ဘာလိုလို နဲ့ Sweet December night လည်း ရောက်လို့ လာခဲ့ပြီ။ အခုတော့ ငါတစ်ယောက်ထဲပဲ။ Sweet December night မှာ အခုလို တစ်ယောက်ထဲ အထီးကျန် ခဲ့မယ်လို့ တစ်ခါ မှ မတွေးဖူးခဲ့သလို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး လို့ ထင်ခဲ့ပေမယ့် အခုတော့ တစ်ယောက်ထဲ ဒီညလေးကို ဖြတ်သန်းေ နရတယ်။ Sweet December ညလေးကို အမြန် ဆုံး ဖြတ်သန်း ချင်နေမိတယ်။ ဒီညလေး မရှိခဲ့ရင် ကောင်းမှာပဲလို့ တွေးမိသည်ထိပဲလေ။ သူ နဲ့အတူ ရှိနေချင်ခဲ့ပေမဲ့ အခြေအနေ က ဘယ်တော့မှ မနီးစပ်နိုင်အောင် ဖန်တီး ပေးလိုက်ပြီလေ။ မယုံနိုင်ခဲ့ပေမဲ့ လက်မခံချင်ခဲ့ပေမဲ့ အခြေအနေ တွေ အားလုံးဟာ လွန်သွားခဲ့ပြီ...........။
ကိုယ့်အတွေးနဲ့ ကိုယ် ရှုပ်နေ စဉ်မှာပင်....................................။ အိမ်ကို တံခါး ဖွင့် သံ ကြားရသည်။ ပြီးတော့ မမ...........မမ ဟု အော်ခေါ် ၍ အယ်နီ လေး ပြေးလာ သံ ကြားရသည်။ သြော် အယ်နီ လေးတို့ သားအမိလည်း ရောက်လာပြီပဲ................................။ အယ်နီ လေးကတော့ ထုံးစံအတိုင်း အိမ်ရောက်တာ နဲ့ပုံပြင်ပြောဖို့ တောင်းဆိုတတ်သူ လေးပါ။
မမ.....မမ...............သမီးကို ပုံပြင်လေး ပြောပြပါလာ .....................ဟု တကျီကျီနဲ့ အိမ်နားက ကလေးမလေး အယ်နီရဲ့ အသံ။ ဟု ပြောက ကျွန်မ ပေါင်ပေါ်မှာပြေး တက်လာထိုင်တယ်။
ဟီ.......အယ်နီ တစ်ယောက်ထဲလာ မဟုတ်ဘူး ။ အမေ ပါပါတယ်။ ဒီည Sweet December မို့ လို့ အစ်မ အိမ် မှာ Sweet December သွားစောင့်မယ် ဆိုပြီး လာခဲ့ကြတာ။ ပြောနေရင်းနဲ့ပင် အစ်မ မို့ မို့ (အယ်နီ) အမေ က တံခါးဖွင့်က ၀င်လာသည်။ ငါ လာသာလာ ရတာ နင် ရှိဟော ရှိပါမှာလာလို့ စိတ်ပူနေတာ။ ဟုပြောပြီး စားစရာတစ်ချို့ နဲ့ အခန်းထဲဝင်ခဲ့ပါသည်။ ရှိပါတယ် အစ်မရေ။ (ကျွန်မ ညတိုင်း ညဆယ်နာရီလောက်မှ အိမ်မှာ ရှိတတ်သော်ကြောင့် ဤသို့ မေးခြင်း ဖြစ်ပါသည်)။
မမို့ မို့ နဲ့က အရင်တုန်းက ဘေးချင်းအခန်း အခုတော့ သူတို့ က တစ်လမ်းကျော်မှာ ပြောင်းသွားတယ်လေ။ သူတို့ သားအမိကလည်း ကိုယ့်ကို မိသားစု ၀င်လို့ ချစ်ရှာတယ်။
ဒီည ငါတို့ အတူ Sweet December စောင့် ရအောင်လို့ နင်ကြိုက်တတ်တဲ့ အကင်လေး တွေ ၀ယ်လာတယ်။ ဒီမှာ ကြည့် ၀ိုင် တောင်ပါလာသေးတယ် ဟု ပြောကာ ၀ယ်လာတော့ ပစ္စည်း များကို မြှောက် ပင့် ၍ ပြောသည်။ ဟ........အစ်မကလည်း အားနာ စရာကြီး။
ရပါတယ် မမ ရေ အားနာ မနေ ပါနဲ့......................................ဟု ပြော၍ မီးဖို ဘက် ၀င်သွားသည်။
မမ.............သမီးကို ပုံပြောပြပါဆို................................ဟု အယ်နီလေးက ကျီကျ ပြန်သည်။
အိုကေ ငါ့အယ်နီ လေး ဘာပုံပြင်လေး နားထောင်ချင်လဲ။
အင်း...........Sweet December ည အကြောင်းလေး နားထောင် ချင်တယ်။
ဟုတ်ပြီ Sweet December အကြောင်းပြောရင် မငို ရဘူးနော်...........
