သူ့ က နှလုံးသားထဲမှာ မထင်မှတ်ပဲေ၇ာက်လာခဲ့တဲ့ နှလုံးသားဧည့်သည် လေးပေါ့။
သူ က အမြဲ မထင်မှတ်ပဲ ရောက်ရောက်လာတတ်တယ်။ နှလုံးသားထဲကိုဟော .....နေရာတိုင်းမှာပေါ့။
ကိုယ်မျှော်လင့်နေတဲ့အချိန် ဆို တော်ရုံတန်ရုံ ရောက်မလာတတ်သူပေါ့။
ရောက်လာရင်လည်း နှလုံးသားကို မြှားခေါ်သွားတတ်တယ်။
အမြဲ ပါသွားတဲ့နှလုံးသားက သူ မရှိတော့ရင် မနေတတ်အောင်ပဲလေ။
သူ့ ကို ပဲ မျှော်နေမိတယ်။ ကိုယ့်ရဲ့ နှလုံးသားကို မြှားခေါ်သွားမဲ့လူဆိုတာ သိရက်နဲ့ .............သူ့ ကိုပဲ မျှော်နေမိတတ်တယ်လေ။ သူ ကိုယ့်နားမှာရှိရင် ပတ်ဝန်းကျင်တစ်ခုလုံး မရှိတော့သလို ပါပဲ။
သူ နဲ့တင် ပြည့်စုံတတ်တယ်လေ။ ဒါကြောင့် သူ့ ကို ပဲမျှော်တာ မမှားဘူးလို့ ထင်တာပဲ။ အရာရာ သူ ကိုယ့်နားရှိရင် ဘာမှမလို တော့ဘူးလို့ ခံစားမိတယ်လေ။ သူ့ ရှိနေရင် သူ့ နားမှာကိုယ်ရှိနေရင်............
အာရာအားလုံး က မရှိတော့သလို ပဲ။ သူ့ ကြောင့် ကိုယ့်အတွက် ဘာမှမလို တော့သလို ပဲ။
အလိုလို နေရင်း စိတ်က ပြည့်စုံမှုကို ခံစားရတယ်လေ။ သြော်...........ကမ္ဘာကျော်ပုဂ္ဂိုလ် တွေတောင် အချစ်အောက်မှာ ဆုံးရှူံး သွားခဲ့ကြတာ ဘာကြောင့်လဲဆိုတာ ကျွန်မ ကိုယ်တိုင် ကြုံတွေ့ လာမှာပဲ နားလည်မိတော့တယ်။ အချစ်ဆိုတာ ချစ်တတ်ခဲ့မယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့ ခံစားချက်မျိုးကို ခံစားရတတ်မှန်း သိခဲ့ရပြီလေ။ အရာရာဟာ သူ့ ကြောင့် ပြည့်စုံခဲ့ပြီလေ။
0 comments:
Post a Comment