချစ်ကိုမရှာနဲ့ သူ့ အချစ်ကိုရှာရင်
ပိုကောင်းတယ်လို့ေ၇ှးလူကြီးတွေကပြောကြပေမယ့်တကယ်တမ်းလက်တွေ့ မှာတော့မလွယ်ကူပါ
ဘူးကိုယ့်တကယ်မချစ်တဲ့သူနဲ့ ယှဉ်တွဲသွားဖို့ ဆိုတာတော်တော်စွန့် စားရတဲ့ကိစ္စာပါပဲ။
ချိန်းတွေ့ သွားဖို့ ဆိုဝေးရောပေါ့။ကျွန်မကသူနဲ့ ချစ်သူသက်တမ်းတစ်လျှောက်မှာ
သူစိတ်ချသာအောင်ဘာမှလုပ်ခဲ့တာမရှိသလိုသူ့ အလိုကိုလည်းလိုက်ခဲ့တာမရှိဘူး
အဲဒါလည်းသူကခင်တွယ်နေတယ်လေမှတ်မိသေးတယ်သူ့ ရဲ့ အချစ်ကိုလက်ခံတဲ့ညလေး
မှာပေါ့ကိုယ့်ရှေ့ မှာတောင်သူ ကမျက်ရည်ကျပြန်ခဲ့တယ်သူ့ ကိုအဲဒီချိန်တော်တော်သနားသွားခဲ့
ဖူးတယ်ကိုယ့်ဘက်ကသစ္စာအရင်စဖောက်သလို့ ဖြစ်မှာစိုးလို့ ကြိုးစားပြီးချစ်ဖို့ 
ဆုံးဖြတ်ခဲ့ပေမယ့်နှလုံးသားကလက်မခံဘူးဖြစ်နေတယ်။နာမည်ဆိုးရတာထက
်ကိုယ့်နှလုံးသားရဲ့ တောင်းဆိုချက်ကိုပိုပြီးအလေးအနက်ထားခဲ့မိတယ်။ကျွန်မတသက်လုံး
နောင်တမရချင်ဘူးအခုကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုဘ ယ်နည်းနဲ့ မှကျွန်မပြင်မှာမဟုတ်ဘူး
အရာတစ်ခုကိုတစ်ခေါက်မှားတာကကိုယ့်အပြစ်မဟုတ်ဘူးလို့ ပြောလို့ ရပေမယ့်
ဒုတိယတစ်ခေါက်မှားရင်တော့ကိုယ့်ရဲ့ အပြစ်ပဲလေကျွန်မနောက်ထပ်အမှားတွေ ကို
ထပ်မလုပ်ချင်တော့ဘူးကျွန်မသူ့ ကိုလမ်းခွဲလိုက်ရင်သူ့ အသိုင်းအ၀န်းကလူတွေနဲ့ 
မုန်းခံရမယ်။ကျောင်းကသူငယ်ချင်းတွေနဲ့ဝေးရမယ်
ဆုံးရှူံးမှုတွေများစွာရမယ်ဆိုတာသိနေပေမယ့်
ကျွန်မသတ္တိရှိရှိနဲ့ ဆုံးဖြတ်ရက်ခဲ့တယ်လေ
အောင်: ချစ်ကိုယ်တောင်းပန်ပါတယ်....ကိုယ့်ကိုယ်အခုလိုမထားခဲ့ပါနဲ့ နော်
ချစ်မကြိုက်တာကိုယ့်ကိုပြောပါကိုယ်ပြင်ပါမယ်.......
သူ ကျွန်မကိုဘယ်လိုပဲပြောနေခဲ့ပါစေကျွန်မကတော့
နှုတ်ဆိတ်မြဲပဲလေ..........
အောင်: ချစ်.........................
(သူကျွန်မကိုသိုင်းဖက်ပြီး)
ချစ်...........ကိုယ်တောင်းပန်ပါတယ်ကွာ..................
ချစ်အတွက်ကိုယ့်ရဲ့ အကျင့်ဆိုးတွေအားလုံးကိုဖျောက်ခဲ့တာပဲ
ချစ်ကျမ်းစာဖတ်ဆိုလို့ လည်းစာဖတ်ဝါသနာမပါတဲ့ကိုယ်က
ကြိုးစားဖတ်ခဲ့တာပဲ
အရာရာကိုအလေးအနက်ထားစဉ်းစားမှကြိုက်တယ်ပြောလို့ 
အရာရာကိုအလေးအနက်ထားနိုင်အောင်ကြိုးစားခဲ့တာပဲ
ချစ်ကအဆောင်မှာလာမလည်နဲ့ဆိုလို့ 
ကိုယ်........ချစ်ကိုတွေ့ ချင်ခဲ့ပေမယ့်အောင့်အီးပြီးတော့နေခဲ့တာပဲ
ချစ်.........ချစ်ကကိုယ်နဲ့ ရည်းစားဖြစ်တာသူငယ်ချင်းတွေကို
လျှောက်မပြောရဘူးဆိုလို့ ကိုယ်တောင်ကိုယ့်သူငယ်ချင်းတွေကို
ပြောခဲ့တာမဟုတ်ဘူး
ချစ်........ချစ်ကိုယ့်အပေါ်သဘောမကျတာရှိရင်ပြောပါ
ကိုယ်ပြောင်းလဲပါမယ်...လမ်းခွဲမဲ့စကားကိုတော့မပြောပါနဲ့ နော်
ကိုယ်တောင်းပန်ပါတယ်
(သူ့ လက်ကိုရုန်း၍)
မြူ:ကို......sorry ပါပဲ
ကျေးဇူးပြုပြီးကျွန်မကိုသွားခွင့်ပြုပါ
ကျွန်မကိုဘယ်တော့မှခွင့်မလွှတ်ပါနဲ့ 
ကိုယ်ဟာကျွန်မအပေါ်မှာလိုလေးသေးမရှိချစ်သူပီသခဲ့သူပါ
ကျွန်မဟာကို့ ရဲ့ အချစ်နဲ့ မထိုက်တန်တဲ့သူပါကျွန်မယုံကြည်ပါတယ်
ကျွန်မထက်ကို့ ကိုချစ်နိုင်မဲ့မိန်းခလေးနဲ့ တွေ့ မှာပါ
အောင်: ချစ်မလိုချင်ဘူး.............ချစ်ထက်ချစ်နိုင်မဲ့သူလည်းမလိုချင်ဘူး
ချစ်ကိုပဲလိုချင်တယ်..............
ချစ်ကိုယ့်ကိုအဲလိုချော့ပြီးမထားခဲ့ပါနဲ့ နော်
(ကလေးတစ်ယောက်လို ငိုကြွေးနေသောသူ့ ကိုကြည့်ရင်းနဲ့ )
ကျွန်မသူ့ အဖြစ်ကိုမကြည့်ရက်နိုင်ဘူးလေ
မြူ:ကို.........ကျွန်မကိုမေ့လိုက်ပါနော်
ဟုပြောပြီးထွက်လာခဲ့မိတယ်
သူဘယ်လိုနေခဲ့မယ်၊သူဘယ်လိုဖြစ်နေခဲ့မယ်ဆိုတာမတွေးချင်တော့
သူ..........တကယ်ကိုယ့်အပေါ်ကောင်းခဲ့သူ။
အပိုင်း(4)
ဒီကနေ့ ကျောင်းသွားဖို့ တောင်ခြေလှမ်းများကနိဂုံးထက်လေးလံနေမိသည်။
သူနဲ့ လမ်းခွဲတဲ့ကိစ္စာကိုကျောင်ကသူငယ်ချင်းများကပြောတော့မည်သေချာသည်။
ကိုယ့်ကိုအပြစ်တင်ကြမည်မှာဗေဒင်ဟောစရာမလိုမှန်းသူ သိနေတယ်လေ။အခန်းထဲအ၀င်
မြူ...............လာခဲ့အုံး
နင်တကယ်ပဲဇော်အောင်ကိုလမ်းခွဲစကားအရင်ပြောတာဆို
အင်း...........ဟုသာခေါင်းညိတ်မိသည်။ကျွန်မအားလုံးကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့ပြီလေ
မြူ.........နင်အခုတလောဘာဖြစ်နေသလဲ
သူနင့်အပေါ်ဒီလောက်ကောင်းတာ............