ဟ မငိုပါဘူး...............
အိုကေ စပြောမယ်နော်။
ဟိုရှေးရှေးတုန်းက ကောင်မလေး တစ်ယောက်ရှိတယ် တဲ့။ သူ့ မှာ အရမ်းချစ်တဲ့ မိသားစု နဲ့ သူငယ်ချင်း တွေ အများကြီး ရှိတယ် တဲ့။ သူက တော်တော် ပြည့်စုံ တဲ့သူ လို့ ပြောလို့ ရတာပေါ့နော်။ အဲလို နဲ့ Sweet December ည ရောက်လာတော့ ကောင်မလေး က သူ့ အရမ်းချစ်တဲ့ သူငယ်ချင်းမလေး အိမ်မှာ အခု အယ်နီ လေးလို့ အတူတူ Sweet December ည စောင့်ဖို့ သွား လည် တယ်တဲ့။ အဲဒီည လေးမှာ ကောင်မလေး က လူတစ်ယောက်နဲ့ စတွေ့ တယ် တဲ့။ သူ့ အနာဂတ်ကို ကိုင်လှုပ်တဲ့သူလေးေ ပါ့။ အဲဒီ လူဟာ သူ့ သူငယ်ချင်းမလေး ရဲ့ အစ်ကို ဖြစ်နေတယ်တဲ့။ အဲဒီညလေးမှာ အယ်နီလို ပဲ ဟော့ပေါ့ လေးတွေ ချက်စားပြီး Sweet December ည စောင့်တယ်တဲ့။ စားလို့ ပြီးတာနဲ့ သူတို့ သုံးယောက်ပေါင်း ပြီး အပျော် တမ်း ဖဲရိုက် ခဲ့ကြတယ်တဲ့။ အဲဒီချိန်မှာ သူ့ သူငယ်ချင်းမ လေးက အိပ်ချင်တာနဲ့ အိပ်ပျော်သွားတော့။ သူ ရယ် သူ့ သူငယ်ချင်းမလေး ရဲ့ အစ်ကိုပဲကျန် ခဲ့တယ်တဲ့။ ဖဲ ဆော့ရင်းဆော့ရင်းနဲ့ ရှုးံတဲ့သူ အမှန်အတိုင်းပြောကြေး ဆိုတဲ့ ကစားနည်းလေး ဆော့ ကြရော့တဲ့။ အဲဒါ နဲ့ ကောင်မလေးက ပဲ ရှုံးတော့ ကောင်လေးက မေးခွန်း တွေ မေးတာပေါ့။ ရည်းစားရှိလာပေါ့။ ကောင်မလေးကလည်း မရှိဘူး ဆိုရင်လည်း အော့ တော့ ရှီတယ်လို့ ဖြေ လိုက်တယ်တဲ့။ နောက် တစ်ခါ လောက် ကစားပြန်တော့ ကောင်မလေးက ရှုံးပြန်ရော့တဲ့။ အဲဒါနဲ့ ကောင်လေးကလည်း အဲဒီလူ က ဘယ်သူလဲလို့ မေးတယ်တဲ့။ ကောင်မလေးက လည်း ဘယ်လို ဖြေရင်ကောင်းမလဲလို့ စဉ်းစားတာပေါ့နော်။ အဲဒါနဲ့ ကောင်မလေး က အကြံရလိုက်တယ် တဲ့။အဲဒီ လူက နင်ပဲလို့ ဖြေ လိုက်တယ်တဲ့။ နောက်တစ်ကြိမ်မှာတော့ ကောင်းလေးက ရှုံးရော။ ကောင်မလေး က မေးတာပေါ့ နင်မှာဟော ရည်းစားရှိလာ လို့ ပေါ့နော်။ ကောင်လေးက လည်း ရှိတယ် လို့ ပြန်ဖြေလိုက်တယ်တဲ့လေ။ အဲဒါနဲ့ နောက်တစ်ကြိမ် လောက်ရောက်ပြန်တော့ ကောင်လေးက ထပ်ရှုံး ပြန် တယ်တဲ့။ ကောင်မလေးကလည်း အဲဒီလူက ဘယ်သူလဲလို့ မေးလိုက်တော့ ။ ကောင်လေးကလည်း ခပ်တည်တည် နဲ့ အဲဒီလူ က နင်ပဲလို့ ပြန် ပြောလိုက်တယ်တဲ့။ အဲဒါ နဲ့ နှစ်ယောက်သား ရယ်မော ကြရင်းနဲ့ Sweet December ညလေးမှာ အရမ်း