ဆောင်းလေတွေ တိုက်ခတ်လာချိန် ..............................
ရင်ထဲက ခံစားချက်လေးတွေ................................
ပေါက်ထွက်လု မတတ်ပါပဲ..............................
ယိုစီးလာတဲ့ အိမ်လွမ်းသူ................မျက်ရည်လေး
ခံစားချက်လေး.............................ဘယ်သူမြင်နိုင်မလဲ............................
အိမ်အပြန်လမ်းကြိုနေမဲ့ အမေ့ ရဲ့ ကရုဏာ အကြည့်လေး................
အပြုံးပန်း တွေ ဝေနေမဲ့  အမေ့ရဲ့ ပုံပန်းလေး................................
ဘယ်လိုထိန်းချုပ်နိုင်စွမ်းရှိမှာလဲ......................အိမ်လွမ်းသူမျက်ရည်လေး။
(p.s ကာရံမညီတော့လည်း copy right မရှိသေးတဲ့ ရင်ထဲ က ခံစားချက်လေးပါ။)

အိပ်နေရင်း တန်းလန်းမှ ခြေထောက်ကို ကွေးနိုင်သလောက် ကွေးနေမိတယ် ။ သြော် ဆောင်းရာသီလည်း ရောက်နေပြီ ဆိုတာကို သိလိုက်ရတယ်။ အလုပ်များ တော့ နိုဝင်ဘာ လ ၀င်မှန်းတောင် သတိမထားလို က်မိပါ။ အေးစက်နေ တဲ့ မနက်ခင်းလေးမှာ အိပ်ရာ အစောကြီးထဖို့  နိဂုံးကထက် ပိုပျင်းနေမိတယ်။ စောင်ပါးပါးလေးနဲ့ မို့ ဒီမနက် ဆောင်းအိပ်စက်ဒဏ်ကို အရမ်းချမ်းသလို ခံစားမိတယ်။ အိပ်ရာထဲ တွေးမိရာတွေးနေချိန်မှာ အိမ်ရှေ့  မှာ တံခါးဖွင့်သံကြားရတယ်။ ကျွန်မလည်း ထပြီး သွားကြည့်လိုက်မိတော့အဒေါ်နဲ့  ဦးလေးတို့ က သိုးမွေးဦးထုပ်လေး၊ ဘွတ်ဖိနပ် ကိုယ်စီနဲ့ မနက်လမ်းလျှောက်ပြန်လာတာဆို ပြီးလှမ်းပြောနေတယ်လေ။ ကျွန်မ ငယ်ငယ်တုန်းက ဆောင်းရာသီ လေးကိုချက်ချင်း သတိသွား ရမိတယ်။ ဆောင်းရာသီရောက်ပြီဆို အရမ်း ပျော်ခဲ့တယ်လေ။ အမေက ဆောင်းရာသီရောက်တိုင်း အ၀တ်အစားတွေ အသစ်ဝယ်ပေးနေကြမို့ ပါ။ x'mas ရောက်လို့ ပျော်တာလည်းပါတာပေါ့။ ကျွန်မတို့ကျိုင်းတုံက တောင်ပေါ်မြို့ လေးမို့ အရမ်းအေးတယ်လေ။ ငယ်ငယ်တုန်းက မနက်တိုင်း အဖေနဲ့ မောင်နှမ ငါးယောက် ပြေးခဲ့ကြတာတွေ သတိပြန်ရနေမိတယ်။ အဖေရဲ့ အချစ်တော်ဖြစ်တဲ့ ကျွန်မနဲ့ မောင်လေး က အဖေလက်ကို ဆုပ်ကိုင်ပြီးပြေးခဲ့ကြတာတွေ သတိရနေမိတယ်။ အခုချိန်မှာ အဖေတစ်ယောက်ထဲ ပြေးနေမလာ လို့ တွေးနေမိတယ်။ ကျွန်မအမေက