အခန်း(၁)
သူနဲ့ ကျွန်မ စတွေ့ ခဲ့တုန်းက ကဗျာ မဆန်ခဲ့ပါဘူး။ သူဟာ ကျွန်မ တို့ အသင်းတော်ကို အသစ် ပြောင်းလာခဲ့တဲ့ မိသားစု ၀င်ထဲက တစ်ယောက် လို့သာ ကျွန်မ သိခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ ကျွန်မ နှလုံးသားထဲကို လှုပ်ခါ သွားစေခဲ့တဲ့ အရာတစ်ခု နဲ့ ကျွန်မ ခလုတ်တိုက်ခဲ့ရတယ်။ မှတ်မှတ်ရရ ကျွန်မ တို့ x'mas မတိုင်မီ ရက်လေးမှာပါ။ x'masပွဲ ကျင်းပ ဖို့ဘုရားကျောင်းမှာ လူငယ်တွေ အားလုံးစု ပြီး သန့် ရှင်းေ၇းလုပ်တဲ့ချိန်လေးမှာပါ။ မနက် ကတည်းက သန့် ရှင်းရေးလုပ်နေခဲ့ရတဲ့ ကျွန်မတို့  သူငယ်ချင်းတစ်သိုက် ကတော့ မောတာမှ တစ်ယောက်နဲ့ တစ်ယောက် တောင် စကားပြောဖော် မရအောင်ပါပဲ။ အဲဒီချိန်လေးမှာ ဘုရားကျောင်းထဲက စန္ဒရားသံလေး......ကိုကြားလိုက်ရတယ်လေ။ သူ့ ရဲ့ စန္ဒရားသံလေးက ကျွန်မ ကို ပိုပြီး သူ့ နားမှာနေဖို့ အားဖြစ်စေခဲ့တယ်ဆိုတာ နောက်မှ ကျွန်မ သိခဲ့ရတယ်။ သူ့ ရဲ့ စန္ဒရားလက်သံကြောင့် သန့် ရှင်းေ၇း လုပ်နေတဲ့ ကျွန်မတို့ သူငယ်ချင်း အားလုံး က ဘုရားကျောင်းကို ပြေးပြီး သွားကြည့်မိကြတယ်လေ။ ကျွန်မ တို့သူငယ်ချင်း တစ်သိုက် က အမြဲ အဲလိုပဲ။ ဇီဇာ ကြောင်တာလည်းမပြောနဲ့ တော့။ ကျွန်မ တို့အဖွဲ့ က နည်းနည်းတော့ ကြီးကျယ်တတ်ကြသလို တော်ရုံတန်ရုံလူတွေကို အထင်မကြီးတတ်တဲ့ သူတွေပါ။ ဒီတစ်ခေါက်တော့ကျွန်မတို့သူငယ်ချင်း ငါးယောက်စလုံး စိတ်ညီညီ နဲ့ သူ့ ရဲ့ စန္ဒရားသံကို ချီးကျူးမိတယ်လေ။ ပြီးတော့ ကျွန်မတို့သူငယ်ချင်းအဖွဲ့ တောင် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး .........အံသြခြင်းများစွာဖြင့် ဒီတစ်ခေါက်ပဲ ငါတို့စိတ်ညီသွားတာနော်............ဟား.........ဟုတ်ပနော်။ ငါကတော့ စွဲလမ်းသွားပြီ.................မိုးရဲ့ ရုတ်တရက် အပြောကြောင့် ကျွန်မ တို့အားလုံးအံသြပြီး သူ့ ကိုဝိုင်းကြည့်နေမိတယ်လေ။ တကယ်..........ဘာလဲ နင်တို့ က............မိုးက ပြောရင်း ဆိုရင်းနဲ့ နောက်လှည့်ပြီးဘုရားကျောင်းနားကနေ ထွက်သွားလိုက်သည်။ အံသြခြင်းများစွာ...