ခရီးစဉ်=မော်လမြိုင်
ခုနှစ်/ရက်စွဲ့ =2008ခုနှစ်ဇွန်လ(19)
ရည်၇ွယ်ချက်=Trafficking awareness tranning တက်ရောက်ရန်
ကျွန်မဘ၀မှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေအများကြီးရှိတဲ့ထဲမှာ မော်လမြိုင်ခရီးစဉ် အကြောင်း အနည်းငယ်ရေး
ချင်ပါတယ်။ မနှစ်ကဇွန်လ(19)ရက်နေ့ မှကျွန်မတို့ မန္တလေးအဖွဲ့ (5)ယောက်က ရထားစီးပြီး ရန်ကုန်မြို့သို့ ထွက်
လာခဲ့ပါတယ်။ ည(၉:၄၅)ကနေ နောက်တစ်နေ့ ညနေ(၃:30)မှ ရန်ကုန်မြို့ သို့ ရောက်ခဲ့တယ်။ ကျွန်မတို့ အဖွဲ့ မှာ
မိန်းခလေးနှစ်ယောက်နဲ့ ယောက်ျားလေးသုံးယောက် ပါဝင်ပါတယ်။ ကျွန်မကတော့ ကျွန်မတို့ အဖွဲ့ မှာအငယ်ဆုံး
ပေါ့။ ကျွန်မတို့ မန္တလေး UCF ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကိုဇုတ်ထွန်း၊ YCF အတွင်းရေးမှူးဖြစ်တဲ့ဇော်မုန်းဇွပ်၊
နောက်တစ်ယောက်ကတော့ ကိုနော်ဂျာ၊ နောက်ဆုံးအစ်မကတော့ မရိုစလင်းဝင်းတို့ ဖြစ်ပါတယ်။
ကိုဇုတ်ထွန်းကတော့ အမြဲဆရာကြီး ဂိုဏ်းဖမ်းလေ့ရှိသူပေါ့
ိကိုနော်ဂျာကတော့ အရမ်းအေးပြီး မိန်းခလေးဆို ခေါင်းမော့မကြည့်ရက်တဲ့အထိကြောက်တတ်သူပါ။
ဇော်မုန်းဇွပ်ကတော့ သီချင်းဆိုခိုင်းမယ်ဆို တနေ့ ကုန်ဆိုနိုင်တဲ့ သူပါ။သူ့ ကmusic ၀ါသာနာအိုးပေါ့။
မရိုစလင်းဝင်းကတော့ သီချင်းလည်း ဆိုနိုင်တယ်။ ဘာသာတရားလည်း ကိုင်းရှိုင်းပြီး အရမ်းလူကိုနားလည်
ပေးတတ်တဲ့ သူပါ။
ကျွန်မကတော့ ကလေးဆန်ပြီး အမြဲအနိုင်ယူချင်တဲ့ သူပါ၊ ဒါပေမယ့် စိတ်ဓာတ်ကောင်းလေးတစ်ခုတော့ ၇ှိပါတယ်
ရောက်တဲ့နေရာ ကျတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဆောင်တတ်ပါတယ်။(မခိုမကပ်ပဲ)
မတူညီတဲ့ စိတ်ဓာတ်တွေပေါင်းစည်းပြီး ခရီးဆက်ခဲ့ကြပါတယ်။အစ်မကတော့ ရထားမစီးဖူး သူဆိုတော့
တသက်လုံးရထားမစီးတော့ဘူးလို့ ခဏခဏညည်းပြတဲ့ ထိပါပဲ။ သူ့ ကိုကြည့်ရင်းနဲ့ တောင် ကျွန်မတော်တော်
သနား သွားမိတယ်။ အစ်မကတော့ အသန့် အပြန့် လည်း အရမ်းကြိုက်တဲ့သူဆိုတော့ ရထားပေါ်မှာလည်း
တနေကုန် ဘာမှမစားပဲ နေခဲ့တယ်လေ။ ကျွန်မကတော့ ခရီးသွားတိုင်း ထမင်းမစားတတ်လို့ မစားခဲ့ဖူး။
ဒီလို ညည်းရင်းညည်း၇င်းနဲ့ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ ဘူတာကနေ တက္ကဆီငှါးပြီး ကျွန်မတို့ ရုံးကို
သွားခဲ့ပါတယ်။ ကျွန်မတို့ ထက် မကွေးUCF က ကြိုရောက် နေကြတယ်လေ။
ညအနားယူပြီး မနက်ဖြန်ခရီးဆက်ရမည်ဖြစ်ကြောင်း ရန်ကုန်တာဝန်ခံက လာပြောခဲ့တယ်။
