ကျွန်မဘ၀မှာမမေ့နိုင်တဲ့ အမှတ်တရအဖြစ်အပျက်လေးတွေအများကြီးရှိခဲ့တယ်။
အဲဒီထဲမှာ 2008 sweet december လေးအကြောင်းရေးချင်ပါတယ်။
ကျွန်မတို့ ကျိုင်းတုံကကျွန်မတို့ အသင်းတော်ရဲ့ sweet decemberရက်ဆိုအမြဲတမ်း
မီးပုံပွဲလုပ်ပြီးအရမ်းပျော်ကြတယ်၊ညလုံးပေါက်ကစားကြပြီး12:00ထိုးပြီဆိုဆုတောင်းပြီး
sweet december ဆိုပြီးတစ်ယောက်နဲ့ တစ်ယောက်နှုတ်ခွန်းဆက်လေ့ရှိတယ်လေ။
ဒီလိုနဲ့ တက္ကသိုလ်နယ်ပယ်ထဲရောက်တော့sweet december night မလုပ်ကြဘူး။
(မြို့ ပေါ်မှာဆိုတော့လူအစုအဝေးကြီးနဲ့ လည်းအဆင်မပြေသော်ကြောင့်လည်းဖြစ်နိုင်ပါသည်)
ဘယ်နေရာပဲရောက်ရောက်sweet december ညဆိုရင်ကျွန်မတို့ ကျိုင်းတုံမြို့ ကိုအရမ်း
သတိရမိတယ်။ပြေးပြန်ချင်စိတ်တောင်ပေါက်တယ်။နှင်းစက်တွေကြားမှာလက်အိတ်ခြေအိတ်
အနွေးထည်ငါးထပ်လောက်ဝတ်ပြီးsweet december ည ကိုကြို ဆိုရတဲ့အရသာဟာဘာနဲ့ မှလဲလို့ မရအောင်ပါပဲ။ဆုတောင်းလို့ ပြီးပြီဆိုဆန်ပြုတ်ပူပူလေးလည်းသောက်ရသေးတယ်။
တုန်နေအောင်ချမ်းပေမယ့်မီးပုံတွေကြားမှာကဆော့ရတာအချမ်းပြေတယ်လေ။
ရန်ကုန်နဲ့ မန္တလေးကတော့အဲချိန်ထိချမ်းတဲ့ ဒဏ်ကိုမခံစားရသေးဘူးလေ။
မှတ်မှတ်ရရ ပြီးခဲ့တဲ့ sweet december ညမှာရန်ကုန်ကသူငယ်ချင်းဖုန်မော်အိမ်မှာ
လူငါးယောက်နဲ့ party ပွဲလေးကျင်းပခဲ့တယ်လေ။
ညနေ(6:00)ကတည်းက Orange မှာစားစရာတွေ ကိုbawk bawk နဲ့ နှစ်ယောက်သား
ပိုက်ဆံစုပြီးဝယ်ခဲ့ပြီးတစ်ညလုံးအလုပ်ရှုပ်နေခဲ့တယ်လေ။
ကျွန်မတို့ နယ်ဘက်မှာဆို sweet december လို ညမျိုးဆိုပတ်ဝန်းကျင်တစ်ခုလုံးဆူညံ
နေတာပဲ။အားလုံးကသခင်ယေရှုကိုကြိုဆိုကြတယ်လေ။
ရန်ကုန်မှာတော့ တိတ်ဆိတ်မြဲပဲ။Sweet december nightလို့ တောင်မထင်ရဘူး။
ပတ်ဝန်းကျင်မှာကြည့်လိုက်ရင်လည်းပုံမှန်ညလို ပဲ။
သူငယ်ချင်းဖုန်မော်ကတော့ x'mas Carol စာအုပ်အတွက်စာတွေစီနေတယ်ဆိုတော့
သူကတော့အစားအစာပိုင်းမှာဘာမှမကူနိုင်ခဲ့။
သူ့ ညီဖြစ်တဲ့ကိုနောင်းနောင်ကဘုရားကျောင်းသွားပြန်တယ်လေ။
ညကိုးနာရီလောက်ချက်ပြုတ်နေချိန်မှာဖုန်းသံမြည်လာတော့
အစ်မအဂူးနင်းနင်ကသူလဲ sweet december night ကိုနင်တို့ နဲ့ လာဆင်နွဲမယ်ဆိုပြီး
ဖုန်းဆက်ခဲ့တယ်လေ
ဘုရားကျောင်သွားတဲ့ကိုနောင်းနောင်လည်းပြန်လာသလို