ကျွန်မဘာမှမပြောပဲသူတို့ ရဲ့ စကားကိုနားထောင်နေမိတယ်။
မြူ နင့်ကိုငါ့တို့ နားမလည်နိုင်တော့ဘူး
ဇော်အောင်ဘယ်လောက်ထိသနားစရာကောင်းလဲဆိုတာနင်သိလာ
သူမသောက်တော့တဲ့ဘီယာကိုသောက်ပြီးတစ်ညလုံးရင်ဖွင့်နေတာတဲ့။
နင်သူ့ ကိုအဲလိုဖြတ်ဖို့မကောင်းဘူး
နင်ဘာလို့ သူ့ ကိုလမ်းခွဲခဲ့သလဲ
သူနင့်ကိုဘာလုပ်ခဲ့လို့ လဲဟာ
နင်ကွာ..................
အားလုံးသူ့ ဘက်ကခံပြင်းနေကြမှန်းကျွန်မသိတယ်လေ။
ကျွန်မဘာမှမဖြေရှင်းချင်တော့ကြောင့်အေးအေးဆေးဆေးပဲနေလိုက်ပါတော့သည်။
ဘာပဲဖြစ်ဖြစ်ကျွန်မအကြောင်းကျွန်မပဲသိတယ်လေ။
သူငယ်ချင်းအများစုကသူနဲ့ ကျွန်မကိုအရမ်းသဘောတူလို့ သူတို့ ကိုယ်တိုင်
ဆက်ပေးခဲ့ကြတယ်လေ။ကျောင်းပြီးရင်လည်းသူနဲ့ ကျွန်မဟာလက်ထပ်ကြမယ်
ဆိုတာသူတို့ ကယုံကြည်နေခဲ့တယ်လေ။
သူ့ ကလည်းသူငယ်ချင်းတွေအဲလိုထင်အောင်ကိုကျွန်မအပေါ်ချစ်ပြ၊ယုယပြခဲ့တာကို။
အခုသူ နဲ့ လမ်းခွဲတဲ့အတွက်သူငယ်ချင်းအများစုကကျွန်မကိုစကားလာမပြော
ကြတော့ဘူးလေ။
ဒါတွေကိုကြိုတွေးပြီးဆုံးဖြတ်ခဲ့တဲ့အတွက်အပေါင်းအသင်းကို
ခုံမင်တဲ့ကျွန်မခံနိုင်ရည်ရှိခဲ့ပါတယ်
ကျွန်မလည်းကျောင်းကိုTutorialရှိတဲ့အချိန်လောက်ပဲရောက်ဖြစ်တော့
သူငယ်ချင်းတွေနဲ့ လည်းဝေးသထက်ဝေးသွားခဲ့တယ်လေ။
အရာအားလုံးဟာကျွန်မရဲ့ ဆုံးဖြတ်ချက်ရဲ့ ရလဒ်ပဲလေ။
ကျွန်မအဲဒီအတွက်ဘယ်တော့မှနောင်တရမှာမဟုတ်တာတော့သေချာပါတယ်လေ။
အပိုင်း(5)
့sanli: hi nyimalay
honey: hi par
sanli: တို့ တတွေမဆုံဖြစ်တာကြာပြီနော်
honey:အင်း
sanli:ညီမလေးအိမ်လာမလည်တော့ဘူးလာ
honey:ရှင်(ကျွန်မတကယ်အံသြသွားမိတယ်)
sanli:အံသြသွားလာ
အစ်ကိုလေ..........အစ်ကိုလတ်ပါ...........
honey: ရှင်
sanli:ကိုယ်ကမိုးရဲ့ အစ်ကိုပါ
ညီမလေးဘာဖြစ်သွားလဲ
အစ်ကို့ ကိုစကားပြောအုံးလေ
honey: နင်တကယ်ပဲမိုးရဲ့ အစ်ကိုလတ်လာ
sanli: အင်း...........ဟုတ်တယ်ညီမလေး
ညီမလေးကိုအဲချိန်ကတည်းကဖွင့်ပြောမလို့ ပဲ
သူ ဘယ်လောက်ထိများနေနိုင်တဲ့သူပါလဲ၊သူ့ ကိုမျှော်နေခဲ့ရတယ်
သူ့ ကိုလွှမ်းနေခဲ့ရတယ်။သူ့ ကို.................သူ့ ကို
sanli: sorry နော်ညီမလေး
honey: ဒါဆိုအစကတည်းကညီမကိုသိနေခဲ့မှာပေါ့
sanli: ဟုတ်တယ်
honey: ဘာကြောင့်ဖွင့်မပြောခဲ့တာလဲ
sanli: ရင်ခုန်လို့ နေမှာပါ
honey: ဘာကိုတုန်း
sanli: ညီမလေးကိုလေ
honey: မဟုတ်တာ
sanli: တကယ်..........ညီမလေးကိုယ့်အိမ်ကိုလာလည်တုန်းက
ကိုယ်အရမ်းပျော်ခဲ့တာ၊ဒါတွေကိုတော့ညီမလေးကဘယ်သိမလဲနော်
့honey: ဟာသပြောနေတာလာ
sanli: ဘယ်ကလာဟုတ်ရမတုန်
ဟာသမဟုတ်ပါဘူး.....ရင်တွင်းဖြစ်ပါ
အကြွင်းမဲ့ယုံလိုက်ပါညီမလေးရေ
honey: ha.............ha............
u are sweet teller
sanli: no .i am not.
ညီမလေးလာလည်တဲ့ရက်ညီမလေးကိုပဲအစ်ကိုစိုက်ကြည့်နေခဲ့တာ
ညီမလေးကအရမ်းချစ်စရာကောင်းတာကို
honey: most of my friends say like that
sanli: right,u are really lovely.
honey: ချစ်စရာကောင်းလို့ သာတော်သေးတယ်၊အခုချိန်ထိ
မစွံသေးတာ
sanli: မစွံတာကောင်းတာပေါ့
honey: မကောင်းပါဘူး။အမြဲတမ်းအဆောင်စောင့်ပဲလုပ်ရတယ်
အဆောင်ကအစ်မတွေကသူ့ ဘဲနဲ့ သူတို့ ထွက်သွားကြတော့ကိုယ့်ကပဲ
heartကောကြီးအဆောင်စောင့်ခဲ့ရတယ်
sanli: ဟုတ်လာ
honey: အင်း
sanli: ha...ha...
မကြောက်နဲ့ ညီမလေးအစ်ကိုတစ်ယောက်လုံးရှိတယ်
ညီမလေးအတွက်အစ်ကိုကျန်သေးတယ်
honey: လျှောက်ပြောပြီ
sanli: တကယ်ပြောတာပါကွယ်
့honey: အစ်ကိုအကြောင်းပြောပြ
ဘာကြောင့်onlineပေါ်ကနေအကြာကြီးပျောက်သွားရတာလဲ
sanli:မပျောက်ပါဘူးကွယ်
ညသန်းခေါင်လောက်မှသုံးဖြစ်လို့ ပါ
ပြီးတော့နေ့ လည်ဆိုသင်တန်းတက်ရတာနဲ့ မသုံးဖြစ်ဘူး
မိုးမပြောပြဘူးလာအစ်ကို့အကြောင်းကိုလေ
honey: နည်းနည်းတော့ပြောပြပါတယ်။
အစ်ကိုလတ်ကစင်ကာပူမှာတစ်နှစ်လောက်အလုပ်ကိစ္စနဲ့ 
သွားပြီးပြန်လာတဲ့အကြောင်းပေါ့.........နည်းနည်းဆိုလို့ 
နည်းနည်းပါ။
sanli: ha..........ha........