ကျွန်မတို့ ကလည်း ရန်ကုန်မော်လမြိုင် ကိုဘာနဲ့ သွားမလဲလို့ မေးတော့
ရိုးရိုးတန်းရထားလို့ ပြောပါတယ်
ကျွန်မတို့ နှစ်ယောက်စလုံး သေချင်တဲ့ အထိကို စိတ်ပျက်မိတယ်။
ဘယ်အချိန်လဲဆိုတော့
မနက်4:30မှာ လာကြိုမယ် ပြောပါတယ်။
ဒီတစ်ခေါက်တော့ ပိုပြီး စိတ်ပျက်မိပါတယ်။
မနေ့ ညတစ်ညလုံးလည်း ခရီးပန်ခဲ့ပြီ နောက်မနက် အစောကြီး ထပြီး ခရီးဆက်ရအုံးမယ်
ရထားကလည်း ရိုးရိုးတန်းတဲ့။
ကျွန်မတို့ နှစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေတာကလွှဲလို့ ဘာမှမပြောနိုင်တော့ဘူးလေ
မနက်ဖြန်အတွက် အားမွေးရမှာမို့ ည9နာရီကတည်းက အိပ်ရာဝင်ခဲ့ကြတယ်။
မနက်(4:30)ခွဲရောက်တော့ အိပ်ရာကမထချင်ထခဲ့ကြတယ်။ ငါးနာရီလောက်မှပဲ ကားက လာကြိုတယ်လေ။
လူလိုက်ကြိုရင်းနဲ့ သွားတာမို့ ဘူတာကို ငါးခွဲလောက်မှေ၇ာက်ခဲ့တော့တယ်။
ဘူတာေ၇ာက်တော့လည်း ရန်ကုန် ucf အတွင်းရေးမှူးဖြစ်တဲ့ ကိုဖုန်မော်ကို ပြန်လိုက်ရှာခဲ့ကြတယ်။
ရထားကမနက်(6:00)ထွက်ခွာမှာမို့ ကိုဖုန်မော်ကိုရှာမတွေ့ တော့ အားလုံးက စိတ်ပူနေကြတယ်လေ။
10မိနစ်လောက်အလိုမှာ သူ့ ကိုတွေ့ ခဲ့တယ်လေ။ မနက်(6:00)ကနေ ခရီးဆက်ခဲ့တာ ညနေ(2:45)လောက်မှာ
မော်လမြိုင် ရောက်ခဲ့တယ်။ လမ်းတစ်လျှောက်လုံး ရန်ကုန် UCF အဖွဲ့ က သီချင်းတွေဆိုကြတော့ သိပ်တော့
မပျင်းခဲ့ရဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မရင်းနှီးသေးဘူးဆိုတော့ စကားမပြောပဲ နေခဲ့ကြတယ်။
လမ်းတစ်လျှောက်လုံး စကားမပြောပဲ နေခဲ့တဲ့ကျွန်မတို့ နှစ်ယောက်ကတော့ သံလွင်တံတားရှည်ကြီးကို
တွေ့ တော့ မနေနိုင်တော့ပါ။ ကျွန်မတို့ နှစ်ယောက်စလုံးက ကျိုင်းတုံသူတွေဆိုတော့ မြစ်တောင်တွေ့ ခဲ့ဖူးကြတဲ့
သူတွေ မဟုတ်ကြပါ။ သံလွင်မြစ်ကြီးကိုမြင်တော့ နှစ်ယောက်သားပါးစပ်ဟောင်းလောင်းကြီးနဲ့ ကြည့်ပြီး
ဝမ်းသာလို့ စို့ နေခဲ့တယ်လေ။ ပျော်လည်း ပျော်မိတယ်။ မော်လမြိုင်ရဲ့ ဘူတာကတော့ ဆောက်တာ မကြာသေး
၍လာမသိခန့် ညားနေပါသည်။ ကျွန်မတို့ အားလုံးကားငှါးပြီး တောင်ဝိုင်းဆေးရုံမှာ သွားခဲ့ပါတယ်။
ကျွန်မတို့ တည်းရမဲ့နေရာကတော့ leprosy ဆေးရုံ ဖြစ်နေတယ်လေ။ ကျွန်မကတော့ အစဆေးရုံမှန်းမသိလို့ 
အေးအေးဆေးဆေး လုပ်နေခဲ့သေးတယ်။ မရိုစလင်းဝင်းက ဆေးရုံဖြစ်တဲ့အကြောင်းပြောတော့ နည်းနည်း
တော့ ကြောက်လာခဲ့တယ်။ ရေမိုးချိုးပြီး ညစာစားဖို့ ထမင်းစားခန်းသွားတော့ သင်္ချိုင်း(အုတ်ဂူငါးခုလောက်ရှိတယ်)ကိုလှမ်းမြင်လိုက်တော့ ကျွန်မ အသက်ရှူတောင်ရပ်တော့မဲ့အတိုင်းပါပဲ
