blog ပေါ် မရောက်တာလည်း လနဲ့ ချီ ပြီး ကြာခဲ့ပြန် ပြီ။ မေလ (20)ရက်ကတည်းက ကျွန်မ ရဲ့ ဇာတိ မြေ ဖြစ်တဲ့ ကျိုင်းတုံ မြို့ ကို ပြန်ခဲ့တော့ net သုံးဖို့ လုံးဝ အဆင်မပြေဘူး ဖြစ်သွားခဲ့တယ်။ net ဆိုင် သွားရင်လည်း လိုင်းမကောင်းတာနဲ့ မေးလ် စစ်ဖို့ တောင် တစ်နာရီ လောက်ထိုင်စောင့်ရပါတယ်။ သြော်.......ရန်ကုန် မြို့ ကြီးရဲ့ connection က ဆိုးလှ ပြီထင်ခဲ့တာ ကျိုင်းတုံက ပိုတောင် ဆိုးနေခဲ့ပါတယ်။ blog ရေး ဖို့ နေနေ သာသာ မေးလ် တောင် မနည်းစစ်နေရတဲ့ ဘ၀ ပါ။ ပြီးတော့ လိုင်းမကောင်းသလို ဆိုင် ရှင်တွေ က service အရမ်း ညံပြန်တယ်။ ဒါကြောင့် net ဆိုင် မရောက်ဖြစ်ခဲ့ပြန်ဘူး။ ဒါပေမယ့် အခု ရန်ကုန် ပြန်ရောက်ပြီဆိုတော့ ဘယ်လို ပဲဖြစ်ဖြစ် အရင် ကထက်တော့ blog ကို ပုံမှန် ပြန်ရေးဖြစ်မှာပါ။ အားလုံးကို သတိရမိတယ်လေ။ အားလုံးကို နှုတ်ဆက်ပါတယ်။ မင်္ဂလာပါ blogger သူငယ်ချင်း ။ ............
ဆက်လက် ကြိုးစားသွားပါအုံးမယ်
ဘူးဆော