နောက်ထပ်ဘာသိချင်သေးလဲညီမလေး
honey: inn...........အစ်ကိုရဲ့ အဆက်ဟောင်းအကြောင်း
sanli: ha.......အဆင့်ကျော်ကုန်ပြီလေ
ရည်းစားရှိခဲ့လာလို့ မမေးပဲအဆက်ဟောင်းအကြောင်းဆိုတော့။
honey: သိနေတယ်လေ။အစ်ကိုလတ်တို့ အသက်အရွယ်နဲ့ ဆိုရည်းစား
တော့မရေတွက်နိုင်လောက်အောင်များမှာပေါ့
ဟုတ်တယ်ဟုတ်။
sanli: မများပါဘူးညီမလေးရေ
အစ်ကိုကအဲလောက်မစွမ်းပါဘူး
honey: အဆက်ဟောင်းအကြောင်းပြောပြမယ်မဟုတ်လာ
ဂတိပေးပါတယ်ကွယ်။ဘယ်သူ့ ကိုမှမပြောပြဘူးလို့ 
promise par/
sanli: တကယ်နော်။ဘယ်သူ့ မှမပြောပြရဘူးနော်
အစ်ကိုမှာကလေချစ်တတ်တဲ့နှလုံးသားမရှိတော့သလိုပါပဲ
honey: why
sanli: ဆယ်တန်းတုန်းကအစ်ကိုအရမ်းမြတ်နိုးရတဲ့ကောင်မလေး
တစ်ယောက်ရှိခဲ့ဖူးတယ်
honey: umm........go ahead
sanli: ဒါပေမယ့်တစ်ဖက်သတ်ပါ
အခုတော့သူ ကလက်ထပ်တော့မယ်
honey: ဟာ..ဘယ်လိုကြီးလဲ
အစ်ကိုလတ်အရမ်းခံစားရမှာပေါ့
sanli: ဒီလိုပါပဲ....အစ်ကိုမှသူ့ ကိုဘာမှမပြောခဲ့တာ
အဲဒါကြောင့်လဲပါတယ်
honey: အစ်ကိုအပေါ်မှာသူဘယ်လိုသဘောထားလဲ
sanli: မသိဘူး
honey: တစ်ဖက်သတ်အချစ်ဆိုတော့စာနာပါတယ်
sanli: inn.............ဇာတ်လမ်းကတော့ဒါပါပဲ
ဒါနဲ့ ဒီတစ်ခေါက်တော့ညီမလေးအလှည့်
honey; ညီမလေးမှာဘာမှပြောစရာဇာတ်လမ်းမှမရှိတာ
sanli: ရှိမှာပါ........ဒီအသက်အရွယ်ရောက်လာမှာတော့
honey: မရှိပါဘူးဆို
sanli: ရင်ထဲမှာတိတ်တဆိတ်ချစ်နေရတာဟော
honey: ဟင့်အင်း
sanli: တကယ်လာ
honey: စတာပါ၊ရှိတယ်
sanli: ဘယ်သူလဲ
ဘယ်ကလဲ၊
ဘာလုပ်လဲ
honey: အမလေးများလိုက်တဲ့မေးခွန်းတွေ
ဘယ်သူ့ ကိုမှမပြောပြရဘူးနော်
sanli: အင်းပါ
honey: သူ့ က အစ်ကိုလတ်ပဲလေ
sanli: ဟ.........
honey; တကယ်ပြောတာ
sanli: ဒါဆိုကိုယ်အရမ်းပျော်သွားပြီ
အဲဒီစကားကိုအစ်ကိုတသက်လုံးစွဲနေတော့မှာပဲ
honey: ha........ha....
အရမ်းဟာသပြောတတ်တယ်
sanli: တကယ်၊ကိုယ့်ကိုအစွဲအလမ်းကြီးတယ်
ပြောရင်လည်းတစ်သက်လုံးစွဲနေတတ်တယ်
honey: ha........ha......
really u are sweet teller.
sanli: အင်း
ကိုယ့်ကအစတော့အရမ်းစိတ်ပူသွားတာပဲ
အခုမှနေလို့ ထိုင်လို့ ကောင်းသွားတယ်
honey: ဟုတ်လို့ လာ
sanli: တကယ်ပါညီမလေးရေ
ညီမလေးနဲ့ ချက်ရတာအရမ်းပျော်တာပဲ
honey: inn par
sanli: ညီမလေးရေအစ်ကိုအလုပ်ရှိသေးလို့ 
သွားလိုက်အုံးမယ်
honey; အင်း
take care of your self.
sanli: thank cu
honey: cu
sign out ဖြစ်သွားတဲ့သူ့ account ကိုကြည့်ရင်းအပျော်တွေ စို့ နေမိတယ်
ဘုရားသခင်ကိုလည်းအရမ်းကျေးဇူးတင်မိတယ်
သူ နဲ့ သာချစ်သူဖြစ်ခဲ့ရရင်...................
ဆိုတဲ့အတွေးကကျွန်မရဲ့ အတွေးတစ်ခုလုံးကိုစိုးမိုးနေခဲ့ပြီလေ
သူ့ ကိုရင်ထဲကနေနာမည်အသစ်ပေးလိုက်တယ်လေ...စိုးမိုးသူလို့ ။
အပိုင်း(6)
သူနဲ့ သာဆိုရင်အရာရာကိုရင်ဆိုင်ဖို့ သတ္တိကအလိုလိုရှိနေသလိုပဲ
သူ ရုပ်ချောလို့ လာ
ဒါမှမဟုတ် သူအသံချိုချိုနဲ့ သီချင်းဆိုတတ်လို့လာ
ဒါမှမဟုတ်သူ့ ရဲ့  .......သူ့ ရဲ့ ဘာကြောင့်မှန်းမသိပါ
ဒါကြောင့်ဇော်အောင်ကိုလမ်းခွဲဖို့ သူ ဆုံးဖြတ်ရဲခဲ့တာပေါ့
ကျွန်မထင်ပါတယ်..........တကယ်ကျွန်မနှစ်နှစ်ကာကာချစ်ရမဲ့သူကို
တွေ့ ပြီလို့ လေ၊
ကျွန်မ....အစ်ကိုလတ်နဲ့ နီးစပ်ဖို့ ကျွန်မကြိုးစားနေမိတယ်
ကျောင်းကလည်းရန်ကုန်ကိုပြောင်းဖို့ အားလုံးလုပ်ပြီးသွားပြီ
သူငယ်ချင်းတွေကိုတော့အင်္ဂစာတွေလေ့လာချင်လို့ လို့ ပြောထားတာပဲ
လူတစ်ယောက်ကိုချစ်မိပြီဆိုရင်ကိုယ့်ဘက်ကအရာရာရှုံးနှိမ့်ပြီးတာဆို
အစ်ကိုလတ်နဲ့ တွေ့ မှသိခဲ့ရပါတော့တယ်။
အပိုင်း(7)
သူနဲ့ ကျွန်မကဒုတိယအကြိမ်အပြင်မှာတွေ့ ဆုံခဲ့ပုံကတော့ရိုးရိုးလေးပါပဲကျွန်မကိုအရမ်းချစ်ပြခဲ့မယ်လို့ ထင်ခဲ့ပေမယ့်သူ ကပုံမှန်အတိုင်းပဲလေအခေါ်အဝေါ်ကလည်းညီမလေးဆိုတဲ့
အခေါ်ကိုလည်းမပြောင်းတဲ့အပြင်ချစ်တဲ့အကြောင်းလည်းဘာမှမပြောသလိုသူနဲ့ 
ယှဉ်တွဲထိုင်ရတိုင်းလဲကျောက်ရုပ်နဲ့ ထိုင်နေရသလိုပါပဲဒါပေမယ့်သူ ဘယ်လို ပဲဖြစ်နေပါ
စေကျွန်မခွင့်လွှတ်နိုင်နေတာကိုကျွန်မကိုကျွန်မအံသြနေရတယ်အရင်ကဇော်အောင်နဲ့ တော့
တခြားဆီပဲလေသူ့ ကတော့ကျွန်မအလိုကိုလိုက်ဖို့ ဆိုအမြဲအဆင်သင့်ပဲလေ
အစ်ကိုလတ်ကတော့.........ပုံမှန်ပဲဘာမှကိုယ့်နဲ့ ပတ်သက်ပြီးတော့လည်းသ၀န်တိုပုံမရဘူး
တစ်ခါတစ်ခါအ၀တ်အစားဆိုရင်လည်းသူလိုချင်တဲ့စတိုင်ဝတ်မှသူကျေနပ်တတ်တယ်လေ
ညီမလေးကလည်းကွာအစ်ကိုကောင်မလေးကပုံစံကတုံးတုံးဆိုသူများတွေ
ဘယ်လိုမြင်မှာတုန်နောက်ဆိုအလှလည်းပြင်ခဲ့ပါနော်ကျွန်မပြင်သွားရင်လည်း...........
ဟာ...ရှားပါး......ဒါမှအစ်ကိုရဲ့ ညီမလေးကွာဆိုပြီးချီးကျူးတတ်တယ်လေ.........