ကျွန်မတို့တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေမိတော့သည်။ မိုးသည် ကျွန်မ တို့သူငယ်ချင်း အဖွဲ့ ထဲမှာ သူ က မိန်းမ မဆန်ဆုံးပါ။ ပြီးတော့ တော်ရုံတန်ရုံ ယောက်ျားမျိုးကို ဆို အထင်ကြီး သူမဟုတ်ပါ။ ထို့ ကြောင့် ပို၍ အံသြ ရခြင်း ဖြစ်သည်။ အင်း.........တကယ်ပါပဲ မိုးစွဲမက် စရာလည်း စွဲမက် စရာလေ။ သူ့ ရဲ့ လက်သံက ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့ လုံးရဲ့ စိတ်ကို လွမ်းမိုးစေနိုင်ခဲ့သည်ဆိုတာကတော့ သေချာသသည်ထက် သေချာသွားခဲ့တယ်လေ။ အားလုံးကတော့ နောက်လှည့်ပြီး သန့် ရှင်းေ၇း ပြန်လုပ်ကြပေမယ့် ကျွန်မ တော့ သူ့ ရဲ့ စန္ဒ ရားသံလေးကိုနားထောင် ချင်မိသည်လေ။ တစ်ချက်မှ လှည့်မကြည့်ပဲ တီးနေတဲ့ သူ့ ကို ကြည့်ရင်း ............အင်း........သူတော်တော် mood ၀င်နေမှန်း သိခဲ့တယ်လေ။ သူ အခုလိုတီးတတ်ဖို့ ဘယ်လောက်ထိများ လေ့ကျင့်ခဲ့ရမလဲ မသိဘူး..............ဆိုတာကိုတော့အလိုလို စိတ်ထဲမှာေ မးနေမိသည်လေ။ အင်းလေ.........သူ့ သူ သူ ဘယ်လောက် လေ့ကျင့်ခဲ့ရပါစေ ငါနဲ့မှမဆိုင်တာ ဆိုပြီး စိတ်ကို အသိပေးပြီး သန့် ရှင်းရေး လုပ်ဖို့ အောက်ထပ် ပြန်ဆင်းလိုက်တော့ ဘာလဲ ၀သုန် နင်လည်းအဲဒီတစ်ယောက်ကို ကြွေနေ ပြီလာ။ အံမလေး......ဝေးသေး...........ကျွန်မလည်း စိတ်နောက်နောက်နဲ့  နွေ ကို ပြန်ပြောမိလိုက်သည်လေ။ မသိဘူးလေ နင်တို့တွေ က သိပ် ပြောလို့ မှရတာမဟုတ်ဘူး ။ စိတ်အရမ်းခံစားလွယ်ကြတာကို။ ကြိုက်စရာရှားလို့ မိုး သဘောကျတဲ့သူကိုတော့ငါ ဘယ်တော့မှ ကြိုက်မိမှ မဟုတ်ပါဘူး နွေရယ်။ အေးပါ.....ငါတို့ထဲက မိုးကတော့ ပါသွားပြီဆိုတော့ နင့်ကို စိတ်ပူလို့ ပြောမိတာပါဟ။ ကျွန်မ သိတယ်လေ ကျွန်မ တို့ သူငယ်ချင်း အဖွဲ့ထဲမှာ နွေ က ကျွန်မကို အချစ်ဆုံး ။ပြီးတော့ ကျွန်မ စိတ်ကို အသိဆုံး ဖြစ်သလို နားအလည် နိုင်ဆုံးပင်ဖြစ်သည်။ ကျွန်မ အချို သာဆုံး အပြုံးလေးနဲ့နွေ ကို ပြန်တုံပြန်မိတယ်လေ။ ကျေးဇူးပဲ နွေ ရယ်။ ..............ဟဲ ပြောရအုံးမယ် အခုန ငါတို့တက်ကြည့်တဲ့ စန္ဒရား အရမ်းတီးတတ်တဲ့ တစ်ယောက် နာမည်ကလေ မိုးနေလင်း တဲ့။ နာမည်ကလည်း တစ်မျိုးပဲနော် လို့ ........