အင်း..........ဘာလို လို နဲ့ မိခင်များနေ့ ရောက်ရှိလို့ လာခဲ့ပြီလေ။ မနေ့ ည ကတည်းက မနက်ဖြန် မိခင်များနေ့ အမေ့ ကို ကျေးဇူးတင် စကား ပြောမယ် လို့မအိပ်ခင်ကတည်းက ဆုံးဖြတ် ပြီး အိပ်ခဲ့တယ်။ ဒါပေမယ့် မနက် မိုးလင်းတာပဲ ရှိသေးတယ် သူငယ်ချင်းက ရောက်လာတော့ ။ ကျွန်မ မှာ အိပ်ရာကမန်း ကတမ်း ထ ပြီး ရေမိုးချိုး ပြီး သင်တန်း သွားခဲ့ရတယ်။ သင်တန်းသာ သွားတာ မိခင်များနေ့ အမေ့ ကို whises မလုပ်ရသေးဘူး ဆိုပြီး စိတ်က နေ လို့ မကောင်းဘူးလေ။ သင်တန်း ပြီးရင်တော့ ဖုန်းဆက်မယ်လို့ စိတ်ကို ဆုံးဖြတ် ထားပြန်တော့လည်း လိုင်းကားက မရပြန်ဘူး။ ကျွန်မ တို့ အသင်းတော်က အမြဲ မနက် 10 နာရီ ဆို ဘုရားကျောင်းက အစီစဉ်က ရှိတယ် ဆိုတော့။ ဖုန်းဆက်လို့ လည်း မရတော့ပါ။ ဖုန်းက ပိတ်ထားပါသည် ဆိုတာပါပဲ။ နေ့ လည် 12 ခွဲထိ ကျွန်မ မှာ အမေ့ ကို ဖုန်းဆက် ဖို့ အဆင်မပြေခဲ့ဘူး။ နေ့ လည် 1နာရီမှ အမေ ဆီ ဖုန်းဆက် ပြီး ကျေးဇူးတင် စကားပြောဖြစ်ခဲ့တယ်လေ။ ကျွန်မ တရက်လုံး ဖုန်းဆက်လို့ မရပဲဖြစ်နေတဲ့အချိန်မှာ ကျွန်မ တွေးမိတာလေး တစ်ခု ရှိသွားတယ်။ ကျွန်မ လို ပဲနယ်ကနေ မြို့ မှာ ကျောင်း လာတက်နေရတဲ့သူတွေ အလုပ်လုပ်နေရတဲံသူတွေ ကျွန်မ လို ပဲ ဖြစ်နေမှာလာ ဆိုတာကိုပေါ့။ ကျွန်မ အမေ့ ကို အရမ်းလွမ်းနေမိတယ်လေ။ အရင်တုန်းက ကျု၇ှင်သွားမယ် ဆို ထမင်း ဗူးတွေပြင်ပေးတတ်တယ်။ သူများနဲ့ အတူ စားရမယ်ဆိုတော့ ဟင်းကို တတ်နိုင်သလောက် မျက်နှာ မငယ်အောင်ရှယ် ချက်ပေးတတ်သလို အိမ်မှာ ငရုတ်သီးနဲ့ ပဲ စားရပါစေ မမူပဲ ထမင်း ဗူးတွေ ပြင်ပေးတတ်တယ်လေ။ အခုတော့ ကိုယ်တိုင် ကြုံသလို လမ်းဘေးက အစားအသောက်နဲ့ ပဲပြီးနေရတယ်လေ။အိမ်မှာ အားလို့ ချက်ဖြစ်တယ် ဆိုလည်း ခေါက်ဆွဲ ပြုတ် နဲ့ ကြက်ဥ ကြော်နဲ့ ပဲပြီးတော့တယ်လေ။ အမေ့ ရဲ့ နွေးထွေးတဲ့လက်နဲ့ ပြင်ပေးတတ်တဲ့ ထမင်း ဗူးလေးကို သတိယနေမိတယ်လေ။ အဲလိုပဲ ကျွန်မ တက္ကသိုလ် ရောက်လို့ အပြင်ထွက်ပြီဆို သမီးလေးက ဒီဝတ်စုံနဲ့ က ပိုလိုက်တာ၊ ဒီနှုတ်ခမ်းနီလေးနဲ့ က ပိုလိုက်တာ ဆိုပြီး အမြဲ ကျွန်မ အပြင်ထွက်တိုင်း အကြံဥာဏ်ပေးတတ်တယ်လေ။ အခုတော့ တစ်ယောက်ထဲ ဖြစ်သလို ပဲ cream လေး လိမ်းပြီး သင်တန်းတွေ တောက်လျှောက် ပြေးနေရတယ်လေ။ လှလာ မလှ လာ ဆိုတာတောင် ကိုယ့်ဟာကိုယ် သတိမထားမိတော့သလို အနားမှာ အားပေးမဲ့သူမရှိတော့ ဘာမှ ရေရေရာရာ မပြင်ဖြစ်တော့ဘူးလေ။ အရင်တုန်းက သင်တန်းတက်တာပဲဖြစ်ဖြစ် စာကျက်ရလို့ ပင်ပန်းတာပဲဖြစ်ဖြစ် အမေ့ကို ရင်ဖွင့်တိုင်း အမေက နားလည် သည် ရှိပါစေ နားမလည် သည်ဖြစ်ပါစေ အနားမှာ အမြဲ ထိုင်ပြီး