ကျွန်မတို့ မောင်နှမတွေ သွားပြေး ပြန်လာရင် မနက်စာအတွက်ပြင်ဆင်တာမို့ ဘယ်တော့မှ မလို က်ဖြစ်ခဲ့ဘူး။ ကျွန်မ အမေ ကတော့ အနစ်နာခံဖို့ ဆို အမြဲ ထိပ်ကပါပဲ။ ကျွန်မရဲ့ အစ်ကိုအကြီး က နိုင်ငံခြားမှာ၊ အစ်ကိုလတ်က မန္တလေးမှာ၊အစ်ကိုအငယ်ဆုံးနဲ့ မောင်လေးက ရန်ကုန်မှာ၊ ကျွန်မ က တာချီလိတ်မှာ။ မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခဲ့ တဲ့အချိန်လေးတွေကို ပြန်သတိရနေမိတယ်။ အဖေ နဲ့ အမေ ၊အဘိုး သုံးယောက်သာ အိမ်မှာဘယ်လောက်ထိများ အထီးကျန်နေလေမလဲ ဆိုတာတွေးနေမိတယ်။ မနက်မိုးလင်း ကတည်းက တစ်ယောက် တစ်ပေါက် အော်ဟစ် ပြီးဆူညံနေခဲ့ တဲ့ အိမ်လေး အခုတော့ တိတ်ဆိတ်မှုများ စွာနဲ့ လေ။ ဘ၀အတွက်ကြိုးစားနေကြတဲ့ ကျွန်မတို့ မောင်နှမ တွေ လည်းပြန်ဆုံဖို့ လည်း မလွယ်ခဲ့ဘူးလေ။ အားလုံးက မိမိတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေလျှေက်လှမ်း နေကြတဲ့ ကျွန်မတို့ မောင်နှမ တစ်ယောက်နဲ့ တစ်ယောက် မေးလ်ပို့ ပြီး wish လုပ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဝေးကနေ အားပေးကြတယ်၊ တိုင်ပင်ကြတယ်၊ အကြံဥာဏ်တွေပေးစရာ ရှိတာတွေ ဖုန်းနဲ့ ပဲ ဖြစ်ဖြစ်၊ မေးလ်နဲ့ ပဲဖြစ်ဖြစ် ပို့ ကြတယ်။ တွေးမိတွေးရာတွေး နေမိချိန် အိမ်ကိုကြမ်းတမ်းမယ်လို့ စဉ်းစားပြီး ကျွန်မ သူငယ်ချင်းပို့ လာတဲ့သူ့ရဲ့ သီချင်းသစ်ကို နားထောင်ဖို့  ဖွင့်လိုက်တော့...................................အိမ်နဲ့ ဝေးနေရတဲ့သူ ရဲ့  သီချင်းဖြစ်နေပြန်တယ်။ ကြမ်းတမ်းနေရင်း အိမ်ကိုလွှမ်းတဲ့ စိတ်က ပိုပြီး ပြင်းထန်လာမိတယ်။ သီချင်းသံလေးက ဂီတ သံ တိုးတိုးလေးနဲ့ အရမ်းခံစားလို့ ကောင်းတဲ့ သီချင်းဖြစ်နေတယ်။ ကျွန်မကလည်း သီချင်းစာသားလေးနဲ့ ခေါင်းစဉ်ကိုယူကြည့်လိုက်တော့ Away Home တဲ့ လေ။ ( သီချင်းစာသားလေးပါ)


Away Home

V:1 အဝေးဆုံးမှာတစ်ယေက်ထဲအထီးကျန်နေချိန် သတိရတဲ့ အနွေးထွေးဆုံးအိမ်ကို
ကြမ်းတမ်းတဲ့ ဘ၀လမ်းထဲ နွမ်းနယ်ချိန်မှာ အောက်မေ့တဲ့ အနွေးထွေးဆုံးအိမ်ကို
V:2 အဝေးဆုံးမှာတစ်ယောက်ထဲ အားငယ်ချိန်မှာသတိရတဲ့  အနွေးထွေးဆုံးအိမ်ကို