ရင်းနှီးသွားခဲ့ကြတယ်တဲ့။ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက် ရှိသွားခဲ့ကြတာပေါ့။ ဒါပေမယ့် နှစ်ယောက်သား က အမှတ်တမဲ့ နေခဲ့ကြတယ်တဲ့။ နောက်တော့ တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့ ဖြစ်ကြဘူးပေါ့နော်။ ဒါပေမယ့် တစ်ခါတစ်လေ မှာ အွန်လိုင်းမှာ တွေ့ တယ်တဲ့။ ကောင်လေးဘက်က ကောင်မလေးကို စိတ်ဝင်စားတဲ့ ပုံတွေတော့ ပြတယ်တဲ့။ g-talk message လေးနဲ့ ရော သီချင်းလေး နဲ့ရော ပို့ ပို့ ပေးတာမျိုးတွေ လုပ်တယ်တဲ့။ ဒါပေမယ့် ကောင်မလေးက အလုပ်အရမ်း ရှုပ်တတ်တဲ့ မိန်းခလေး တစ်ယောက်ဆိုတော့ သတိတောင်သိပ်မထားမိဘူးပေါ့နော်။ အဲလို နဲ့ အချိန်ကြာလာသည်နှင့်အမျှ တစ်ရက်ကျတော့ ကောင်လေးက ကောင်မလေးတို့ က တစ်ယောက်နဲ့ တစ်ယောက် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့တယ်တဲ့။ ..........အဲလို နဲ့ နောက်တစ်နှစ် ထဲကူးသွားရော ကောင်လေး နဲ့ ကောင်မလေးက မထင်မှတ်ပဲ အွန်လိုင်းမှာ ပြန်တွေ့ ကျရောတဲ့။ တစ်ယောက်အခက်ခဲကို တစ်ယောက် ဝေမျှရင်း နှစ်ယောက်စလုံး အရမ်းချစ်သွားကြတယ်တဲ့။ အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်နဲ့ တစ်ယောက် ပိုပို လိုအပ်လာမှန်း သိလာတော့ သူတို့ နှစ်ယောက်စလုံး ဘ၀မှာ လက်တွဲ ဖို့ စဉ်းစား ခဲ့ကြတယ်တဲ့။ ပြီးတော့ မကြာမကြာ တစ်ယောက်နဲ့တစ်ယောက် တွေ့ ပြီး ဘ၀အတွက် ဆွေးနွေး ခဲ့ကြတယ်တဲ့။ ဘယ်အချိန်ဆို ဘာလုပ်မယ် ပေါ့။ ဘယ်ချိန်လောက်ဆို လက်ထပ် မယ်ပေါ့။ အများကြီး အများကြီး ဘ၀မှာ အစီစဉ်တွေ ရေးဆွဲ ခဲ့ကြတယ်တဲ့။ သစ်ပင်တစ်ပင် စိုက်သလို ပဲပေါ့။ မျိုးစေ့ တွေ ကြဲတယ်။ ပြိးတော့ အပင်လေး ကြီးထွားဖို့ အတွက် မြေသြဇာ တွေ ထည့်တယ်။ ရေလောင်းတယ်။ ပေါင်းတင် တယ်။ ပေါင်းရှင်းတယ်။ စသဖြင့်ပေါ့။ နှစ်ယောက်စလုံး တက်တက်ကြွကြွနဲ့ လုပ်ခဲ့ကြတယ်တဲ့။ ဒါပေမယ့် အချိန်ကြာလာတော့ ကောင်လေးဘက်က ပျက်ကွယ်လာတယ်တဲ့။ ကောင်မလေးကတော့ ကောင်လေး မအားလို့ နေမှာပါ လို့ ဖြည့်တွေးပြီး ကောင်လေးကို ပဲစောင့်နေခဲ့တယ်တဲ့။ ဒါပေမယ့် လေမုန် တိုင်း တိုက်လာ သလို ပဲရုတ်တရက် ကြီး ကောင်လေးက မိန်းမ ကောက်ယူလိုက်တယ်တဲ့။ အဲဒီ ချိန်မှာ ကောင်မလေးက ရူးမတတ်ဖြစ်သွားတယ်တဲ့။ ကောင်မလေး က ရုတ်တရက် ကြီးဖြစ်သွားခဲ့တော့ အဲဒီအခြေအနေ ကို လက်မခံနိုင်ဘူး