အဆုံးထိ နားထောင်ပေးတတ်သလို အမြဲ အားပေးတတ်တယ်လေ။ အခုတော့ သင်တန်း ကနေ ပြန်လာတာ ပင်ပန်းနေလဲ နားထောင်ပေးမဲ့ သူမရှီသလို အမေ့ လို ကိုယ့်အပေါ်နားလည် ပြီး အားပေးမဲ့သူ မရှိဘူးဖြစ်နေတယ်လေ။ ည ညဥ့်နက် ထိ စာကျက်ရပြီဆို အမြဲ အနားမှာ စောင်ခြုံပြီး မအိပ်ပဲထိုင်စောင့်ပေးတတ်တယ် အမေ။ ဈေးသွားတိုင်း သမီး ကြိုက်တတ်တဲ့ အစားအစာတွေ ၀ယ်လာပေးဖို့ မမေ့တတ်တဲံ အမေ့ရဲ့ သိတတ်မှုလေးတွေ၊ အိမ်မှာ ဟင်းချက်တိုင်း အမေ့အကြိုက်ထက် သမီးတို့ အကြိုက်ကို ပဲ ချက်ပေးတတ်တယ် အမေ့ရဲ့ ဦးစားပေးတတ်မှုလေးတွေ၊ အနစ်နာခံတတ်မှုလေးတွေ ၊ အလိုက်သိတတ်မှုလေးတွေ ၊ ပေးဆပ်မှုလေးတွေ ၊ ခွင့်လွတ်တတ်မှုတွေ ဟာ သမီးအတွက် အမြဲ ဂုဏ်ယူနေရပါတယ် အမေရေ။ အမေ နဲ့ အဝေးဆုံးမှာနေရလေလေ အမေ့ရဲ့ စေတနာ မေတ္တာတွေ ပိုသိလာလေပါပဲ အမေ ရေ။ အရင်တုန်းက သမီးတို့ ဆိုးခဲ့တာတွေ ပြန်တွေးမိလေတိုင်း သမီး ကြောင့် အမေ ခံစားခဲ့ရတာတွေ အတွက်လည်း စိတ်မကောင်းဖြစ်နေရပါတယ်။ သမီးတို့ က သမီးတို့ လိုချင်တာပဲ သိခဲ့တဲ့သူတွေပါ အမေရေ။ အမေရဲ့ ပေးဆပ်အနစ်နာခံတတ်မှုလေးတွေ ဟာ သမီးတို့ ဘ၀မှာ ရှင်သန် ဖို့ လမ်းပြပေးနေသလို အားဆေး တစ်ခွက်လို ပါပဲ အမေရေ။ အရာအားလုံးအတွက် ကျေးဇူးတင်တယ် အမေရေ။ အဲလို ပဲ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားထက် သာတဲ့ စကားလုံး မျိုးရှိခဲ့ရင်လည်း ပြောချင်ပါသေးတယ် အမေရေ။ သမီးတို့ အတွက် အမြဲ ဆုတောင်းပေးနေတတ်တယ် အမေ ။ အရာအားလုံးအတွက် ကျေးဇူးပါပဲ အမေရေ..................................................အမေ နောက်ထပ် နှစ်ပေါင်း ရာကျော်အသက်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း....................................................


အခက်ခဲတွေ ကြုံဆုံလေတိုင်း စိတ်ဓာတ်မကျပါနဲ့ သမီးရေ သမီးနားမှာ ဘုရားအမြဲ ရှိတယ်ဆိုတာ အားပေးတတ်တဲ့ အမေ ..............................
ဆုံးရှုံးမှုလေးတွေ ကြုံဆုံလေတိုင်း အတွေ့ အကြုံ ပေါ့ သမီးရေ အားတင်းထား ။ လဲကျရင် ပြန်ထဖို့ အမြဲ အားပေးတတ်တဲ့အမေ....................................
ငိုနေမိတဲ့အချိန်တိုင်း မျက်ရည်သုတ်ပေးသူ။ ပျော်နေတဲ့အချိန်တိုင်း ကိုယ်နဲ့ အတူ အမြဲ ပျော်ရွှင်နေတတ်သူ...........အမေ........................
အမေ့အကြောင်းလေး............ကဗျာ မမီ စာမပီပါ အမေ ရေ........................................
ကျေးဇူးပါ မေမေ .......................အရာအားလုံးအတွက် ............ကျေးဇူးပါမေမေ.......................
အဝေးရောက် သမီး