ငြိမ်းချမ်းတဲ့  မိသားစုအသိုက်အမြုံဆီကို တစ်နေ့ တော့လေ ပြန်ရောက်ဖို့ ရည်ရွယ်
CHO: အိပ်မက်တွေ များစွာ ရင်မှာပိုက်ထွေးရင်း အဝေးရောက်သူ ပြန်လှည့်ဖို့ ခက်ခဲ
အတွေးထဲမှာ အမြဲတမ်း ရှင်သန်နေဆဲပဲ အဝေးက အိမ် တစ်ခါ ပြန်ရောက်ချင်တယ်

သံစဉ်တေးသွားလေး တွေ က ရင်ထဲမှာ မပြောပြတတ်အောင်ပါပဲ ။ အရမ်းအိမ်ကို ပြေးပြီးပြန်ချင်စိတ် ဖြစ်နေမိတယ်။ အထီးကျန်နေမဲ့ကျွန်မချစ်ရတဲ့ အဘိုး ၊အဖေ၊ အမေ။ သူတို့ တွေ ဘယ်လောက်ထိ အိမ်ပြန်လာကြမဲ့ သားသမီးတွေကို မျှော်နေမှာလဲ။ အဲလိုတွေးမိလို့ ချက်ချင်း အိမ်ကို ဖုန်းဆက်မိတယ်။ ကိစ္စာထူးထူး ထွေထွေမရှိရင် ဖုန်းမဆက်တတ်တဲ့ ကျွန်မကို အဖေနဲ့ အမေ က ဘာလို လို့ လဲတဲ့။ သူတို့  မေးရင်လည်း မေးချင်စရာပါပဲ ။ ကျောင်းတက်ခဲ့တာ သုံးနှစ်အတွင်း ပိုက်ဆံလိုရင်လို မလိုရင်လည်းကိစ္စရှိမှ ဖုန်းဆက်တတ် ခဲ့တယ်လေ။ ဒါကြောင့် အဖေနဲ့ အမေ ဘာလို လို့ လဲသမီးရေ လို့ မေးတာတော့ ကျွန်မ အနေနဲ့ဘယ်လို မှမခံစားခဲ့ရဘူးလေ။ ကျွန်မ အနေနဲ့ က တော့ အလွှမ်းသယ်သံကိုအရင် ကြားချင်တာပေါ့နော်။ ဒါပေမယ့် ကျွန်မ ကိုယ်တိုင်က အိမ်နဲ့ ဘယ်လောက်ထိဝေးကွာပြီး နေခဲ့ရပါစေ အိမ်ကို အလွမ်းမသယ်ပြတတ်ခဲ့ဘူးလေ။ ရင်ထဲမှာဘယ်လောက်ခံစားနေပါစေ တော်ရုံတန်ရုံနဲ့ အမေနဲ့ အဖေကို ဖွင့် မပြောတတ်ခဲ့ဘူး။ အမေက ဘာလို လဲမေးတော့ ။ ဘာမှမလိုပါ ဘူး အမေတို့ ကိုသတိရလို့ ပါလို့ ဖြေခဲ့တယ်လေ။
အမေအသံကလည်း ငိုသံပါလာတယ်လေ။ ကျွန်မ အမေက မျက်ရည်ကျလွယ်သူ ပီပီဖုန်း ပြောရင်းမျက်ရည်ကျ နေမယ်ဆိုတာ ကျွန်မသိနေခဲ့တယ်လေ။ ကျွန်မကတော့ စိတ်မာသူမဟုတ်ပေမယ့် ကျွန်မ ငိုလို့ မဖြစ်ဘူး ဆိုပြီး အမေကြားအောင် မငိုမိဖို့ စိတ်မနည်းထိန်း ခဲ့ရတယ်။ ကျွန်မ ငိုရင် အမေက ပိုစိုးမှာဆိုတာ သိနေတယ်လေ။ အမေကလည်း အခက်ခဲရှိလို့ လာလို့ မေးရှာတယ်။ သားသမီးတွေက အခက်ခဲ တွေ့ ရင် အမိတ တတ်မှန်းအမေ သိနေခဲ့လို့ လေ။.................မရှိပါဘူး သတိရရုံသက်သက်ပါလို့  မနည်းအားတင်းပြီးပြန်ဖြေခဲ့ရတယ်။......................................................................................