၀ါရီက ပြောတော့ နွေက ၀ါရီ နင်လည်း အဲဒီကောင်ကို ကြွေေ နပြီလာ။ ဘယ်ကလာ ငါမိုးအတွက် တကူးတက ကို သွားမေးလိုက်တာ။ ဘယ်ကလာ ကြွေရမှာ နင်တို့ကလည်း ငါကြိုက်တဲ့ ပုံစံကို သိရဲ့နဲ့။ တော်ပါပြီ ...........မပြောတော့ဘူး အဲဒီတစ်ယောက်အကြောင်း ဟု နှုတ်ခမ်း ဆူဆူနဲ့ ၀ါရီက ပြောရင်း ထွက်သွားသည်။ နွေ ရယ် ငါတို့အဖွဲ့ အကြောင်းလည်းသိနေရဲ့နဲ့ ကွယ်။ ဟုတ်ကို မဟုတ်သေးတာ။ ကိုက်ရာကိုက်ရှင် မိုးတောင် ဘာမှ မပြော၇သေးဘူး။ စစုံစမ်းစရာလာ ကွာ။ မိန်းခလေးတွေ ဈေးကျနေတာလည်းမပြောနဲ့ တော့ ။ ကျွန်မတို့ အဖွဲ့ က ကျွန်မ တို့အဖွဲ့ ထဲက တစ်ယောက်ယောက်က လူတစ်ယောက်ကို ကြိုက်ပြီ ဆိုကျန်တဲ့ လူတွေ အားလုံးက အဲဒီလူ အကြောင်းကို လိုက်စုံစမ်းလိမ့် ရှိတယ်လေ။ ဒါကတော့ တာဝန် တစ်ခု အနေနဲ့တော့ မဟုတ်ပေမယ့် ။ အားလုံးက သူငယ်ချင်းကောင်းတွေ ဆိုတော့ ပြောစရာမလို ပဲ သိနေကြခြင်း ဖြစ်သည်။ ရင်မော်က တော့ ကျွန်မတို့အချင်းချင်းပြောနေကြတော့ စကားကိုကြားသော်လည်း ဘာမှ ကြားထဲဝင်မပြောပဲ ၀သုန် ငါတော့ကြာလာရင် ရူးတော့မယ်ထင်တယ်။ ကျွန်မ တို့ အဖွဲ့ ထဲမှာတော့ ရင်မော် ကတော့ နှလုံး ရောဂါရှိသဖြင့် လူလည်း အပင်ပန်း မခံနိုင်သလို စိတ်လည်း အမော မခံနိုင်သူလေးပါ။ စိတ်ထဲ မထားပါနဲ့ရင်မော်ရယ် အဆင်ပြေသွားမှာပါ။ ၀သုန် ရေ ငါလည်း ပြောချင်လို့ ပြောသာတော့ မဟုတ်ပါဘူး။ ငါလည်း အဲဒီ မိုးနေလင်း ဆိုတဲ့ တစ်ယောက်ကို စိတ်ဝင်စားနေမိတယ်လေ။ သေလိုက်ပါတော့ ၀သုန်ရေ။ ၀သုန်ထင်တာက နင်တို့ တွေကြောင့် ငါ စိတ်မောတယ်လို့ပြောတယ် ထင်ခဲ့တာ အခုတော့။ရင်မော် ကိုယ်တိုင်က စိတ်ဝင်စားနေခဲ့သည်လေ။ အင်း.......ဘယ်လို ဆက်ဖြစ်လာမှန်း မသိပေမယ့် ၀သုန်ကတော့ အခုကတည်းက ရင်မော နေမိသည်လေ။ ..............................................မတွေးရက်တော့ပါ။ဘယ်အ၇ာကိုမှ မတွေးရက်တော့ပါ။ ကျွန်မ တို့အဖွဲ့ ကသာ အခုလို လှုပ်လှုပ်သည်းသည်းတွေ ဖြစ်နေကြပေမယ့်သူကတော့ အေးဆေးစွာသူ တီးနေဆဲ ဖြစ်တဲ့ စန္ဒရားလေးကိုပဲသူ ဆက်တီးနေမှာသေချာနေတယ်လေ။ ဘာတွေ ဆက်ဖြစ်မယ်မှန်းမ သိတဲ့ အနာဂတ်ကို ပြေးတွေး ကြည့်ရုံနဲ့ တင် ၀သုန်တစ်ယောက် ရင်မော်နေမိသည်လေ။