တော်တော်လေးကို ကြောက်သွားမိတယ်။ ညဘယ်လို အိပ်မလဲဆိုတာပဲ တွေးနေမိတယ်။
ထမင်းစားပြီးတော့ မော်လမြိုင် UCF တာဝန်ခံဆရာရဲရဲနှင့် ကျောင်းသား/သူအချို့ လာပြီး မော်လမြိုင်
UCF chapel ကို ခေါ်ပြတယ်လေ။ ပြီးတာနဲ့  မော်လမြိုင်တက္ကသိုလ်သို့ သွားေ၇ာက်လည်ပတ်ကြတယ်လေ။
အမှတ်တရပုံလေးတွေ ရိုက်ပြီး ညလက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ကြတယ်။ကိုယ့်အဖွဲ့ နဲ့ ကိုယ်ထိုင်ခဲ့ကြတာဆို
တော့ တစ်ယောက်နဲ့ တစ်ယောက်တောင်ရင်းနှီးမှု မရခဲ့ကြဘူး။ 9နာရီခွဲလောက် ရောက်တော့ ပြန်လာခဲ့ကြတယ်။
ကျွန်မကတော့ အရမ်းပင်ပန်းနေပြီမို့ သရဲအကြောင်းလည်းမတွေးဖြစ်တော့ ခေါင်းချတာနဲ့ အိပ်ပျော်သွားခဲ့တယ်။
မနက်ရောက်တော့ မရိုစလင်းဝင်းက ညီမလေးညက အသံတွေမကြားဘူးလာတဲ့
မကြားမိပါဘူး..........လို့ပဲ ပြန်ဖြေခဲ့မိတယ်။မနက်(8:00)နာရီမှာ Morning Devotion စခဲ့တယ်လေ။
အဲဒီရက်မှာ ဆရာရဲရဲက သီချင်းဆိုပေးပါအုံးဆိုလို့ သီချင်းတစ်ပုဒ်လောက်ဟစ်ခဲ့သေးတယ်။
ပြီးတာနဲ့ Awareness program စတော့တာပါပဲ။ ကျွန်မအနေနဲ့ National(SCM) က ကျင်းပတဲ့အစီစဉ်
တွေထဲမှာ ဒီတစ်ခေါက်မှ ပထမဆုံးပါဝင်ခြင်းဆိုတော့ တော်တော်တော့ ရင်ခုန်မိတယ်။
Introduce လုပ်ပြီး သင်တန်းပို့ ချတယ်။ သင်တန်းပုံစံက ကျွန်မတက်ခဲ့ဖူးတဲ့ ပုံစံနဲ့ မတူဘူး ဖြစ်နေတယ်
အခုသင်တန်းပို့ ချပြီးတာနဲ့ အုပ်စုခွဲပြီး သင့်အစွမ်းအစနဲ့ ဘာလုပ်မှာလဲဆိုပြီး ချက်ချင်း လုပ်ဆောင်ခိုင်းတယ်လေ
Program(project) ဆင်းတဲ့အချိန် ကိုယ့်ဘယ်နှယောက်ကို အသိပညာပေးနိုင်မလဲ
ကိုယ်ဘယ်လိုပုံစံမျိုးနဲ့ လူတွေ နားလည်အောင်ကြိုးစားလုပ်ဆောင်မလဲ
Trafficking လျှော့နည်းသွားအောင် ဘယ်လိုလုပ်မလဲ စသဖြင့် အသေးစိတ်အဖွဲ့ လိုက်ဆွဲရပါတယ်။
ွGame အစီစဉ်တွေ TV အစီစဉ်တွေ အဖြစ်အပျက်လေးတွေနဲ့ တစ်ခါထဲသင်ကြားပို့ ချတော့
နားလည်ပြီး လုပ်ဆောင်ဖို့ ရန်ပိုပြီး အားတက်စေခဲ့တယ်။ ကျွန်မဘ၀မှာဆို တစ်ခါမှမတွေးဖူးခဲ့သလို
မထင်ထားခဲ့တဲ့ အဖြစ်အပျက်လေးတွေ ကြားရတော့ ပတ်ဝန်းကျင်ကို ကြည့်ဖို့ မေ့နေတဲ့ကျွန်မအတွက်
တော့ အရမ်းပဲအားတက်စေခဲ့ပါတယ်။ ကျွန်မတို့ ဟာ လူတွေကို ငွေအားနဲ့ မကူညီနိုင်ရင်လည်း
ကိုယ်သိနေတဲ့ အသိပညာနဲ့ တတ်နိုင်သရွေ့ ကူညီနိုင်ကြောင်းကို ဒီtranning တက်မှ သိခဲ့ရတယ်။
ကျွန်မတို့ လူသားတွေ အများစုဟာ တစ်ကိုယ်ကောင်းဆန် ကြပါတယ်။ ကျွန်မအပါအ၀င်ပေါ့။