ဒီမနက် ကွန်ပျူတာဆိုင်သွားဖို့ ထွက်လာခဲ့တော့ လမ်းတစ်လျှောက်လုံး ဒီတစ်ခေါက်အိမ်ပြန်ရင် အဖေကြိုက်တတ်တဲ့  ၀ိုင် ၀ယ်သွားမယ်။ အဘိုးကြိုက်တတ်တဲ့ မုန့် တွေသယ်သွားမယ်။ အမေကြိုက်တတ်တဲ့ အကျီ လေးဝယ်သွား ပေးမယ်။ ပြီးတော့ အိမ်လွမ်းသူ ရဲ့ အိမ်လွမ်းခဲ့ရတဲ့ ခံစားချက်လေးတွေကို ပြောပြမယ်။ ဆိုပြီး အတွေးတွေ တစ်ခုပြီးတစ်ခု တွေးနေမိတယ်လေ။ ဆိုင်ကယ်စီးပြီးသွားနေတာမို့ လေအေးလေးတွေ တိုက်ခတ်လာတော့ အမေ့ကို ပိုပြီးသတိရနေမိတယ်။ အမေသာဆို အပြင်ထွက်ပြီဆို သူ့ ထိုးပေးခဲ့ တဲ့ သိုးမွေး ဦးထုပ်လေးကို သူ့ ကိုယ်တိုင် သေချာလေး ဆောင်းပေး တတ် တယ်လေ။ အခုတော့ တစ်ယောက်ထဲပဲ ဘ၀မှာ ရင်ဆိုင်နေရတယ်လေ။ အမေရဲ့ ကြင်နာမှုလေးတွေ အဖေရဲ့ ကရုဏာသံပါပါ အမြဲ အားပေးတတ်တဲ့ အဖေ ကို သတိရနေမိတယ်။ ကျွန်မ အပြင်ထွက်ပြီးဆို သမီးရေ အပြင်မှာအရမ်းအေးတယ် နွေးနွေးထွေးထွေး ၀တ်သွားမှာပေါ့။ အဖေပဲလိုက်ပို့ မယ်လေ ဆိုပြီးအမြဲ ပြောတတ်တဲ့ အဖေကို လည်းအရမ်းသတိရနေမိတယ်။ ကျွန်မအဖေက တော့ ကျွန်မတို့ လျှောက်ချင်တဲ့ လမ်းကို လျှောက်နိုင်ဖို့ အမြဲ အားပေးခဲ့သူပါ။ ကျွန်မ အစ်ကို အကြီး ကို ဆေးနဲ့ ဆိုင်တဲ့ တက္ကသိုလ်တစ်ခုခုကို တက်ခိုင်းစေချင်ခဲ့တယ်။ ဒါပေမယ့် အစ်ကိုကြီး က ဆေးဘက်ဝါသနာမပါ ဘူးလို့ ပြောခဲ့တော့လည်း သူ့ စိတ်ကြိုက်တက်ချင်တဲ့ ဟာကိုတက်ခိုင်းခဲ့တယ်။ အဲလို ပဲ ကျွန်မကို လည်း စိုက်ပျိုးေ၇းတက္ကသိုလ် အရမ်းတက်ခိုင်းစေချင်ခဲ့ပေမယ့် ကျွန်မ ၀ါသနာမပါဘူးလို့ ပြောတော့ အတင်းဘာမှ မတိုက်တွန်းခဲ့ဘူး။ မောင်နှမတွေ အားလုံးကိုလည်း မိမိလျှောက်ချင်တဲ့လမ်းကို စိတ်ကြိုက်ရွှေးချယ် ခွင့်ပေးသည့်သာမက အမြဲဘေးကနေ အားပေးနေခဲ့တယ်။ ဘယ်လိုပဲအခက်ခဲတွေ ကြုံပါစေ၊ ပိုက်ဆံအခက်ခဲ ဘယ်လောက်ပဲရှိနေပါစေ အဖေနဲ့ အမေ ရှိနေတော့ ဘယ်တော့မှ စိတ်မပူ တတ်ခဲ့ဘူး။ အလုပ်ကိုယ်စီရသွားလို့ ပိုက်ဆံအဆင်မပြေတာတွေ(သုံးမလောက်တာပါ) ရှိခဲ့ရင်လည်း ပို့ ပေးတတ်တယ်လေ။
အမြဲ သားသမီးအတွက် မငြို ငြင်ပဲ ရပ်တည်ပေးခဲ့တဲ့အဖေနဲ့ အမေ သက်တော့ရာကျော်ရှည်ဖို့ အမြဲ ဆုတောင်းနေမိတယ်။ ဆောင်းရာသီ နဲ့ ဆက်စပ်ပြီး သတိရမှုလေးတွေ က အဖေနဲ့ အမေ ရဲ့ ကြင်နာမှုလေးတွေ ၊ အနစ်နာခံမှုလေးတွေ၊ လမ်းပြခဲ့မှုတွေ ၊ ကွယ်ကာပေးခဲ့မှုလေးတွေ၊ ပံ့ပိုးပေးခဲ့မှုလေးတွေ ပြန်လည်အောက်မေ့ သတိရနေသွားစေခဲ့ တယ်။ အားလုံးလည်း .........ကိုယ်စီ ကိုယ်စီ အိမ်လွမ်းဇာတ်လမ်း ရှိမယ်ဆိုတာ သေချာပါတယ်။ ဘယ်လောက်ထိဝေးကွာနေပါစေ အိမ်လွမ်းသူလေးတွေအားလုံးကို အားပေးချင်တယ် မိဘကိုတော့ အမြဲ wishes လုပ်ပေးပါ။ အလုပ်ဘယ်လောက်ပဲမအားပါစေ တစ်ရက်ခြားဖြစ်ပါစေ ၊ တစ်ပတ်ခြားဖြစ်ပါစေ Wishes လုပ်ပေးပါ။ သူတို့ တွေဟာ တကယ်တမ်း စဉ်းစားရင် သနားစရာကောင်းတဲ့သူတွေပါ။ သူတို့ခက်ခဲနဲ့ပျိုးထောင်ခဲ့ရတဲ့ သားသမီးတွေ အရွယ်ရောက်လာတော့ ဘ၀ရှင်သန်ဖို့ အတွက် ရေကြည်ရာမြက်နုရာ ရွှေ့  ပြောင်း နေထိုင်ကြတော့ ကိုယ့်သားသမီး ကို အောင်မြင်မှုတွေပဲ ရခိုင်းစေချင်တဲ့ မိဘတွေက သူတို့ နဲ့ နေဖို့ ဘယ်လို အားအင်မျိုးနဲ့ တားပါမလဲ၊ ပြောပါမလဲ။ တကယ်ပါ အဝေးကနေ whises လုပ်ပေးနေရင်လည်း သူတို့ ကို အလေးအနက်ထားပြီး သူတို့ ကိုလည်း သတိရနေသေးကြောင်းသူတို့ခံစားမိကြတယ်လေ။ ကိုယ် ဘာမှမိဘတွေ အတွက် မလုပ်ပေးနိုင်ရင်တောင် အမြဲ whises လုပ်ပေးဖို့ မမေ့ပါနဲ့ လို့ အားလုံးကို အားပေးချင်တယ်။
အမြဲ ကြိုးစားနေမဲ့ 
အိမ်လွမ်းသူလေး
bs.