ဖြစ်နေခဲ့တယ်တဲ့။ အိပ်မက် ဖြစ်ပါစေ လို့ ကောင်မလေးက ဘုရားကို တိုင်တည် ပြီး အကြိမ်ကြမ် ဆုတောင်း နေခဲ့တယ်တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ ကောင်လေး ဟာ သူ့ ဘ၀လို့ သူ သတ်မှတ်ခဲ့လို့ လေ။ သူတို့ စိုက်ခဲ့တဲ့ သစ်ပင်လေးက အမြစ်ပါ မကျန် ကျွတ်ပြီး ဟိုး.......ကောင်မလေး နဲ့ အဝေး ကြီးမှာ လွင့် သွားခဲ့တယ် တဲ့။ ကောင်လေးကလည်း ဘယ်တာ့မှ တစ်သက်လုံး ကောင်မလေး ဆီ ပြန်မလာတော့ဘူးတဲ့။ အဲဒါကြောင့် ကောင်မလေးက အခုထိ Sweet December night ဆို တာ သူ့ ဘ၀မှာ မရှိစေချင်တော့ဘူးတဲ့လေ။ Sweet December ည ရောက်တိုင်းသူတို့ နှစ်ယောက် ပျော်ရွင်ခဲ့တာတွေ အတူ ရှိခဲ့တာတွေ ကို သူ မေ့ပျောက်ချင် ခဲ့တယ်တဲ့။ အဲဒါကြောင့် Sweet December ည မရောက်ဖို့ ကောင်မလေး က အမြဲ ဆုတောင်းနေခဲ့တယ်တဲ့လေ။ ပုံပြင်လေးက ဒါပါပဲကွယ်.......................။
ဟွန်း................ပုံပြင်လေးကလည်း ကောင်မလေးပဲ ခံစားနေရတာပေါ့။ ဒါဆို ။
အင်းပေါ့။ ......................ဘာလို့ လဲ....................မမ ကလည်း ကောင်မလေး ကသနားပါတယ်။
အင်းပေါ့။ ............
ဒါဆို ပုံပြင်ထဲက ကောင်မလေး Sweet December ည ဆို သမီးတို့ပျော်ပေမယ့် သူက သနားစရာကြီးပေါ့နော်။
ဒါပေါ့။
ကောင်လေးက ဘာလို့  မိန်းမ ကောက်ယူ လိုက်တာလဲ မသိဘူးနော်။
ဟား............ဘာလည်း သမီးလေးက ငယ်ပါသေးတယ်။
ဒါတွေ မသိကောင်းဘူး.....................။ဟုတ်ပြီလာ။ ဟု ကျွန်မ ချော့မော့ ပြောနေစဉ်မှာ ပင် မမို့ မို့ က
ဒါ ညီမ လေး ရဲ့ ဇာတ်လမ်း မဟုတ်လာ။
အစ်မ ကို မှန် မှန် ဖြေစမ်းပါ။
အစ်မရေ ...........ဒါတွေ သိရော့ဟော ဘာထူး မလဲ အစ်မရေ......................။
အားလုံးက ပုံပြင်လို ပဲလေ။ ပြီး သွားခဲ့တာ ကြာခဲ့ပြီပဲ။
သူတောင် သားသမီးတွေ တောင် ရနေပြီထင်တယ်။ ကျွန်မ မမို့ မို့ ကို ပစ်စလက်ခတ် ပြောလိုက်ပေမယ့် ကျွန်မ ငိုနေမိတယ်လေ........ကျွန်မ ဘယ်လောက်ထိ ပျော့ညံ လိုက်လေပါလဲ...................။
အချိန်တွေ ကြာခဲ့ပါပြီ...............ညီမ လည်း ဒီအကြောင်းတွေ ကို မေ့သင့်ပြီလေ။
ဒါပေမယ့် မမို့ ရေ ညီမ သူ့ ကို အရမ်းချစ်ခဲ့တယ် သိလာ။
သူ့ ကို အရမ်းတန်ဘိုးထားခဲ့တယ် သိလာ။
သူ့ အပေါ် အမြဲ သစ္စာ ရှိနေခဲ့တယ် သိလာ။