ကိုယ့်ဘ၀လှဖို့ ကိုယ့်လူတန်းစေ့နေနိုင်ဖို့ ပဲကြိုးစားကြတာလေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်
နေလဲဆိုတာ ကျွန်မတို့ ဂရုစိုက်ဖို့ ကူညီဖို့ မေ့နေတတ်ကြတယ်။ ဘ၀မှာအရေးကြီးဆုံးက ဘာလဲလို့ တွေး
လာမိတဲ့ အထိ ဒီသင်တန်းကို တက်ခြင်းဟာ ကျွန်မကို တော်တော်လေးကို ခေါင်းစားစေခဲ့ပါတယ်။
ကိုယ့်ဘ၀ရဲ့ ငုပ်လျှိုးနေတဲ့ ရည်မှန်းချက်တွေလည်း ပေါ်ထွက်လာခဲ့တယ်။ အခုကျွန်မတက္ကသိုလ်ကျောင်းသူ
အခု ကိုယ်ကျောင်းတက်ရင်းနဲ့ လူ့ အကျိုးပြုဘာတွေ လုပ်နိုင်မလဲဆိုတာ ကျွန်မ အမြဲမပြတ် စဉ်းစားတတ်လာ
ခဲ့တယ်။ Trafficking လုပ်ခံခဲ့ရတဲ့ သူတွေရဲ့ အဖြစ်အပျက်လေးတွေကို ကြည့်ရင်း ကျွန်မတို့ ဘ၀ဟာ
သူတို့ ထက်စာရင် အများကြီး ကံကောင်းမှန်း သိလာခဲ့တယ်။ ကျွန်မတို့ လို ကံကောင်းတဲ့သူတွေဖြစ်အောင်
လူတွေကို ဘယ်လို trafficking အကြောင်း ပြောပြရမလဲဆိုတာ အမြဲကြိုးစား နေတော့တယ်လေ။
သုံးရက်လောက် သင်တန်းပို့ ချပြီးတာနဲ့ အုပ်စုလိုက်ရွာခွဲပြီး ကျွန်မတို့ Trafficking awareness တွေ
သွားလုပ်ရတယ်လေ။ ကျွန်မတို့ အုပ်စုသွားရမဲ့ နေရာကတော့ သံဖြူဇရပ်အောက်ပိုင်း ၀က်တုန်ချောင်ရွာ
ဖြစ်ပါတယ်။ မသွားခင် တစ်ညမှာ အကလေးတွေ လေ့ကျင့်နေတော့ နည်းနည်း ညဥ့်နက်ပြီး ကျွန်မအဖျားတက်
ပါတော့တယ်။ ဖျားခဲ့တဲ့ ကျွန်မ ဒီတစ်ခေါက်တော့ ကိုယ်လည်းအရမ်းပူပြီး စကားတောင် မပြောနိုင်တဲ့ အထိပဲ
ကျွန်မ ဘယ်လောက်ပဲဖျားပါစေ ကျွန်မသွားမယ်လို့ ဆုံးဖြတ်ပြီး ကြိုးစားပြီး ထတယ်။ ဒါပေမယ့်
ထင်သလောက်တော့ မလွယ်ဘူး။ အဖျားက မကျတဲ့အပြင် ပိုဖျား ချင်တယ်လေ။
ဒါပေမယ့် ဟန်ဆောင်ပြီး ကားဂိတ်ထိ သွားခဲ့တယ်။ ကျွန်မတို့ မန္တလေးအဖွဲ့ တွေ အုပ်စုကွဲ ခဲ့တယ်လေ။
ကျွန်မ နေမကောင်းဘူးဆိုတော့ ကျွန်မတို့ ခေါင်းဆောင်ဖြစ်တဲ့ ကိုဖုန်မော်က ရှေ့ ခန်းကိုစီးခိုင်းတယ်လေ။
ကျွန်မကတော့ ရှေ့ ခန်းေ၇ာက်တာနဲ့ အိပ်ပျော် သွားခဲ့မိတယ်။ ရောက်မှပဲ နိုးတော့တယ်။
ကျွန်မတို့ နေ့ လည်(12)လောက်မှာ ၀က်တုန်ချောင်ရွာကို ရောက်ခဲ့တယ်။ ကျွန်မတို့ တည်းမဲ့သူငယ်ချင်း
အဘွားအိမ်ကို သွားခဲ့တယ်။ တည်းမဲ့အိမ်ရောက်တော့ ကျွန်မ အရမ်းချမ်းလာတယ်။ ပါလာတဲ့ အနွေးထည် ၀တ်
တယ်။ ဒါပေမယ့် အချမ်းမပြေဘူးဖြစ်နေတော့ ကိုဖုန်မော်က သူရဲ့ အနွေးထည်ကိုယူလာပေးတယ်လေ
အဲဒါနဲ့ လည်း မလုံလောက်ဘူးဖြစ်နေတော့ အိမ်ရှင်က ကျွန်မကို အိပ်ရာ ခင်းပေးတယ်လေ။
သူတို့ အိမ်က စောင်အထူဆုံးလာပေးလည်း အချမ်းကမပြေသေး။ ကျွန်မ ဆုတောင်းမိတယ်။
