လောကကြီးမှာအရာအားလုံးဟာတန်ဖိုးကိုယ်စီရှိကြပါတယ်။
တချို့ အရာကိုပုံသေတန်ဖိုးသတ်မှတ်လို့ ရပေမယ့်တချို့ အရာမှာကျပြန်တော့
ပုံသေသတ်မှတ်လို့ မရပြန်ဘူး။ဘယ်အရာကိုမဆိုကိုယ်တန်ဖိုးထားရင်ထားသလို
တန်ဖိုးရှိကြပါတယ်။ဘယ်အရာကိုမဆိုတန်ဖိုးထားတတ်ဖို့ လည်းလိုပြန်တယ်။
တစ်ချို့ လူတွေဟာကိုယ်မှာရှိတဲ့အရာကိုတန်ဖိုးမထားပဲနောက်မှအဲဒီအရာရဲ့ 
တန်ဖိုးကိုသိပြီးယူကျုံးမရတဲ့အထိနောင်တရတတ်ကြတယ်။
တစ်ချို့ ကျပြန်တော့အလကားရတဲ့အရာဆိုတန်ဖိုးမထားတတ်ကြဘူး
အမှန်တော့အလကားရတယ်ဆိုပေမယ့်အဲဒီအရာဟာတန်ဖိုးရှိပါတယ်။
တန်ဖိုးရှိအောင်လုပ်ရင်အရာအားလုံးဟာတန်ဖိုးရှိမှာမလွှဲဧကန်ပါပဲ။
ကျွန်မဘ၀မှာတန်ဖိုးဆိုတဲ့အရာကိုသိပြီးတန်ဖိုးဆိုတဲ့အရာကိုတန်ဖိုးထားတတ်လာ
ခဲ့တဲ့အဖြစ်အပျက်လေးရှိခဲ့ပါတယ်။အဖြစ်ကတော့ရိုးရိုးလေးပါ
ကျွန်မကအစ်ကိုသုံးယောက်နဲ့ မောင်တစ်ယောက်ကြားမှာ
ကြီးပြင်းခဲ့ရတယ်။မိသားစု၊မောင်နှမရဲ့ အချစ်တော်ပေါ့
ကျွန်မအဘွားကရှေးရေးစွဲသမားဖြစ်ပါတယ်။
ဒါကြောင့်မိန်းခလေးဆိုတာညနည်းနည်းမှောင်တာနဲ့ အပြင်မထွက်
ရဘူးဆိုပြီးပိတ်ပင်သလိုမိန်းခလေးဆိုတာဘယ်လိုနေရမလဲ
စသဖြင့်စည်းကမ်းတင်းကြပ်စွာထားတယ်။တစ်ခါတစ်လေ
လူငယ်ဆိုတော့သူငယ်ချင်းတွေနဲ့ သွားလည်ချင်ခဲ့မိတယ်။
ကျောင်းရောက်တိုင်းသူငယ်ချင်းတွေကသွားလည်တဲ့အကြောင်းပြောရင်
ကိုယ်ကပါးစပ်ဟောင်းလောင်းနဲ့အမြဲနားထောင်ရတယ်။
လူငယ်ဆိုတော့စည်းကမ်းတင်းကြပ်မှုတွေကိုဘယ်နှစ်သက်မလဲနော်
တစ်ခါတစ်ခါကျွန်မဘ၀ဟာလှောင်အိမ်ထဲကငှက်ကလေးလိုပဲလို့ 
တွေးနေမိတဲ့အထိပဲ။ပွဲရှိရင်လည်းထွက်လည်လို့ မရဘူးလေ။
ငါသာယောက်ျားလေးဖြစ်ခဲ့ရင်ဆိုပြီးကိုယ့်ဘ၀ကိုမကျေမနပ်
ဖြစ်ခဲ့ရတယ်။ဒီလိုနဲ့ တစ်ညကျတော့အစ်ကိုလတ်က
ညီမလေးရေတဲ့..................ညီမလေးကအပြင်မထွက်ရလို့ 
စိတ်မကောင်းမဖြစ်နဲ့ တဲ့။
လူဆိုတာကိုယ့်ကိုယ်ကိုတန်ဖိုးထားရင်သူများလည်းတန်ဖိုးလာထားလိမ့်မယ်တဲ့
ဘာမှကိုယ့်ဘ၀ရဲ့ လက်တွဲဖော်ကိုထွက်ရှာနေစရာတောင်မလိုဘူး
သူကိုယ်တိုင်လာလိမ့်မယ်တဲ့................
အဲဒီချိန်မှာကျွန်မတွေးနေမိတယ်...............................
ကျွန်မတို့ မြို့  ၊ပတ်ဝန်းကျင်မှာဆိုလူငယ်တွေအရမ်းပျက်စီးကြတယ်လေ
တချို့ သူငယ်ချင်းတွေဆိုကျောင်းတ၀က်နဲ့ အိမ်ထောင်ကျသွားကြတယ်လေ
ကျွန်မတို့ မိဘတွေစည်းကမ်းတင်းကျပ်တာကျွန်မကိုကောင်းစေချင်လို့ 
ဆိုတာနားလည်လာခဲ့သလိုကိုယ့်ဘ၀ကိုတန်ဖိုးထားတတ်ဖို့ သိလာခဲ့တယ်။
ကျွန်မဘ၀ရဲ့ လက်တွဲဖော်အတွက်ကျွန်မကသန့် ရှင်းသောသတို့ သမီး
ဖြစ်ချင်တယ်လေ။အားလုံးကိုအားပေးချင်ပါတယ်
ဘယ်လို အချိန်ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်တဲ့သူဖြစ်အောင်
ကြိုးစားရအောင်။ကိုယ့်ပတ်ဝန်းကျင်တွေဘယ်လိုပဲပျက်စီးပြီးတန်ဖိုးမထားကြ
ပါစေကိုယ့်ကိုယ် ကိုတန်ဖိုးထားပြီးဘ၀ကိုဖြတ်သန်းရအောင်လို့ ................
အားလုံးကိုခင်မင်လျှက်
ဘူးဆော
Advanced System Care.8.1.serial.crack
9 years ago
0 comments:
Post a Comment