ဒါပေမယ့် သူ က ..................ဟု ပြောက ကျွန်မ ငိုမိတယ်လေ။
ညီမ လေး ရေ..........ဆိုပြီး မမို့ မို့ က ကျွန်မ ကို ဖက်၍ အားပေး တယ်လေ။
သူ ညီမ ဘ၀မှာ တစ်သက် လုံး ပြန်မလာတော့ဘူး လို့ သိနေပေမယ့် သူ့ ကိုမျှော်လင့် နေသေးတယ် အစ်မရေ...........
ညီမ လည်း ကိုယ်ဟာကိုယ် စိတ်တိုတယ်။ ...................
ညီမ လည်း သူ့ ကိုမေ့ချင်တယ်.............................
တစ်ခါတစ်လေ သူ နဲ့ အတူ ရှိနေခဲ့တဲ့ အချိန် တွေ သူ နဲ့ အတူ လျှောက်ဖူးခဲ့တဲ့ လမ်းတွေ သူနဲ့ အတူ ထိုင်ခဲ့ဖူးတဲ့ ဆိုင်တွေ ရောက်သွားတိုင်း သူ့ ကို ပိုသတိရတယ်အစ်မရေ.................
ဒီညလို Sweet December ည လေးတွေ ဆို သူ့ ကို ပို သတိရနေမိတယ်.............
သူ ဟော ဒီည လေးလို အချိန်မျိုးမှာ ဘာလုပ်နေမလဲ .................ဆိုတာ ညီမ အခုထိ သိချင်နေမိတယ်.............
သူဟော ညီမ ကို သတိရနေမလာ ဆိုတဲ့ မျှော်လင့် ချက်လေး အခုထိ ရှိနေဆဲပဲ.............
အခုလို မျှော်လင့် တတ်တဲ့စိတ်ကို မေ့ပစ် ဖို့ ညီမ ဘာလုပ်ရမလဲ..............................
ညီမ အတိတ်ပဲ မေ့လိုက်ချင်မိတယ်................................
ငိုလိုက်စမ်းပါ ညီမ လေး ရေ..............အားရပါးရ တာ ငိုလိုက်စမ်းပါ...............................................
ညီမ လေး ဘယ်လို ခံစားနေရလဲ ဆိုတာ အစ်မ သိပါတယ်။.................
ငိုလိုက်ပါ ညီမ လေး ရေ.................
အဲဒီအ ရာအားလုံးကိုမေ့ ပစ် လိုက်ပါ............................
မမို့ မို့ ၏ အားပေးသံလေး ..........................။
ဟိုအရင် Sweet December night မှာ သူ့ ရဲ့ အားပေးသံလေး..........သူ ပုခုံးလေး မှီပြီး ကြယ်လေးတွေ ငေး ခဲ့ဖူးတဲ့ ညလေး.....................ကျွန်မ ကိုပိုပြီး အမှတ်ရစေခဲ့တယ်လေ။ အရာအားလုံးဟာ ပုံပြင်တစ်ခု လို ဖြစ်သွားခဲ့ပေမယ့် အိပ်မက် တစ်ခု လို အားလုံး ပြီးဆုံး သွားခဲ့ပေမယ့် အခုထိ အဲဒီ အဖြစ်အပျက် လေးတွေ က ကျွန်မ ရင်ထဲမှာ ရှိနေဆဲပဲ ရှင်သန် နေဆဲပါပဲ............................................................
ပြီးပါပြီ။
Advanced System Care.8.1.serial.crack
9 years ago
0 comments:
Post a Comment