ကိုယ့်ကတော့သူ့ အကြိုက်ကိုဘယ်လိုပဲလိုက်ဆောင်ရပါစေ
ပင်ပန်းနေပါစေသူ့ ရဲ့ စကားတစ်ခွန်းထဲနဲ့ တင်ပင်ပန်းရကျိုးနပ်သလိုပါပဲ
ချိန်းထားတဲ့ရက်တွေဆိုသူဘက်ကပျက်ကွက်တာများပေမယ့်
ကိုယ့်ကသူ့ အပေါ်စိတ်ဆိုးဖို့ နေနေသာသာ
သူ အလုပ်မအားလို့ ပဲနေမှာဆိုပြီးသူ့ အတွက်အမြဲတွေးပေးနေမိတယ်
သူ့ ကျွန်မကိုထားခဲ့ရင်တော့ကျွန်မရူးမယ်ထင်တယ်
သူ့ အတွက်ဆိုအမြဲအဆင်သင့်ဖြစ်နေတယ်လေ
သူ့ အတွက်ပေးဆပ်ရရင်ကျွန်မအမြဲပျော်နေတတ်တယ်လေ
ညီမလေးရေ........ညီမလေးကိုသူငယ်ချင်းတစ်ယောက်ဆီကဓာတ်ပုံကို
တွေ့ ကတည်းကသူငယ်ချင်းဆီညီမလေးaccount ကိုရအောင်တောင်းပြီး
ညီမလေးနဲ့ နီးစပ်ဖို့ အစ်ကိုကြိုးစားခဲ့တာပါ
သူကတော့စကားအများကြီးကြွေအောင်မပြောတတ်ပေမယ့်သူပြောလာတဲ့
စကားကိုအမြဲကြည်နူးမိတယ်
love is blind.ဆိုတဲ့စကားပုံကကျွန်မလိုအချစ်ရူးလေးတွေရှိလို့ ပေါ်ခဲ့တာနေမှာ
ဆိုပြီးတွေးနေမိတယ်။
သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ ရင်သူ့ အကြောင်းပြောပြတိုင်း
နင်ဘက်ကပဲသိပ်လျော့ပေးတယ်လို့ မထင်ဘူးလာ
ငါတို့ ကတော့သူ ထက်ဇော်အောင်နဲ့ ပိုသဘောတူတယ်
ဆိုပြီးပြောတတ်တယ်လေ
နောက်ပိုင်းတော့သူတဖြည်းဖြည်းနဲ့သ၀န်တိုတတ်လာခဲ့တယ်။
သူတို့ တွေဘယ်လိုပဲပြောပြောကျွန်မကတော့ကျွန်မရွေးချယ်တဲ့လမ်းကို
အဆုံးထိလျှောက်ဖို့ ဆုံးဖြတ်ထားတယ်လေ
သူ့ နဲ့ ဘ၀ကိုလက်တွဲပြီးဘ၀လမ်းကြမ်းတွေကိုအတူတူရင်ဆိုင်ကြမယ်လို့ ပဲ
ထင်ထားခဲ့ပေမယ့်...................................ကိုယ်ရဲ့ အိပ်မက်ဟာ
တိမ်တွေလိုလွင့်စင်သွားခဲ့ရပြီလေ
တစ်ရက်ဒဂုန်စင်တာမှာ
သူနဲ့ ရွယ်တူကောင်မလေးနဲ့ ဖက်ပြီးဆိုင်တစ်ဆိုင်ရှေ့ မှာ..........ရပ်နေကြတယ်လေ
ခဏလေးအတွင်းမှာပဲကျွန်မအသက်မရှိတော့သလိုပါပဲ
အသက်ရှုဖို့ တောင်မေ့နေခဲ့ပြီလေ
ကျွန်မအရမ်းချစ်ရတဲ့ကျွန်မရဲ့ ချစ်သူ
ကျွန်မသေမလောက်မြတ်နိုးရတဲ့ကျွန်မရဲ့ ချစ်သူ
ကျွန်မရဲ့ အစ်ကိုလတ်စစ်စစ်မှာစစ်စစ်ပါ
သူ့ ရဲ့ ပုံရိပ်ကိုဘယ်ရှုထောင့်နဲ့ကြည့်ကြည့်
အလွတ်ရနေတယ်လေ...........
ကျွန်မဘာလုပ်ရမလဲ
သူ့ ကိုကျွန်မအရမ်းယုံကြည်ခဲ့တာလေ
သူလုပ်ရက်တယ်
ကျွန်မရဲ့ ပါးပြင်ထက်မှာအတားအဆီးမဲ့စွာစီးဆင်းလာတဲ့မျက်ရည်တွေ
ိကိုတောင်ဂရုမစိုက်နိုင်တော့
သူ့ နောက်လိုက်ဖို့ ကကျွန်မအတွက်ပိုပြီးအရေးကြီးနေတယ်လေ
အရမ်းပျော်နေတဲ့သူ့ မျက်နှာပေါ်ကအပြုံး
သူသိုင်းဖက်ထားတဲ့ကောင်မလေးကိုတယုတယနဲ့ ကြင်နာနေတယ်လေ
ဆောက်တည်ရာမဲ့ဖြစ်သွားတဲ့နှလုံးသားရဲ့ အိပ်မက်တွေ...................
သူ ဟာကိုယ့်ရဲ့ မျှော်လင့်ချက်လေ
သူမရှိရင်ငါဘယ်လိုနေရမလဲ.........
အိမ်ပြန်ခြေလှမ်းတွေကနှေးသထက်နှေးကွေးနေပြီလေ
.................................................................
ကိုယ့်ကိုယ်တိုင်အဲဒီမြင်ကွင်းကိုမြင်ခဲ့ရပေမယ့်
အရူးတစ်ယောက်လိုအိမ်မက်ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်
ညီမလေး.................ဘာတွေတွေးနေသလဲ
အစ်ကိုတစ်ယောက်လုံးလာတာတောင်မမြင်ပဲနဲ့ 
ကျွန်မဝေ့ကြည့်မိတော့သူဟာအရင်အတိုင်းပဲ
ငါ့ညီမလေးကိုကြည့်ရတာအရမ်းပင်ပန်းနေတဲ့ပုံပဲ
ဘယ်သွားတာတုန်.....................
သူ ကတော့အားတက်သရော်ပြောနေပေမယ့်
သူ့ ကိုပြန်ပြောဖို့ အားမရှိတော့။
သူကကျွန်မကိုတယုတယသိုင်းဖက်ပြီး
လာအစ်ကိုညီမလေးကိုအိမ်ပြန်လိုက်ပို့ မယ်
သူဆွဲရာပါသွားခဲ့တယ်၊
ကျွန်မဟာသူ့ အတွက်ဘာလဲ။
ဒီရက်ညီမလေးပုံကြည့်ရတာပင်ပန်းနေတဲ့ပုံပဲနောက်မှ
အစ်ကိုလာတော့မယ်နော်
ကျန်းမာရေးဂရုစိုက်အုံးနော်
အစ်ကိုပြန်ပြီနော်
သူဟာသူပြောပြီးပြန်သွားတဲ့သူ့ ရဲ့ နောက်ကျောကိုငေးရင်း
သူဘာဖြစ်လို့ ဟန်ဆောင်နေရတာလဲ
သူဘာဖြစ်လို့ .............
ဘာမှမတွေးချင်တော့ပါ၊အိမ်ပြန်ရောက်တာနဲ့အိပ်ဆေးသောက်ပြီး
အိပ်လိုက်တော့သည်။
...................................................................................................................
ကျွန်မဒီနှစ်ကျောင်းပြီးရင်Master ကိုစင်ကာပူမှာတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အရင်ကတည်းကမိဘတွေကစင်ကာပူမှာတက်စေချင်ခဲ့သော်လည်းကျွန်မ
အစ်ကိုလတ်ကိုမခွဲနိုင်တော့ကြောင့်ငြင်းခဲ့တယ်လေ။ကျွန်မရဲ့ ပြောင်းလဲသွားတဲ့အဖြေကြောင့်
ကျွန်မမိဘတွေတောင်အံသြတယ်လေ။
သူ့ ကိုကျွန်မကျောင်းတက်မဲ့ကိစ္စကိုဘယ်တော့မှပြောမှာမဟုတ်ပါ၊
သူလမ်းခွဲစကားမဆိုမည်ကျွန်မသူ့ နားကနေထွက်သွားချင်မိတယ်လေ။
ကျွန်မ........ဘ၀မှာသူလမ်းခွဲစကားဆိုလာမှာအရမ်းကြောက်နေမိတယ်လေ၊
ကျွန်မကိုသူရဲဘောကြောင်တယ်ပဲပြောပြောကျွန်မခံနိုင်ပါတယ်။
သူနဲ့ အဝေးဆုံးကိုထွက်ပြေးဖို့ ......................ကျွန်မဆုံးဖြတ်လိုက်ပြီလေ၊
သူ ကတော့ပုံမှန်အတိုင်းလာချင်တဲ့အချိန်လာတယ်။အရင်ကထက်လာတာကျဲသွား
ခဲ့ပေမယ့်ကျွန်မဘက်ကမသိသလိုပဲနေလိုက်တော့တယ်လေ၊
သူစိတ်ချမ်းသာဖို့ ကကျွန်မအတွက်အဓိကကျတယ်လေ။
.......................................................................................