အစ်မအဂူးနင်းနင်လဲရောက်လာတယ်လေ
အားလုံးပေါင်းငါးယောက်နဲ့ (12:00)နာရီထိုးတာနဲ့ ဆုတောင်းပြီးအစားအသောက်တွေကို
စားကြတယ်လေ။တစ်ညလုံးချက်ထားတာဆိုတော့အစားအသောက်ကတော့စားပွဲအပြည့်ပဲလေ။
ဝိုင်လည်းပါတော့ပွဲကပိုစည်သွားခဲ့တယ်။
အဲဒါနဲ့ ဖဲဆော့ခဲ့ကြတယ်။ကျွန်မကတော့ဖဲကိုဘယ်လိုကိုင်ပြီးဘယ်လိုဆော့ရမှန်းမသိလို့ 
ကိုနောင်းနောင်ကဒိုင်ခံပြီး ဘောက်ဘောက်နဲ့ ကျွန်မကိုသင်ပေးခဲ့တယ်လေ။
နှစ်ယောက်စလုံးသဘောပေါက်တာနဲ့ စဆော့တော့။
လောင်းကြေးကရှူံးတဲ့သူ ထိုင်ထလုပ်ကြေးအဖြစ်ကစားခဲ့တယ်။
ကျွန်မကတော့ဖဲမကျွမ်းလို့ လာမသိဘူးတောက်လျှောက်ကျွန်မကြီးပဲထိုင်ထလုပ်ရတယ်လေ
အဲဒါနဲ့ ကြာလာတော့ကျွန်မကလည်းမသင်္ကာတော့ဘူးလေ။အဲဒါနဲ့ ကိုနောင်းနောင်ရဲ့ ဖဲကိုသေချာ
ချောင်းကြည့်တော့သူ့ ဖဲကအချပ်ပိုနေတာကိုတွေ့ လိုက်တယ်လေ။
သူကကျွန်မတို့ အပေါ်အဲလိုဆရာပီသခဲ့တယ်လေ။
သူနဲ့ ရန်ဖြစ်လိုက်ပြန်ဆော့လိုက်နဲ့ မနက်(5:00)ထိဖြစ်သွားတယ်။
အဲချိန်ထိစာရိုက်နေတဲ့ကိုဖုန်မော်ကမပြီးသေး။သူ့ ကိုတော့တကယ်အားကျမိတယ်။
သူကအပြောနဲ့ မဟုတ်ပဲအမြဲလက်တွေ့ လုပ်တတ်သူဖြစ်တဲ့အတွက်လေ။
အမှန်တော့သူ့ ကMusics တာဝန်ခံမဟုတ်ပေမယ့် yangon ucf အတွက်
တတ်စွမ်းသလောက်ပါဝင်ဆက်ကပ်နေတဲ့သူဖြစ်တယ်လေ။
သူ့ အိမ်မှာတည်းခဲ့တဲ့တလျှောက်သူ့ အလုပ်လုပ်တာကိုမတွေ့ ရဘူး
သူများအလုပ်တွေပဲလုပ်ပေးနေခဲ့တယ်လေ။သူ့ ကတော့တကယ်လေးစားသင့်တဲ့ သူပါ။
ကျွန်မသူငယ်ချင်းမို့ ပြောတာမဟုတ်ပါဘူး ။တကယ်ပါ။
အဲဒီညကနေစပြီးကျွန်မဖဲအပျော်တမ်းရိုက်တတ်လာခဲ့တယ်လေ။မန္တလေးပြန်ရောက်တော့
ကျွန်မကဆရာမကြီးပြန်ဖြစ်သွားတယ်လေ။
အဖြစ်ကတော့ရိုးရိုးလေးဆိုပေမယ့်ပျော်လည်းအရမ်းပျော်ခဲ့ရတဲ့ညလေးပါ။
ရှုံးတဲ့သူက ထိုင်ထလုပ်ကြေးမလုပ်နိုင်တော့ရင်
အမှန်အတိုင်းပြောကြေးနည်းပြောင်းကစားခဲ့တယ်လေ။
အဲဒီညဖဲကစားရင်းနဲ့ ပညာအများကြီးရခဲ့သေးတယ်။
ကိုယ့်ကအရမ်းရိုးသားနေရင်လည်း အ သွားတတ်တယ်ဆိုတာပေါ့။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတွေအားလုံးကိုအရမ်းသတိရနေမိတယ်။
အမှတ်တရအများကြီးရှိတဲ့ထဲမှာ ပြီးခဲ့တဲ့ Sweet December ညလေးကိုတော့
အမြဲသတိရနေရတော့မယ်။
P.S ကျွန်မဖြတ်သန်းခဲ့တဲ့ရန်ကုန်မြို့ လေးရဲ့ Sweet December ညလေးအကြောင်းပါ။