တစ်ခုခု နဲ့ မထိတွေ့ တာ ကြာရင် စိမ်း သွားတတ်တယ်။ ဥပမာ အနေ ဝေးရင် သွေးအေး သွားတတ်တယ် ဆိုတာ ကျွန်မ ၀န်မခံချင်လည်း အခုတော့ ကျွန်မ ၀န် ခံရပြီလေ။ တကယ်ပါ။ ning ဆိုဒ် လည်းမ ရှိတော့ ကျွန်မ လည်း အွန်လိုင်း သိပ် မထိုင်ဖြစ်တော့ဘူးလေ။ blog က တော့ ထုံးစံ အတိုင်း လိုင်းမကောင်းတာ များတော့ အရင်ကလို စိတ်တက်ကြွ ပြီး poxy no. တွေ နဲ့ ကြိုးစားပြီး ၀င် ဖို့ မလုပ်ချင်တော့ ပြန်ဘူး။ အဲဒါကြောင့် ကျွန်မ က blog နဲ့ တော်တော် ဝေးကွာသွားခဲ့တယ်။ တချို့ blog လေး တွေ ပြန် ဖတ် ဖြစ်တိုင်း ငါရဲ့ blog လေးဆိုတဲ့ အသိလေးတော့ ရှိနေခဲ့ပေမယ့် အချိန်ပေး ပြီး ပြန်လာရေးဖို့ က ကျောင်းတစ်ဖက် နဲ့ ဖြစ်တော့ စိတ်ပဲ ရှိပြီ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်းတော့ ကျောင်းလည်း ပြီးသွားခဲ့ပြီဆိုတော့ အရင်ကလို မဟုတ်ရင်တော့ ထိုင်ဖြစ်တိုင်း ရေး ဖို့ ပြန် ဆုံးဖြတ် ထားပါတယ်။ အားလုံးကို သတိရတယ်။