အစ်ကိုလတ်........ကျွန်မမနက်ဖြန်ဆိုစာမေးပွဲပြီးမှာဆိုတော့သွားလည်ရအောင်လေ
အင်း..............နေ့ တ၀က်လောက်အစ်ကိုခွင့်ယူလိုက်မယ်။
အရင်ကဆိုသူကျွန်မအတွက်ခွင့်ယူမယ်ပြောရင်အမြဲတမ်းတားခဲ့တယ်လေ။
ဒီတစ်ခေါက်တော့သူနဲ့ တွေ့ ဆုံခြင်းဟာနောက်ဆုံးဖြစ်မယ်ဆိုတော့.........
သူ့ ကိုမတားတော့။
ဒါဆိုဆုံနေကျမှတ်တိုင်မှာပဲဆုံမယ်နော်..........
အင်း.............ဒါဆိုဖုန်းချပြီနော်................
စာမေးပွဲကောင်းကောင်းဖြေနော်၊အစ်ကိုဆုတောင်းပေးနေတယ်။
ဟုတ်ကဲ့........ဒါပဲနော်။
ဟုပြောပြီးဖုန်းချလိုက်တော့သည်။
မနက်ဖြန်သူနှင့်တွေ့ ဆုံပြီးမေးရမဲ့စကားတွေကိုရင်ထဲမှာစီနေမိသည်၊
မနက်ဖြန်................ရောက်လာတော့မည့်မနက်ဖြန်..............။
ရောက်လည်းရောက်စေချင်သလို၊ရောက်လည်းမရောက်စေချင်ပါ။.........
ဒါပေမဲ့ကျွန်မမလွှဲသာရင်ဆိုင်ရမဲ့မနက်ဖြန်ဖြစ်နေတယ်လေ။
......................................................................................
အပိုင်း(8)
အလှပဆုံးပြင်ပြီးသူအကြိုက်ဆုံးဖြစ်တဲ့ဝတ်စုံလေးဝတ်ပြီးမှတ်တိုင်သို့ ထွက်လာခဲ့
ပါသည်။
ညီမလေးကလေအသားဖွေးတော့အပန်းနုရောင်လေးဝတ်ရင်အရမ်းလှတာ........
သူပြောခဲ့တဲ့စကားလေး။
ညီမလေးကအလှပြင်ရင်အရမ်းလှတာ၊သိပ်အလှမပြင်နဲ့ ကွာသူများတွေညီမလေးကို
ကြိုက်နေအုံးမယ်.................
သူ့ရဲ့သ၀န်တိုတတ်တဲ့စကားသံလေးတွေ........မနက်ဖြန်ကနေစပြီးမကြားရတော့ဘူး
အခုကတည်းကဆောက်တည်ရာမဲ့ဖြစ်နေတဲ့နှလုံးသား....................
သူ့ ဘက်ကဘယ်ချိန်လမ်းခွဲစကားဆိုလာမလဲဆိုတာအမြဲစိုးထိတ်နေရတယ်လေ
ထိတ်....................ညီမလေး.................ဘာတွေတွေးနေ
ကျွန်မအလှပဆုံးအပြုံးနဲ့ ပြုံးလိုက်မိတယ်လေ..............
ငါ့ညီမလေးကလေလှနေလိုက်တာအရုပ်ကျနေတာပဲ
အဝေးကနေကြည့်ရင်နတ်သမီးကျနေတာပဲ.................
ကိုယ်တောင်မှညီမလေးကိုမမှတ်မိဘူး..................
ဘယ်ကနတ်သမီးလေးလဲပေါ့....................
လာ...........သွားကြမယ်........ဟုပြောကကျွန်မရဲ့လက်ကလေးကိုတွဲကာ
သူခေါ်ရာလိုက်သွားမိတယ်လေ။
taxiကိုငှါးပြီး တိုင်းရင်းသားကျေးရွာကိုမောင်းပေးပါ................
ညီမလေး.........တိုင်းရင်းသားကျေးရွာမှာစက်ဘီးအတူတူစီးချင်တယ်လို့ ပြောခဲ့တာ
အစ်ကိုမမေ့ဘူးလေ..............
သူရဲ့ အဲလိုအပြောလေးတွေကြောင့်သူ့ ရဲ့ အကြင်နာစက်ကွင်းကနေရုန်းထွက်ဖို့ ခက်ခဲနေတာပေါ့
ညီမလေးနဲ့ အတူစက်ဘီးစီးမယ်ပြီးတော့ကန်နားမှာအကြော်တွေထိုင်စားပြီးစကားတွေထိုင်ပြော
ကြမယ်။ဘယ်လောက်ပျော်စရာကောင်းမလဲ...........ဟုတ်တယ်မဟုတ်လာညီမလေး
သူ့ ဘက်လှည့်ကြည့်ပြီး.........အင်းလို့ ခေါင်းသာညိတ်မိတယ်။
ရောက်ပါပြီ......သားတို့ (taxi သမားပြောသံ)
ဟုတ်ကဲ့...............
လာညီမလေးဟုပြောကာကျွန်မရဲ့ လက်ကိုတယုတယတွဲပြီးတိုင်းရင်းသားကျေးရွာဝင်းတို့ 
ဝင်ခဲ့ကြတယ်လ။
စက်ဘီးငှါးပြီးနှစ်ယောက်သားပတ်စီးကြတယ်လေ။
ကန်နားရောက်မှအကြော်ဆိုင်ရဲ့ မြက်ခင်းပေါ်ထိုင်ပြီးစကားပြောကြတယ်လေ။
ခဏနော်........................
အစ်ကိုဟိုဘက်ခဏသွားလိုက်အုံးမယ်...................
ခဏအကြာ.............
သူကဂီတတစ်လက်နဲ့ ရောက်လာခဲ့တယ်လေ
ညီမလေးကိုအစ်ကိုသီချင်းတစ်ပုဒ်ဆိုပေးချင်လို့ ဟိုဘက်ကလူငယ်တွေဆီ
သွားတောင်းလာတယ်ဟုရယ်ရယ်ပြီးပြောတယ်လေ
နောက်ဆိုမတွေ့ ရတော့မဲ့အပြုံးလေး.........ကျွန်မကတော့မလွတ်တမ်းငေးကြည့်နေမိတယ်လေ
သူပျော်ရင်ကျွန်မပျော်တယ်
သူ့ ကိုဘယ်လိုနည်းနဲ့ မှစိတ်အညစ်မခံစေချင်ဘူး
သူပျော်အောင်ဘာပဲလုပ်ရလုပ်ရကျွန်မလုပ်မယ်
ဇော်ပိုင်သီချင်းဖြစ်တဲ့ မင်းအတွက်ဆိုရင်.................ဆိုတဲ့သီချင်းကို
ဆွေးဆွေးလေးသီဆိုနေတဲ့သူ့ ကိုကျွန်မဘယ်လိုမေ့နိုင်မှာလဲနော်
သူကျွန်မကိုမချစ်တော့ဘူးလို့ ထင်ရက်စရာမရှိဘူး
ခံစားချက်နဲ့ သီဆိုနေတဲ့သူ့ ကိုကျွန်မငေးကြည့်နေမိတယ်
သီချင်းသံဘယ်ချိန်ပြီးသွားမှန်းမသိလိုက်ပါ
ဟိတ်...........................ငါ့ညီမလေးငေးလာချည်လာ...........
ဘာလဲအစ်ကိုပိုချောလာလို့ လာ.......................
ကျွန်မအားရပါးရရယ်ပြီး...........
ဟုတ်တယ်..............
ညီမလေးအစ်ကိုကို့ စိတ်မချဖြစ်နေတာပေါ့
အင်း....................................ဟား...............ငါ့ညီမလေးကတော့
ဟုပြောကာတယုတခေါင်းပွတ်ပေးတယ်လေ။
လာ.............အစ်ကိုတို့ ဒီကနေပြန်ရင်ရုပ်ရှင်သွားကြည့်ကြမယ်။
ဟုပြောကာတိုင်းရင်းသားကျေးရွာကနေထွက်လာခဲ့တော့တယ်။
သမ္မတမှာပဲကြည့်ရအောင်နော်......................
အင်း...................................