အခန်း(၂)
ဒီည new year မှာ ငါတို့အဖွဲ့ တွေ အသေ ကဲရအောင်ဟ။ အေးပါ ။ ငါသတင်းရပြီးတာ ငါတို့ အသင်းတော်က လူငယ်ခေါင်းဆောင်က ပြောတယ် နင်တို့အဖွဲ့တွေ ဘယ်မှ မသွားကြနဲ့တဲ့ အသင်းတော်မှာ မီးပုံပွဲလုပ်မယ်လို့ ပြောတယ်။ ဟ.............အဲဒီလူငယ် ခေါင်းဆောင်ကလေ ရှည်ကိုရှည်တာ တစ်နှစ်မှ မှ မလုပ်တာ လုပ်မနေနဲ့လို့  ဒါဆို ငါတို့ new year night မှာ သွားလည် မယ့် အစီစဉ်က သွားပြီပေါ့။ အင်းလေ..........ငါတို့အသင်းတော်ရဲ့ အကြောင်းလည်းသိတာပဲကွာ လူက ငါတို့ မရှိရင်လူငယ်တွေ သိပ်မရှိမှ မဟုတ်ဘူးကွ။ ငါတို့ ဘုရားကျောင်းမှာပဲ ပါဝင်ရအောင်ကွာ။ ငါတို့ လည်း အသက်တွေ ရလာပြီး ဘုရားလေးတရားလေး နည်းနည်းတော့ လိုက်သင့်ပြီ။ အိုကေ ငါတို့ အားလုံး ဘုရားကျောင်းမှာပဲ နေမယ်။ အဲဒီ ညလေးဟာ ကျွန်မ ဘ၀မှာ ရှိလည်း မရှိစေချင်ခဲ့သလို ရှိလည်းရှိစေချင်ခဲ့မိတယ်လေ။ မီးပုံပွဲမှာ game တစ်ခု ဆော့မယ် အဲဒါ ကတော့ မီးလောင် ပြီ ဆိုတဲ့ကစားနည်းလေးပါ။ ယောက်ျားလေးတွေ က မိန်းခလေးတွေကို ဆွဲရမယ်။ အဲလိုပဲ မိန်းခလေးတွေကလည်း ယောက်ျားလေးတွေကို ပဲဆွဲ၇မယ်။ မီးလောင် ပြီလို့ အော်ရင်ထိုင်ခုံ မှာ ထိုင်ရမယ်။ တကယ်လို့ နေရာမရပဲနောက်ကျတဲ့ တစ်ယောက်က မဲလိပ် နှိက်ပြီး မဲလိပ် က ခိုင်းတဲ့ အတိုင်းလုပ်ရမယ်။ ဟု လူငယ် ခေါင်းဆောင်က အားရပါးရ game အကြောင်း ပြောတော့။ နွေ က ပျင်းစရာကြီးကွာ။ ချောချော လေးလည်းဘယ်သူ့မှ ရှိတာမဟုတ်ဘူး။ ငါ မဆော့ချင်ဘူး ကွာ ။ အဲဒီ game ကိုလေ။ နင်ကလည်းဟ ဆော့လိုကပါ။ ပျော်စရာကောင်းမှာပါ။ ဟယ်......၀ါရီက ဟိုမှာ ဟိုမိုးနေလင်း ဆိုတဲ့ တစ်ယောက် ...........ကျွန်မ တို့ သူငယ်ချင်းအားလုံးကလည်း ၀ါရီအပြောကြောင့် လှည့်ကြည့်မိတော့ အစိမ်းပုပ်လေး နဲ့ ဂျင်းဘောင်းဘီလေးနဲ့ အရမ်းလိုက်ဖက်စွာဝတ်ထားတဲ့ သူ့ ကိုတွေ့ လိုက်ရသည်လေ။ သူကတော့ ခပ်တည်တည်ပါပဲ။ကျွန်မ တို့ဝိုင်းကြည့်နေလဲ တစ်ချက်ကလေးမှာ လှည့်မကြည့်သလို အေးဆေးဆေး နဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်လေ။