ဘုရားသခင် သမီးကို နေကောင်းကျန်းမာခွင့် ပေးသနားတော်မှုပါ၊ သမီးကို ဖျားခိုင်းစေချင်ရင် မန္တလေးပြန်
ရောက်မှ ဖျားခိုင်းပါ။ အဲချိန်ကျရင် ဘယ်လောက်ပဲကြာကြာ ဖျားပါစေ သမီးဖျားပါမယ်လို့ ဆုတောင်းပြီး
အိပ်ပျော် သွားခဲ့မိတယ်။ (1:30)လောက်ရောက်တော့ ကျွန်မနိုးလာတော့ နည်းနည်းတော့ အချမ်းပြေသွားခဲ့
တယ်လေ။ ကျွန်မတို့ အဖွဲ့ ကတော့ အဲချိန်မှနေ့ လည်စာစားပြီး စကားပြောနေချိန်နဲ့ တိုးတယ်လေ
အားလုံးကတော့ လူခွဲပြီး Home Visiting လုပ်ဖို့ ဆွေးနွေး နေကြတယ်လေ။ ကျွန်မ နိုးလာတာတွေ့ တော့
အားလုံးက အံသြကြတယ်လေ။ ကျွန်မထနိုင်မှာ မဟုတ်ဘူးလို့ အားလုံးက ထင်နေခဲ့ကြတယ်လေ။
ကျွန်မလည်း ပါမယ်လို့ ပြောတော့ အားလုံးက သွားနိုင်ပါမလာတဲ့ ။
ကျွန်မ လူပို မဖြစ်ချင်ဘူးလေ။ အတ္တကြီးတယ်ပဲ ပြောပြော၊ ကျွန်မကတော့ ကိုယ်နေတဲ့နေရာမှာ ကိုယ်ကအလို
အပ်ဆုံး ဖြစ်ချင်တယ်လေ။ အားလုံးက ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကို အလိုအပ်ဆုံး ဖြစ်အောင် ကြိုးစား
ခွင့် ရှိကြပါတယ်လေ။ ကျွန်မတို့ အဖွဲ့ က အုပ်စုနှစ်ခုခွဲပြီး သွားခဲ့ကြတယ်လေ။
ကျွန်မကတော့ အ၀တ်အစားလဲပြီး Home Visiting အစီစဉ်ကိုစခဲ့တော့တယ်။
အမှန်တော့ ကျွန်မအရမ်း ခေါင်းကိုက်နေသေးတယ်။ တစ်နေကုန် ဘာမှမစားရသေးတော့ အားလည်းမရှိဘူး
မနည်း ကြိုးစားပြီး ခြေလှမ်းလှမ်းရတယ်။ ဒါပေမယ့် ကိုယ့်ကြောင့် ဘယ်တော့မှ သူများကို မပေးပူပန်စေချင်
ဘူးလေ။ ကိုယ်ကတော့ ဦးဆောင်ပြီး သွားခဲ့တယ်။ တာဝန်ခွဲပေးတဲ့ အိမ်အားလုံးကို လည်ပြီး တဲ့အခါ် ကျွန်မ
တို့ တည်းတဲ့အိမ်ကို ပြန်ခဲ့ကြ တယ်လေ။ ကျွန်မတို့ အုပ်စုက အိမ်ခြေ(13)အိမ် လောက်ပဲ သွားနိုင်ခဲ့လို့ 
စိတ်မကောင်း ပဲပြန်ခဲ့တာ နောက်တစ်အုပ်စုက (4)အိမ်ပဲ သွားခဲ့တယ်ဆိုပဲ။
ကျွန်မစကားတောင် မပြောနိုင်တော့ဘူးလေ။ သူတို့ ဘယ်တွေသွားနေခဲ့ကြလဲဆိုတာ မေးချင်ခဲ့တယ်လေ။
ပင်ပန်းတာနဲ့ ဆေးသောက်ပြီး ပြန်အိပ်လိုက်တော့တယ် ။ ညနေ(4:30)လောက်ရောက်တော့ ရေသွားကူကြမယ်ဆိုပြီး
ဝက်သွန်ချောင်က အစ်မတွေက လာခေါ်တယ်လေ။ ကျွန်မကို လာနိုးတယ်။ အဲချိန်တော့ နည်းနည်းပို
သက်သာလာလို့ သူတို့ နဲ့ ချောင်းမှာ လိုက်သွားခဲ့တယ်။ ချောင်းရေကြည်တာတော့ ရက်စက်တယ်
ချောင်းတစ်လျှောက်လုံး ရေချိုးရေကူး နေကြတဲ့သူတွေနဲ့ စီနေတယ်လေ။ အရမ်းပျော်စရာကောင်းပေမယ့်
နေမကောင်းတဲ့ ကျွန်မကတော့ ထင်သလောက် မပျော်နိုင်ဘူးလေ။ ကျွန်မအဖွဲ့ အားလုံးကတော့ ချောင်းထဲ