ငါ့ညီမလေးကိုကြည့်နေတာအခုတလောအစ်ကိုကို့ စကားသိပ်မပြောသလိုပဲဘာတွေမကျေမနပ်ရှိနေလို့ လဲ
ပြောပါ.........ငါ့ညီမလေးလိမ်မာပါတယ်
ဟင့်အင်း...........ဘာမှမရှိပါဘူး
ရုပ်ရှင်ကားကိုစိတ်ဝင်တစားကြည့်နေတဲ့သူ့ ကိုကျွန်မရုပ်ရှင်ကားအစအဆုံးငေးကြည့်နေမိတယ်လေ။
တစ်ခါတစ်ခါသူ ပြန်ကြည့်လာပြီးကျွန်မကိုခေါင်းလေးပွတ်ပြီးရုပ်ရှင်ပြန်ကြည့်တယ်လေ
သူ့ ကရုပ်ရှင်အရမ်းကြိုက်တဲ့သူ။ရုပ်ရှင်ကားအသစ်တင်ပြီဆိုအဖော်ရှိရှိမရှိရှိသူကြည့်မြဲ။
သူ့ အကျင့်တွေသိနေတဲ့ကျွန်မကတော့သူ့ ကိုဘာမှပြောစရာမရှိ
အားလုံးကိုနားလည်နိုင်အောင်ကြိုးစားထားခဲ့တယ်လေ။
ရုပ်ရှင်ကားပြီးပြီTokyoမှာအအေးလာသောက်ကြတယ်လေ။
ညီမလေးအစ်ကိုကအခုတလောအလုပ်နည်းနည်းများတယ်
လချုပ်စာရင်းတွေလုပ်နေရတာဆိုတော့ဒီရက်လည်းNightအလုပ်ဆင်းဖို့ လုပ်ထားတယ်
နောက်အားရင်ညီမလေးကိုလူတစ်ယောက်နဲ့ မိတ်ဆက်ပေးအုံးမယ်။
သူကျွန်မကိုစိတ်ချမ်းသာစေချင်လို့ သူ့ အလုပ်ပျက်ပြီးကျွန်မနဲ့ အဖော်ပြုခဲ့တယ်လေ။
သူကျွန်မမဟုတ်ပဲဘာလို့ တခြားမိန်းခလေးနဲ့ တွဲလည်းဆိုတာကျွန်မနားမလည်နိုင်အောင်ပဲ
အစ်ကို့ ညီမလေးကလိမ္မာတော့အစ်ကိုကမုန့် ကျွေးရမယ်လို့ တွေးထားတာအခုမှအကောင်အထည်
ဖော်ဖြစ်တော့တယ်။ကျွန်မသူ့ ကိုပဲကြည့်ရင်းပြန်ပြုံးပြနေမိတယ်
ညီမလေးဘာလို့ အစ်ကို့ကိုခဏခဏကြည့်ပြီးပြုံးပြနေတာလဲ။
ညီမလေးသိပ်မပြုံးနဲ့ ဘေးကလူတွေညီမလေးအပြုံးကိုကြိုက်ကုန်အုံးမယ်
အစ်ကို့ ညီမလေးကအပြုံးအရမ်းစားတာလေ။
နောက်ဆို လူများရှေ့ မှာသိပ်မပြုံးပြရဖူးနော်
အင်းပါ.................အစ်ကို့ ကိုလက်ဆောင်ပေးစရာရှိတယ်
ကျွန်မရဲ့ လက်ဆောင်က(စာအုပ်တစ်အုပ)်ကိုကမ်းပေးလိုက်ပါတယ်။
အခုဖွင့်မယ်နော်
အခုမဖွင့်သေးနဲ့ အိမ်ရောက်မှာဖွင့်
ဟုတ်ပါပြီငါ့ညီမလေးသဘောပါ
........သူ့ အလုပ်အကြောင်းပြောပြပြီး.........ပြန်ခဲ့ကြတယ်
ညီမလေးကိုဒီရက်အစ်ကိုလိုက်မပို့ တော့ဘူးနော်အစ်ကိုအခုရုံးတန်းသွားမှာမို့ လို့ ပါ။
အင်း........................ငါ့ညီမလေးကလိမ်မာပါတယ်။taxiငှါးပေးရင်းသူကလက်ပြနှုတ်ဆက်ကျန်ခဲ့တယ်လေ။
ကျွန်မတစ်နေကုန်ထိန်းချုပ်ထားတဲ့ မျက်ရည်တွေအတားအဆီးမဲ့ဆင်းကြလာတော့တယ်
သူ့ ရဲ့ အကြည့်တွေ
သူ့ ရဲ့ အပြုံးတွေ
သူ့ ရဲ့ ဂ၇ုစိုက်မှုလေးတွေ
သူ့ ရဲ့ သ၀န်တိုတတ်မှုလေးတွေ
သူ့ ရဲ့ အပြောချိုလေးတွေ
သူ့ ရဲ့ သီချင်းသံလေးတွေ
တစ်ခုမှတစ်ခုမှမရနိုင်တော့ဘူး...................................
အဲဒီအရာနဲ့ အဝေးဆုံးကိုထွက်သွားတော့မယ်...................
မနက်ဖြန်ကိုးခွဲကွင်းချိန်းဆိုတာဟောသူသိပါမလာ............
သူ သိမှာပါ။ကျွန်မပေးလိုက်တဲ့စာထဲမှာရေးထားတာပဲသူသိမှာပါ။................................
..................................................................
အပိုင်း(9)
သူလာမှာပါ.............ဘယ်လိုအကြောင်းတွေပဲရှိရှိသူလာမှာပါ
9:00တောင်ထိုးနေပြီသူရောက်မလာသေး။
အမေသမီးသွားတော့မယ်.........
အင်း....................ငိုသံနဲ့ မေမေ့ကိုကြည့်ရင်။စိတ်မပူပါနဲ့ .........မေမေကလည်း
သမီးကအပြီးအပိုင်သွားနေမှာမှမဟုတ်တာ
...........ကျန်းမာရေးဂရုစိုက်နော်သမီး..................။
ဟုတ်ကဲ့ပါ.............မေမေကလည်းအန်တီလည်းရှိနေတာပဲ။ဘာမှစိတ်မပူပါနဲ့ ဟုတ်ပြီလာ......................
မေမေ...........သမီးသွားတော့မယ်။
မေမေကိုနှုတ်ဆက်ပြီးထွက်လာခဲ့တယ်လေ။ဘ၀ကိုအသစ်စဖို့ မလွယ်ကူပေမယ့်ကြိုးစားရမှာပဲ။
ကျွန်မဘ၀ဟာသူ ဖြစ်နေခဲ့ပေမယ့်အခုတော့သူမရှိတဲ့ ဘ၀ကိုကျွန်မရင်ဆိုင်ရတော့မယ်
သူ့ နဲ့ သာဘ၀ကိုဖြတ်သန်းချင်ခဲ့ပေမယ့်..........အရာရာဟာ.........တိမ်ဆိုင်ထဲမှာဝဲခဲ့ပြီလေ
သူ မရှိတဲ့ဘ၀..............................................
အပိုင်း(10)
မျိုးဆန်းလီ တစ်ယောက်အလုပ်ပြီးတာနဲ့ မြူရဲ့ လက်ဆောင်ကိုဖွင့်ကြည့် ဖို့ မေ့နေခဲ့သည်။
နောက်မနက်ရုံးတက်ချိန်မှသတိရသဖြင့်လက်ဆောင်ကိုဖွင့်ဖတ်ကြည့်တဲ့အခါအပန်းနုရောင်လေး
စာအုပ်.........ဖြစ်နေသည်။သူသိတယ်လေမြူလေးကသူ့ အကြိုက်ဆိုအရမ်းလိုက်ဆောင်တတ်မှန်း
သူအပန်းနုေ၇ာင်ကြိုက်လို့ လက်ဆောင်ပေးမဲ့စာအုပ်တောင်အပန်းနုဖျော့လေးရွေးပေးတာ
ဒါမြူရဲ့ အလိုက်သိမှုလေးတွေပေါ့။စာအုပ်ကိုဖွင့်ဖတ်ကြည့် လိုက်တော့မြူလေးရဲ့ ခံစားချက်တွေ
သူ့ ကြောင့်အရင်ကသူ့ ရဲ့ ရည်းစားနဲ့ လမ်းခွဲပြီးသူ့ အတွက်ပေးဆပ်ခဲ့တာတွေ
သူ့ သူငယ်ချင်းတွေနဲ့ ဝေးခဲ့ရတာတွေ
......................ဖတ်ရင်းဖတ်ရင်းနဲ့ ပင်.............အလယ်လောက်မှာ
အစ်ကိုလတ်အရမ်းရက်စက်တယ်။သူ ဘာလို့ ကောင်မလေးတစ်ယောက်နဲ့ 
လက်ချင်းချိတ်ပြီးသွားနေရတာလဲ
သူ.............ငါ့ဆီမလာတာအဲဒီကောင်မလေးကြောင့်လာ
သူ...............ပြောင်းလဲသွားပြီလာ
သူ............ဒီညလာသွားသေးတယ်
သူ့ ကိုကြည့် ရတာဘာမှဖြစ်ပုံမရဘူး
ငါတော့ရူးတော့မယ်
ငါရူးချင်တယ်..........အဝေးကိုထွက်ပြေးချင်တယ်
ငါသူ့ ကိုဘယ်လောက်ထိသံယောဇဉ်ရှိမှန်းသိသိနဲ့ သူရက်စက်တယ်။
သူ...........................ရက်စက်တယ်။
ငါသူ့ ကိုအရမ်းချစ်တယ်ကွာ။
.......................................................................................