ငါရင်ခုန်လိုက်တာ ၀သုန်ရေ လို့ ၇င်မော် က ကျွန်မ ရဲ့ လက်ကို ဖက်တွယ်ရင်း လာပြောနေသည်လေ။ မိုးမကြားစေနဲ့ ရင်မော်ရေ..................အေးပါ။ ငါလည်းနင့်ကိုပဲပြောပြတာပါ။ အေးပါ။ စမယ် ကစားနည်း.လေးဟု ကြေညာက စတင် ဆော့ကစားလေသည်။ ငါးခေါက်မြောက် ကစားချိန်မှာတော့ သူ့ကိုကောင်မလေးတစ်ယောက်က သွားဆွဲ သည်။ ရင်မော်ကတော့ ထုံးစံအတိုင်း သွားပါပြီ ပါသွားပါပြီ။ ကျွန်မ ရင်မော်ကို ကြည့်ရင်း ရယ်ချင်လာမိသည်။ သူကတော့ ကျွန်မ တို့အဖွဲ့ ရှိရန် လမ်းလျှောက်လာသည်။ ကျွန်မတို့ အဖွဲ့ အားလုံးက တစ်ခုံတည်းမှာပဲ ထိုင်နေကြသည်လေ။ သူ ဘယ်သူ့ ကိုဆွဲမလဲ ဆိုတာ ဘယ်သူ မှ မသိကြသကဲ့သို့ ။ တကယ်လို့ သူက ရင်မော်နဲ့ မိုး တစ်ယောက်ယောက် ကို သူ ဆွဲခဲ့ရင်တော့ ပြသာနာ က ဖြစ်လာစရာ မရှိခဲ့ပါ။ ဒါပေမယ့်သူ က ကျွန်မကို ဆွဲခဲ့ခြင်းဟာ ကျွန်မကိုသူငယ်ချင်း တွေ နဲ့ ဝေးကွာဖို့ ဖြစ်လာစေခဲ့တယ်။ ရင်မော်က ကျွန်မလက်မောင်းကို ကိုင်ထားပေမယ့် သူ့ ရဲ့ လက်က ကျွန်မ ကို ကမ်းလိုက်တော့ ကျွန်မ တော်တော် တွေဝေသွားသည်။ လိုက်သွားရမလာ ကျွန်မ လက်ကို သူ့ ကို ကမ်းပေးရမလာ။ တွေ ဝေနေချိန်မှာပဲ လူငယ်ခေါင်းဆောင်ရဲ့ မိုက် နဲ့ အော်သံလေး ။ သွားလိုက်ပါ မ၀သုန် ရေ တဲ့။ ကျွန်မ သူ ကမ်းခဲ့တဲ့ လက်ကို ပြန်ကမ်းလိုက်ပါတယ်။ အဲချိန်မှာတော့ မိုးက ထ ထွက်သွားတာကို ကျွန်မ သတိထားမိလိုက်ပါတယ်။ အဲလို နဲ့ မီးလောင် ပြီး စအော်တော့ ကျွန်မ သူ့ ပေါင်ပေါ်မှာ ထိုင်ချမိသွားသည်လေ။ ကျွန်မ အဖြစ်ကလည်း ဆိုးပါတယ်လေ။ဆော်ရီးနော်။ ရတယ်...........သူလည်း အားနာတဲ့လေသံလေးနဲ့ ကျွန်မကို ပြန်တုံ့ ပြန်တယ်လေ။ ကျွန်မ သွားလိုက်ပါအုံးမယ်ဟု ပြောကာ သူနဲ့ ထိုင်ရာမှ ထ ခဲ့ပါသည်။ ကျွန်မ တို့အဖွဲ့ ထိုင်နေတဲ့ ထိုင်ခုံကို ပြန်ထိုင်လိုက်တော့ ။ ဘာလဲ ပျော်ခဲ့လာ။ ဘယ်ကလာ ပျော်ရမှာ မောလိုက်တာ။ မသိဘူးလေ။ ဟိုကောင်က နင့်ကို သေချာ ဂ၇ုစိုက်နေတာကို ငါမြင်လိုက်တယ်လေ ဟု နွေက ပြောသည်လေ။ကျွန်မ ရင်မော် ကို ကြည့်မိတုန် မျက်နှာငယ် လေးနဲ့ ။ ကျွန်မ ရင်မော် ကို တော်တော် အားနာ သွားတယ်လေ။ ရင်မော် ငါတောင်းပန်တယ်နော်။ ရပါတယ်။ ငါဘာမှ မဖြစ်ပါဘူးဟာ။ အင်း.......