ရေဆင်း ကူးကြတယ် လေ။ ကျွန်မကတော့ ဘေးကနေ ကြည့်နေခဲ့တယ်။
ကျန်းမာရေးဟာ ဘယ်လောက်ထိ အရေးကြီးကြောင့်ပိုပြီးသိလာခဲ့မိတယ်။
သူတို့ ရေကူးပြီးတာနဲ့ ပြန်ခဲ့ကြတယ်။ ညအစီစဉ် အတွက် စီစဉ်ရင်း ညစာစားပြီးတာနဲ့ 
ဝက်သွန်ချောင်ခန်းမကို ထွက်လာခဲ့ကြတယ်။ ည(6:00)နာ၇ီ အစီစဉ်စဖို့ အားလုံးကို
Home Visiting သွားရင်း ဖိတ်ခဲ့တာ တစ်ယောက်မှ ပေါ်မလာခဲ့ဖူးလေ။
ည(7:00)နာရီကျော်မှ လူတစ်ချို့ ရောက်လာကြတယ်။ သြော်..........မွန်နာရီလည်း တော်တော်
ကြီးမှန်း အဲချိန်မှ သိခဲ့ရတယ်။ လူငယ်တွေကို အဓိကထားဖိတ်ခဲ့ပေမယ့် လူကြီးနဲ့ ကလေးတွေက ပိုများနေခဲ့တယ်
ပြင်ဆင်ထားတဲ့ Data ကိုလည်း အမြန်ဆုံး ပြန်ပြင် ရတဲ့ထိပဲ။ ၀က်သွန်ချောင်မှာက လူငယ်အများစုက
နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြသောကြောင့် လူငယ်မရှိခြင်းဖြစ်ကြောင်း လူကြီးတွေရဲ့ အပြောကြောင့်
သိခဲ့ရတယ်။ ဒါပေမယ့် ကျွန်မတို့ ကတော့ ကြိုးစားပြီး တာဝန်ခွဲဝေပြီး သင်တန်း အနည်းငယ်ပေးလိုက်
Performance နဲ့ ဖျော်ဖြေလိုက်နဲ့  ည(9)နာရီထိ အလုပ်ရှုပ်နေခဲ့ပါတယ်။
ကျွန်မတို့ လည်း လူကုန်ကူးခံခဲ့ရတဲ့သူတွေရဲ့ အကြောင်းကို ဥပမာများစွာ ပြောပြတဲ့အခါ သင်တန်းသားထဲက
Trafficking လုပ်ခံရပြီး လွှတ်မြောက်လာတဲ့သူတွေရဲ့ feedback လေးတွေကိုလည်း ပြန်လည်ပြီး ဝေငှါသံလေး
တွေကြားခဲ့ရတယ်။ ည(10)နာရီလောက်မှ အစီစဉ်ပြီးသောကြောင့် တည်းသောအိမ်ကိုပြန်လာခဲ့ပါတယ်။
တစ်ယောက်အနည်းချက်တစ်ယောက် ဝေဖန်အကြံဥာဏ်ပေးရင်း မနက်ဖြန်အတွက် ပြင်ဆင်ပြီး အနားယူ
ခဲ့ကြပါတယ်။ မနက်ဖြန်မနက်ရောက်တော့ ကျွန်မတော်တော် သက်သာသွားခဲ့ပါတယ်။ ၀က်သွန်ချောင်မှာ
နေတဲ့ မော်လမြိုင် UCF ကျောင်းသူဟောင်း အိမ်မှာ မနက်စာဖိတ်လို့ သွားစားပြီး ညအတွက် ပြင်ဆင်ခဲ့
ကြပါတယ်။ ၀က်သွန်ချောင်က လူငယ်တချို့ လာရောက်ပါဝင်ခဲ့သောကြောင့် Action Song တွေပိုပြီး လုပ်နိုင်
ခဲ့တယ်။ ညမှာလည်း မနေ့ ညထက် ပိုစည်ပြီးပျော်ဖို့ ကောင်းခဲ့ပါတယ်။ မွန်အစားအစာကလည်း အရသာအရမ်း
ရှိတဲ့အတွက် မနက်ဖြန်ပြန်ဖို့ တောင် စိတ်မှာမပြောတတ်အောင်ပဲ ဒွဟနေခဲ့တယ်။ ညပြန်ရောက်တော့
မနက်ဖြန် မော်လမြိုင်သို့ ပြန်တက်ရမှာမို့ Feedback တွေ Assignment တွေရေးခဲ့ကြတယ်။ (1)နာရီ
ခွဲထိ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်အကြံပေးရင်း စကားပြောဖြစ် ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်