သူသိလိုက်ပြီအဲဒီရက်စွဲနဲ့ ဆိုသူဖြိုးကိုလိုက်ပို့ တဲ့ရက်ဖြစ်ရမယ်။
ဖြိုးဆိုတာသူအရမ်းမြတ်နိုးခဲ့ဖူးတဲ့မိန်းခလေး။သူ့ ရဲ့ တစ်ဖက်သတ်ချစ်ခဲ့ရတဲ့မိန်းခလေး
ဖြိုးလက်ထပ်ခါနီးမှာအကြောင်းကြောင်းကြောင့်လက်ထပ်ပွဲဖျက်သိမ်းခဲ့ရ။
ဖြိုးကအမြဲတမ်းသူနဲ့ အတူလမ်းလျှောက်တိုင်းလက်ချင်းချိတ်တတ်မြဲ။
ငယ်ငယ်ကတည်းကချစ်ခဲ့ရတဲ့သူဖြစ်ခဲ့တော့အရင်ကလည်းဒီလိုပဲသွားလာခဲ့သလို
အခုလည်းဘာမှမပြောင်းလဲခဲ့ပါ။ဒါကိုမြူကအထင်လွှဲခဲ့တယ်လေ...............
မြူမဟုတ်လဲများတော့အားဖြင့်သူနဲ့ ဖြိုးကိုအထင်လွှဲတာများကြတယ်လေ
သူအနေနဲ့ လည်းဖြိုးကိုညီမတစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုပဲသဘောထား
တော့ကြောင့်ဘာမှဆင်ဆင်ခြေခြေနေခဲ့တာမရှိပါ။ဒါပေမယ့်အခုတော့
မြူလေးတစ်ယောက်သူ့ အပေါ်လွှဲခဲ့ပြီလေ
သူဘယ်လိုနေရမလဲ။မြူအထင်လွှဲလို့ မဖြစ်.................သူ ဖြေရှင်းမှဖြစ်မည်။
သူ လက်ချောင်းများသည်automatic ဖုန်းခွက်ပေါ်ရောက်ရှိသွားသည်။
ဟဲလို မြူ..............
မြူမဟုတ်ဘူးရှင်............
မြူရှိလာ..............
မရှိဘူးရှင့်..........
မြူကဒီမနက်မှစင်ကာပူသွားလိုက်ပြီဟော...............ရှင်မသိဘူးလာ
ကျွန်တော်မသိလိုက်ဖူးဗျာ..................
ကျေးဇူးပဲဗျာ......................
သူ့ ရင်ဘတ်တွေပူလောင်နေခဲ့ပြီ။မြူဘာကြောင့်ဒီကိစ္စာကိုသူ့ ကိုဘာလို့ မပြောခဲ့တာလဲ
မနေ့ ကထိမြူကအကောင်းကြီးရယ်၊
သူစာအုပ်ကိုဆက်ဖတ်လိုက်တော့......................
်ကိုလတ်...........ရေ
ကိုလတ်ကိုအမြဲချစ်နေမယ်
ကိုလတ်ပျော်အောင်နေပါနော်
ညီမလေးအမြဲဆုတောင်းပေးနေမယ်
ညီမစင်ကာပူသွားမဲ့ကိစ္စာကိုညီမကိုယ်တိုင်ကိုလတ်ကိုမပြောခဲ့တာပြောမထွက်လို့ ပါ
နားလည်ပေးပါနော်
ကိုလတ်ပျော်ရင်ညီမလည်းပျော်တယ်။ဘာမှလည်းမရေးတတ်တော့ဘူးကိုလတ်ရေ
ရင်ထဲကစကားတွေလည်းဆို့ နစ်နေပြီလေ..................
ကိုလတ်နဲ့ ပတ်သက်ခဲ့သမျှအားလုံးကိုအမြဲသတိရနေမှာပါ။
ကိုလတ်ကိုအမြဲချစ်နေမဲ့သူ
မြူ
.......................................................................................................
ps.မနက်ကိုးနာရီခွဲထွက်ခွာပါမည်။
(မြူရဲ့ နောက်ဆုံးစာမျက်နှာမှာရေးထားသောစာဖြစ်သည်။)
သူ့ ဘယ်လိုနေရမှန်းမသိတော့။သူနာရီကိုတစ်ချက်ဝေ့ကြည့် တော့(11)နာရီထိုးနေပြီလေ
သူမြူလေးကိုတွေ့ ခွင့်မရှိတော့။
သူ့ ကိုအရမ်းချစ်တော့..........
သူ့ အတွက်အမြဲပေးဆပ်ခဲ့တော့.................
သူ ဘယ်လိုနည်းနဲ့ မှလက်လွတ်ဆုံးရှူံးမခံချင်ပါ။ဒါသူ့ ရဲ့ ရင်ထဲကလာတဲ့စကားဖြစ်ပါသည်။
သူမြူကိုရအောင်ရှာမှဖြစ်မည်။သူဖြိုးအကြောင်းမြူကိုပြောမပြခဲ့တာမှားမှန်း
အခုမှသူသိခဲ့တယ်လေ။
.......................................................................................................
အဲဒီအမှားတစ်ခုထဲနဲ့ တော့ကိုယ့်ချစ်တဲ့ကိုယ့်ကိုချစ်တဲ့သူနဲ့ ခွဲဖို့ တော့
မထိုက်တန်ဘူးလို့ သူထင်မိသည်။တကယ်ဆုံးရှူံးရတော့မယ်မှန်းသိတော့
မြူဟာသူ့ အတွက်ဘ၀မှာသူသိခဲ့ရပြီလေ။
......................................................................................................
အပိုင်း(11)
သူမရှိပဲနဲ့ အရာရာကိုရင်ဆိုင်ဖို့ ခက်ခဲမှန်းသူ့ နဲ့ ဝေးရာထွက်သွားမှသိရတယ်လေ။
မြူတစ်ယောက်သူ့ ကိုသတိရစိတ်ကိုဘယ်လိုမှထိန်းချုပ်လို့ မရပဲဖြစ်နေတော့သည်။
သူတကယ်အစ်ကိုလတ်ကိုမဆုံးရှူံးချင်ခဲ့ပါ။
သူဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။
...........................................................................................................
Gray:hey fri,thank u for your accept me.
sanli: u are welcome.
Gray: i wanna to be a fri with u.
are u ok?
sanli: inn.....................
Gray: i will introduce my self frist.
my name is Gray.
sanli: Gray
Gray: right Gray
My mon give this name.
ငါမှဗမာနာမည်တောင်ရှိသေးတယ်။မြူ တဲ့။ငါမွေးတဲ့မနက်မှာထူးထူးဆန်းဆန်းမြူကျနေလို့ တဲ့။
ငါကစင်ကာပူမှာပဲကြီးခဲ့တာဆိုတော့ဗမာပြည်ကလူတွေ နဲ့ အရမ်းမိတ်ဆွေဖြစ်ချင်တာ။
sanli:inn...............
သူမြူကိုသတိရမိသည်။သူမြူများလာ.........................
မြူကသူ့ နားဒီပုံစံနဲ့ ရောက်လာပါမှာလာ
မြူနဲ့ သူပထမဆုံးအွန်လိုင်းမှာစဆုံတုန်းကမြူပြောခဲ့တဲ့စကားလေး။
သူမြူ့ ကိုသတိမရပဲမနေနိုင်ပါ။မြူ........တကယ်ပဲလူကိုဆွဲဆောင်နိုင်တဲ့သူပဲ။
ဒါပေမယ့်အခုချက်နေတဲ့ ကောင်မလေးကစင်ကာပူမှာကြီးခဲ့တာဆိုတော့................
မြူမဟုတ်တာသေချာသွားခဲ့ပြီလေ။သူမြူ့ ကိုပဲမျှော်နေလို့ မြူလို့ ပဲထင်နေမိတာနေမှာပါ။
သူကိုယ်သူပြန်နှစ်သိမ့်လျက်....................................
Gray: your name pls
sanli: my name is myo sanli.
Gray:inn.............
ွGray: နင့်နာမည်ကိုငါအရမ်းရင်းနှီးနေသလိုပဲ
sanl: ဟုတ်လာ
Gray: အင်း
sanli: နာမည်တူလူတူမရှားတဲ့ လေ
Gray: possible
i am agree with u.
sanli: inn.........
Gray: နင်ကအရမ်းစကားနည်းတာပဲနော်
sanli: inn
ငါကလူတွေနဲ့ သိပ်စကားမပြောတတ်ဘူး
Gray:ဟုတ်လာ
aww....... i wanna ask one Q
do u have a grilfri?
sanli: အရင်တုန်းကတော့ရှိခဲ့တယ်
Gray;အခုတော့မရှိတော့ဘူးဆိုတဲ့သဘောပေါ့
sanli: အင်း
အခုတော့အားလုံးငါ့ကိုစွန့် သွားကြပြီလေ
Gray:why
sanl:ငါကမချစ်ပြတတ်ခဲ့လို့ လေ
Gray: သိပ်နားမလည်ဘူး
sanli:အဲလိုပါပဲညီမလေးရေ
အခုအစ်ကိုသွားရအုံးမယ်
နောက်မှဆက်ပြောကြတာပေါ့
ညီမလေးနဲ့ စကားပြောရတာပျော်ပါတယ်၊
ကျေးဇူးပါ
ဒါပဲနော်
သူ sign out ဖြစ်သွားတဲ့အထိမြူတစ်ယောက်ထိုင်စောင့်နေခဲ့သည်။
ဒီလိုနဲ့ သူ့ ဆီကနေအဖြေမှန်ကိုသိခဲ့ရတယ်လေ
မြူတစ်ယောက်ကိုလတ်သူ့ ကိုတကယ်ချစ်မှန်းသိတော့အမြန်မြန်မာပြည်ပြန်လာချင်ခဲ့ပြီလေ
ဒါပေမယ့်ဒီဘက်မှာကျောင်းတက်နေတဲ့ကိစ္စာကမပြီးနိုင်သေးတော့အောင့်အီးပြီးနေနေရတော့တယ်လေ
ကျွန်မ ကိုလတ်ကျွန်မကိုချစ်မှန်းသိသွားတော့ဘယ်လိုပျော်မှန်းမသိဘူး
အမှန်တော့ကျွန်မသူ့ ကိုအထင်လွှဲမှားခဲ့တယ်လေ
ကိုယ်ချစ်တဲ့သူကလည်းကိုယ့်ကိုယ်ချစ်ကိုယ်ကလည်းသူ့ ကိုချစ်..............
ဘယ်လောက်ထိများပျော်စရာကောင်းလေမလဲ.....................
............................................................................................................
အပိုင်း(12)
အစ်ကိုလတ်
မနက်ဖြန် နေ့ လည်(10)နာရီမှာပြန်လာမယ်
လေယာဉ်ကွင်းလာကြိုပါရန်။
မြူ
တိုတိုတုတ်တုတ်နဲ့ေ၇းလိုက်သောစာကြောင့်ကိုလတ်မယုံနိုင်ဖြစ်နေမည်ကိုတွေး
ဝမ်းသာပြီးအံသြနေမှာသေချာသည်။
..............................................................................................................
အလှပဆုံးအလှပြင်ပြီးကိုယ့်ကိုစောင့်နေမဲ့ချစ်သူအတွက်......................
အရင်ကထက်အပြင်အဆင်တတ်လာတဲ့မြူကိုတွေ့ ရင်သူ ဘယ်လို
သ၀န်တိုမလဲဆိုတာမြူတစ်ယောက်စိတ်ဝင်စားနေမိသည်။
..............................................................................................................
မျိုးဆန်းလီတစ်ယောက်ရင်ခုန်နေသည်။မနေ့ ကတစ်ညလုံးလည်းမြူစာကြောင့်အိပ်မရခဲ့ပါ။
တကယ်ပဲမြူသူ့ ကိုပြန်လည်ဆက်သွယ်လာတာကိုသူအံသြလို့ မဆုံးဖြစ်ရသည်။
သူပျော်လည်းပျော်သည်။ရင်လည်းခုန်သည်။
..........................................................................................................
အလှပဆုံးအပြုံးနဲ့ ပြုံးပြပြီးလက်မြှောက်တဲ့ ကိုယ့်ချစ်သူ ကိုငေးနေရုံကလွှဲလို့ 
ဘာမှပြန်မလုပ်နိုင်ခဲ့ကိုယ့်အနီးအနားရောက်လာမှာ
ဘာလဲကိုလတ် ညီမလေးအရမ်းလှလာလို့ လာစိတ်မချဖြစ်နေတာလာ
.........ကိုယ့်စကားနဲ့ ကိုယ်ပြန်ပတ်နေပြီလေ
အင်း.....................ယူလာတဲ့ပန်းစည်းလေးကိုကမ်းပေးရင်းဒါပဲလာကိုလတ်..................
ဟင့်အင်း.............လို့ ကျွန်တော်ခေါင်းညိတ်မိတယ်
သူ့ ကိုကျွန်တော်သိုင်းဖက်မိတယ်လေအစ်ကို့ ကိုဘယ်တော့မှထားမခဲ့ပါနဲ့ နော်
အစ်ကို့ ညီမလေးကြောင့်ကြာလာရင်ရူးနိုင်တယ်ရူးတော့မယ်သိလာ.......................
ညီမလေးဘဲအစ်ကိုနဲ့ ခွဲပြီးနေနိုင်တယ်အစ်ကိုကတော့ရူးမတတ်ပဲ
ညီမလေးကို နေနိုင်သူလေးလို့ တောင်နာမည်ပေးမလို့ ။
့ဟာ....................ကိုလတ်ကလေစကားအရမ်းတတ်လာတာပဲ။
အင်းပါ...............
နောက်ဆိုသံသယဖြစ်နေရင်လည်းခံစားမနေနဲ့ အစ်ကို့ ကိုချက်ချင်းမေးနော်
..............................................................................
အင်းပါ............................................
ကိုလတ်ဒီရက်အိမ်ကိုဟောပြန်မှာလာ...........
ဘာလို့ လဲ........................................ညီမလေးရေ
ကိုလတ်ညီမကိုဖက်ထားတာတစ်နာရီမကတော့ဘူးလေ
အဲချိန်မှာကျွန်တော်အတွေးပြန်ဝင်လာတော့ကျွန်တော်ရှက်မိတယ်
ဒါပေမယ့်................ကျွန်တော်အချစ်စိတ်ကိုသူ့ ကိုသိစေချင်ခဲ့တယ်လေ
.........................................................................................
နောက်ဆိုဘယ်လိုအကြောင်းတရားပဲရှိနေပါစေ
အစ်ကိုလတ်ကိုဘယ်တော့မှခွဲမသွားပါဘူးလို့ ဂတိပေးပါတယ်
တကယ်နော်.............
နှစ်ကယ်ပါ
ဒါနဲ့ ညီမလေးကဘယ်လိုကနေဘယ်လို....................အစ်ကို့ ကိုခွင့်လွှတ်........
ကျွန်တော်နှုတ်ခမ်းကိုလာပိတ်တယ်လေ........................
နောက်မှအေးဆေးပြောပြမယ်ဒါပေမယ့်နည်းနည်းတော့ပြောပြမယ်
Grayဆိုတဲ့တစ်ယောက်ကညီမလေးလေ.................
သြော်ဒါကြောင့်ကို..............................
တအားဆိုးတဲ့ညီမလေးပဲ.............ဟုပြောကနာဖူးပေါ်သူ့ လက်နဲ့ ထုတယ်လေ။
အစ်ကိုကတော့ခံစားလို့ သေတော့မယ်
"အဘိုးကြီးအို
ခါးကုန်းကုန်း..................မသေပါနဲ့ အုံး"ဟုသီချင်းဆိုပေးလိုက်တော့
သူ့ ကမျက်စောင်းလေးချည်လိုက်တယ်လေ။ဒီခေါက်ပဲခွင့်လွှတ်မယ်နော်
နောက်တစ်ခေါက်ဆိုမရဘူး.............
ဘာလို့မလို့ လဲ............သိချင်လာ
ဟ...........မသိချင်တော့ဘူး....................
ဒီလိုနဲ့ ပဲအရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးသံသယကင်းကင်းရှင်းရှင်းနဲ့ တသက်လုံးချစ်သွားကြတယ်။
အမြဲကြိုးစားနေအုံးမဲ့
ဘူးဆော
ူ
Advanced System Care.8.1.serial.crack
9 years ago
0 comments:
Post a Comment