နေရာဌါနမတူ၊ လူမျိုးမတူပေမယ့် တနေရာတလှေထဲခရီးကို အတူတူ လျှောက်လှမ်းချိန်မှာ တကယ်
ညီအစ်ကိုမောင်နှမ စိတ်ဓာတ်အပြည့်နဲ့ တစ်ယောက် အားနည်းချက်ကို တစ်ယောက်နားလည်ပြီး ကူညီ
ဖေးမ ဖြစ်ခဲ့ကြတယ်။ ကျွန်မတို့ ဝက်သွန်ချောင်အုပ်စုမှာ ရန်ကုန်၊မန္တလေး၊မကွေး၊မော်လမြိုင်၊မြစ်ကြီးနား
(UCF s)များ ပါဝင်ခဲ့ပါတယ်။ နောက်မနက်ရောက်တော့ မိုးအရမ်းရွာပါတယ်။ စက်စဲပင်လယ်ကမ်းခြေ သွားလည်
ဖို့ စီစဉ်ထားသောကြောင့် မိုးရွာသော်လည်း ကျွန်မတို့ အုပ်စုအင်းတိုက်အားတိုက်နဲ့ သွားခဲ့ကြပါတယ်
ကျွန်မကတော့ နယ်က လူပီပီပင်လယ်ကို မတွေ့ ဖူးတော့ ပြောမပြတတ် အောင်ပဲပျော်တယ်။
စက်စဲကမ်းခြေဟာ ရေနောက်နေပေမယ့် ကျွန်မပျော်တယ်။ အများစုက ပင်လယ်တွေ့ ဖူးကြတော့ သိပ်ကြီး
မပျော်ကြဘူး။ ကျွန်မ ပျော်တာမြင်တော့ သူငယ်ချင်းတစ်ယောက်က တကယ်တောသူပဲတဲ့။
နေ့ လည်လောက်ရောက်တော့ ကျွန်မတို့ လိုင်းကားနဲ့ မော်လမြိုင်သို့ ပြန်လာခဲ့ကြပါတယ်။
အဲဒီချိန်မှာ အုပ်စုခွဲပြီး သွားခဲ့ကြတဲ့ ကျွန်မတို့ အားလုံးပြန်ဆုံခဲ့တယ်။ အားလုံးက မတွေ့ တာ(၃)ရက်လောက်ပဲ
ရှိသေးပေမယ့် ပြောစရာကို မကုန်နိုင်အောင်ပါပဲ။ တစ်ယောက်အတွေ့ အကြုံတစ်ယောက်ဝေငှါရင်းနဲ့ ပြော
မကုန်နိုင်သည့် ထိပါပဲ။ ညနေပိုင်းရောက်တော့ တောင်ခြေက ရေတံခွန်မှာ သွားလည်ခဲ့ကြပါတယ်။
အားလုံးကတော့ ရေဆင်းဆော့ ကြပါတယ်။ကျွန်မကတော့အခုမှသက်သာလာခါစဆိုတော့ရေထဲမဆင်းဖြစ်
ခဲ့ပါဘူး။သူတို့ ပျော်ကြတာတွေ့ သော်လည်းကျွန်မလည်းပျော်မိပါတယ်။ မကြာမီရက် အတွင်း ခွဲရတော့မဲ့
UCF ညီအစ်ကိုမောင်နှမကို ကြည့်ရင်း မျက်ရည်ဝဲလာမိ ပါတယ်။ ခဏလေးဆိုတဲ့ အချိန်ဟာ ထာဝရဆိုတဲ့
အရာ ဖြစ်ပေါ်စေတတ်မှန်း သိခဲ့ရတယ်လေ။ ညရောက်တော့ မိမိတို့ လူမျိုးစုလိုက်ရဲ့ အကလေးတွေ ကပြီး
အားလုံး ၀ိုင်းဖွဲ့ ပျော်ခဲ့ကြတယ်။ မနက်ဖြန်ပြန်ရတော့မယ်လို့ အားလုံးက ထင်ခဲ့ပေမယ့် ကျွန်မတို့ GSက မနက်ဖြန်မှ ရောက်လာမှာမို့ တစ်ရက်ထပ် နောက်ဆုတ်ခဲ့တယ်လေ။ အားလုံးက အိမ်ကိုလည်း ပြန်ချင်
ကြသလို အိမ်ကိုလည်း မပြန်ချင်ကြဘူး။ ဆုံးဖြတ်ရ ခက်နေကြတယ်လေ။ အားလုံးဟာ နှစ်ပတ်လောက်အတူ
တူနေခဲ့ရတယ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်က မမြင်နိုင်တဲ့ သံယောဇဉ်တွေ ရစ်ဖွဲ့ နေခဲ့ပြီလေ။
နောက်တစ်ရက် မနက်ရောက်တော့ ကျွန်မတို့ GS ရောက်လာပြီး ဒီ awareness ပေးရခြင်းရဲ့ ရည်ရွယ်ချက်
လေးတွေကို အသေးစိတ်ပြောပြပြီး အနာဂတ်အတွက် Vision လေးတွေ အကြောင်းပြောပြ ခဲ့ပါတယ်။
GS ပြောမှာပဲလူမူရေးလုပ်ငန်းတွေကိုပိုပြီးစိတ်ဝင်စား လာခဲ့မိတယ်။ Assignment တွေတင်ပြီး ကျွန်မတို့ 
ကျောက်တောင်တွေမှာ သွားလည်ခဲ့ကြတယ်။ ညရောက်တော့Game တွေကစားခဲ့ကြတယ်။
မနက်(2:30)ထိကစားခဲ့ကြတယ်။ အဲဒီညကတော့ အားလုံးအတွက် မမေ့နိုင် ဆုံးညလေးပေါ့၊
မနက်(5)နာရီကတည်းက မော်လမြိုင်ဘူတာကို သွားခဲ့ကြတယ်။ သံယောဇဉ်ဖြစ်နေပြီ ဖြစ်တဲ့ မော်လမြိုင်
UCF က သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း...........အိမ်ပြန် ခရီးဆက်ခဲ့ကြပါတယ်။
အလာနဲ့ မတူတဲ့ အပြန်ခရီးပါပဲ။ အလာတုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက်စကားမပြောပဲ နေခဲ့ကြပေမယ့်
အပြန်မှာတော့ လာလည်ဖို့ ကိုယ့်မြို့ အကြောင်း အားရပါးရ ပြောခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်
သံယောဇဉ်ဖြစ်တော့ အစ်ကိုတွေမောင်တွေ ပေးရင်း ယောင်းမလေးတွေ တော်ခဲ့ကြတယ်
အိမ်ပြန်ခရီးတော့ တကယ် အလွမ်းတွေနဲ့ ပါပဲ။ အလာတုန်းက တက်ကြွခဲ့ကြပေမယ့် အပြန်ကျတော့
တစ်ယောက်နဲ့ တစ်ယောက် စကားတောင်မပြောနိုင်ခဲ့ကြဘူးလေ။ (ရင်ထဲပြည့်နေတဲ့ခံစားချက်တွေကြောင့်ပါ)
အခုလည်း ပြန်ရေးရင်းနဲ့ အရင်က ပျော်ရွှင်ခဲ့တဲ့ညတွေကို လွမ်းမိတယ်။
မြစ်ကြီးနား UCF, မကွေး UCf, မော်လမြိုင်UCF, ရန်ကုန်UCF, မန္တလေးUCF က သူငယ်ချင်းအားလုံကို
လည်း အရမ်း သတိရမိတယ်။ အနေနီးတော့ ရင်းနှီးမှုတွေ ပိုခဲ့ကြတယ်လေ။ Trafficking awarness ကိုတက်ရောက်ခဲ့ ရတဲ့အတွက် သူငယ်ချင်းအသစ်တွေ ရခဲ့တဲ့အပြင် ဘ၀မှာဘယ်အရာ က ပိုပြီး အေ၇းကြီး သလဲဆိုတာ ကို ပိုပြီး သိမြင်လာခဲ့တယ်။ အားလုံးကို အားပေးချင်တယ် ကြုံရင်ကြုံသလို သင်တန်းလေးတွေ ၊ အမြင်ဖွင့် သင်တန်းတွေကို တက်ပါလို့ ။ အခုတော့ ကျွန်မလည်း ရောက်တဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အမြင်ဖွင့်သင်တန်းတွေ အကြီးကြီးမလုပ် နိုင်ပေမယ့် Conselling တွေ အမြဲလုပ်ပေးနေပါတယ်။
ကျွန်မ လည်း ကြိုးစားနေဆဲပါ။ ဒီ ဆောင်ပါးလေး ရေးရခြင်းဟာ ဘယ်လိုရည်ရွယ် ခြင်းမျိုးနဲ့ မှတော့ မဟုတ်ပါ။ ကျွန်မ ဘ၀မှာ ဒီအမြင်ဖွင့် သင်တန်း တက်ခဲ့ရလို့ အမြင်တွေ ပြောင်းလဲခဲ့ခြင်း အကြောင်း သိစေချင်တော့ကြောင့်သာ ဖြစ်ပါသည်။
အမြဲကြိုးစားနေအုံးမည့်
bs
Advanced System Care.8.1.serial.crack
9 years ago
0 comments:
Post a Comment