ကျေးဇူးပဲ။ နောက်တစ်ကြိမ်ကတော့ သူနောက်ကျလို့ သူ့ ကျတဲ့ မဲလိမ် ကြောင့် ကျွန်မနောက်ထပ် သူငယ်ချင်းတွေနဲ့ဝေးကွာဖို့ ပိုပြီး supporting ဖြစ်ခဲ့တယ်လေ။ မိုးနေလင်းကျတဲ့ မဲကတော့ ကိုယ့်ချစ်တဲ့ မိန်းခလေးတစ်ယောက်ကို ခေါ်ပြီး ဘာကြောင့် ချစ်သလဲ ဆိုတာ အချက်(၃) ချက်ပြောပေးပါတယ်။ ပရိသတ်တွေအားလုံးဆီကနော ၀ိုး............ဆိုတဲ့အသံကျယ်ကျယ်လေးတွေ ကြားနေရသကဲ့သို့ game leader ကလည်း ဘယ်သူလေးလဲဟေး................မိုးနေလင်းရဲ့ အသည်းကိုခိုက်စေတဲ့သူ ဘယ်သူလဲ...စသည့်ဖြင့် အော်နေသည်။ ကျွန်မကတော့ ခေါင်းပဲငုံနေမိတော့တယ်လေ။ အဲချိန်မှာပဲ ကျွန်မ ရှေ့ မှာ ခြေအစုံလာရပ်ပြီး သူလက်ကမ်းပေးလာသည်လေ။ ပရိသတ်အားလုံးကတော့ ၀ိုး.....................ဆိုတဲ့အံသြသံနဲ့ အတူ game leader ရဲ့ အပြောကတော့ အခုမှပဲ မိုးနေလင်း ရဲ့ အသည်းကို ခိုက်စေတဲ့ သူ ကိုသိရပါပြီ။ စုံတွဲလေး ရှေ့ ထွက်ပေးပါ ဆိုပြီ မိုက်နဲ့ အားရပါးရ အော်နေသည်လေ။ ကျွန်မ နောက်ထပ် လက်ကမ်းသင့်မကမ်းသင့် စဉ်းစားနေမိတယ်လေ။ ကျွန်မ ဘေးမှာထိုင်နေတဲ့ ရင်မော်အတွက် ကျွန်မ တွေးနေမိသည်လေ။ ၀သုန်ရေ မင်းသားလေး က လက်ညောင်းလှပြီ။ ထပါတော့ ဟု ၀ိုင်းအော်ကြသည်။ ကျွန်မ ဘာကိုမှ မတွေးပဲ သူကမ်းတဲ့လူကို တင်းတင်းပြန်ဆုပ်ကိုင်ပြီး ထ လိုက်မိသည်။ ပရိသတ် အလယ်သို့ ရောက်သောအခါ game leader က ကဲ ကိုမိုးနေလင်း က ဘာလို့  ၀သုန်ရဲ့ ဘာကို ကြည့်ပြီး ချစ်ရသလဲဆိုတာ ပြောပေးပါဟု ပြော၍ သူ့ ကို မိုက်ကမ်းပေးလိုက်သည်။ ကျွန်တော် က သူမရယ်လာရင် သွားပေါ်အောင် ရယ်တတ်တဲ့ ပုံစံလေးကို ကြိုက်ပါတယ်။ နောက်တစ်ချက်ကတော့ သူ့ရဲ့ လူတစ်ယောက်အပေါ် ဂရုဏသက်သက် နဲ့ ကြည့်နေတတ်တဲ့ အကြည့်လေးတွေကို သဘောကျပါတယ်။ နောက်တစ်ချက်ကတော့ သူ့ ရဲ့ စိတ်ထားလေးကိုကြိုက်ပါတယ်။ သူဖြေလိုက်တာတော့ ပေါ့သေးသေးမဟုတ်မှန်း အားလုံးကရိပ်မိသည်။ သူ ကျွန်မ တို့ အသင်းတော် မှာ ပြောင်းလာတာ သိပ်မကြာသေးပေမယ့်သူ ကျွန်မကို စိတ်ဝင်စားပြီး လိုက်ကြည့်နေခဲ့မှန်း သူ့ အပြောကြောင့်အားလုံးက ရိပ်မိကုန်ကြသည်။ သူဘယ်တုန်းက ကျွန်မ ရယ်တဲ့ပုံစံလေးတွေကို ကြည့်နေမိခဲ့ပါလဲ။ သူ ဘယ်တုန်းက ကျွန်မ လူတွေကို ကြည့်နေတဲ့အချိန်မှ ချောင်းကြည့်နေခဲ့ပါလဲ။ သူ ဘယ်တုန်းက ကျွန်မ ရဲ့ စိတ်ထားလေးကိုသိနေခဲ့ပါသလဲ။ မသိတော့ပါ။ ဘယ်အရာကိုမှ မသိတော့ပါ။ game ဆော့လို့ ပြီးသည်နှင့် ကျွန်မ ရင်ဆိုင်ရမှာက ရင်မော် ငါတောင်းပန်တယ်နော်။ ငါမရည်ရွယ်ဘူး။ ၀သုန် နင် လိုက်မသွားလဲ ရနေရဲ့ နဲ့ နင်လိုက်သွားခဲ့တယ်နော်။ ဆော်ရီးပါ။ အဲဒီအတွက်ငါေ တာင်းပန်ပါတယ်။ နင်ကျေနပ်လောက်တဲ့အထိ တောင်းဆိုပါ။ ငါလုပ်ပေးပါမယ်။ ဒါဆို နင်နောက် သူနဲ့ တွေ့ ရင်လည်း သူ့ ကိုစကားမပြော၇ဘူး။ ပြီးတော့သူနဲ့ မပတ်သက်ရဘူး။ ဘယ်လို လဲနင်ငါ့ကိုကတိပေးနိုင်မလာ ။ အိုကေ ငါပေးနိုင်ပါတယ်။ ငါစောင့်ကြည့်နေမယ်။ တကယ်လို့ နင် ...........ရဲ့ကတိကို နင်မတည်ခဲ့ရင်..........။ ငါသိတယ် ရင်မော် ။ အိုကေ ...........နွေက ရင်မော် စကားကို ကြား၍ ဘာလဲ နင်တို့ တွေက ဘာတွေ ဖြစ်နေသလဲ။ မိုးကလည်း ဟိုကောင် နင့်ကိုပထမ အကြိမ်လာဆွဲကတည်းက ပြန်သွားပြီ။ ငါတို့ ကိုတောင် မစောင့်နိုင်ဘူး သူမှာ။ အခု နောက်တစ်ယောက် ဘာတွေ ဖြစ်နေသလဲ။ ၀သုန်ငါ့ကိုပြောပြစမ်း။ ဘာမှ မဟုတ်ပါဘူး နွေ ရေ။ ဘာမဟုတ်လဲ နင့်မျက်နှာကို ငါ ချက်ချင်းဖတ်တတ်တယ်။ ပြောစမ်းပါဟာ။ နင် မပြောရင် ငါရင်မော်ကို သွားမေးတော့မယ်ဟု ပြောကာ ထ သွားမည်လုပ်လိုက်တော့ နွေကို ကျွန်မ ဆွဲလိုက်မသည်လေ။ နွေ ငါ ပြောပြပါမယ်။ ကျွန်မ အကျိုးအကြောင်းတွေ နွေကိုပြောပြတော့။ ၀သုန် နင်မှားတာ မဟုတ်ဘူးလေ။ အဲဒါက ဟိုကောင်က နင့်ကိုလာဆွဲချင်လို့ လာဆွဲတဲ့ကိစ္စာကို သူတို့ က နင့်ကိုအဲလို ၀ိုင်းကြပ်စရာလာ။ ငါပြောအုံးမှာ။ နွေ သူတို့ က မိုးနေလင်း ဆိုတဲ့ တစ်ယောက်ကို ချစ်နေကြတဲ့သူတွေလေဟ။ နင် ပြောတော့ ဟော ဘာထူးလာမှာလဲ။ နင်ပဲအမုန်းခံဖို့ ပဲရှိတယ်။ မဟုတ်ဘူးလေ ၀သုန် ။ နင်ပဲ စဉ်းစားကြည့်။ လုံးဝ သဘာဝမကျတာ။ ငါတော့လက်မခံဘူး။ နွေ နင်စိတ်ချပါ။ ငါဘယ်တော့မှ ယောက်ျားတစ်ယောက် ကြောင့် သူငယ်ချင်းတွေနဲ့ အပြတ်ခံမှာ မဟုတ်ပါဘူး။ ဘာဆိုင်လဲ ၀သုန်ရဲ့ ။ တကယ်လို့ ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ။ သူတို့ လည်း ဟိုကောင်ကို ကြိုက်ခွင့်ရှိသလို နင့်မှလည်း ကြိုက်ခွင့်ရှိနေသပဲ။ တကယ်တမ်းရိုးရိုးလေးပဲ တွေးကြည့်ဘာမှ ကို မမှားတာ။ မှားတာက သူတို့ တွေပဲ။ ငါ သူတို့ ရဲ့ စိတ်ကို သိနေတယ် နွေရဲ့ ။ ငါလည်းသိတယ် ၀သုန်ရဲ့ ။ အဲဒါကြောင့်ပြောနေရတာပေါ့။ မိုးကလည်းသူ့ စိတ်ချည်းပဲ။ ရင်မော်ကလည်း သူ နှလုံးရောဂါ ရှိလို့ အားလုံးက အလိုလိုက်ထားတော့ အရာအားလုံးကို သူ့ စိတ်ချင်း ဖြစ်ချင်နေတာလေ။ ရမှာလာ။ အခုလိုမျိုးကိစ္စမှာ။ နွေ ..................ရအောင်လုပ်ရမှာပေါ့။ ဟုတ်တယ်မဟုတ်လာ။ ငါက ဘာမှ မဖြစ်ပါဘူးဟ။ နင်တော့ စိတ်ကောင်းတာလာ။ မိုက်မဲတာလာ ငါမပြောတတ်တော့ဘူး ၀သုန်ရေ။ နင်အဲလောက် သူတို့ အပေါ် အောက်ကျို့ ခံပြီးပေါင်းနေဖို့ မလို ဘူး လို့ ငါထင်တယ်။ နင်သာသူတို့မသိအောင် နင် လုပ်ပေးခဲ့ရင်တောင် သူတို့ က သိတတ်တာမဟုတ်ဘူး။ ရပါတယ် နွေရဲ့ ။ ငါဘာမှ မဖြစ်ပါဘူး။ နင်ကရနေ ။ ငါက မရဘူး။ တွေ့ ရင်ပြောအုံးမှာ။ နွေ ရယ် နင်ငါ့ကိုခင်တဲ့ ဆိုရင် ငါတို့ ဒီအကြောင်း ဆက်မပြောပဲနေရအောင်နော်။ ကျွန် မတို့ ပြောရင်းဆိုရင်းနေရင်း သူက ကျွန်မတို့ ဘက်သို့ လမ်းလျှောက်လာတယ်လေ။ ငါသွားတော့မယ် ငါနင့်ကို ဘုရားကျောင်းတံခါးဝ မှာစောင့်နေမယ်ဟု ပြောကာ နွေက လှည့်ထွက်သွားသည်။ သူကိုပြုံးပြရင်း.........နာမည်က ၀သုန်ဆိုလာ။ ဟုတ်ကဲ့..........နာမည် အရင်းကတော့ ၀သုန်ဦးပါ။ ခင်တဲ့သူတွေကတော့ ၀သုန်လို့ ပဲခေါ်ပါတယ်။ ဒါဆို ကျွန်မလည်း ၀သုန်လို့ခေါ်နိုင်တယ်ပေါ့။ ဟုတ်ကဲ့.......ခေါ်နိုင်ပါတယ်။ ကျွန်တော်နာမည်တော့ သိလောက်ပြီထင်တယ်။ အင်း....ဟုခေါင်းသာ ညိတ်မိသည်လေ။ အသင်းတော်က လူတွေက တော်တော် ဖော်ရွှင်ကြတယ်နော်။ ဟုတ်တယ်ဟု သာဝင်ပြောမိသည်လေ။ ငါက အခုကတည်းက ရင်မော်ကို ကတိပေးခဲ့တာမကြာသေး ကတိဖျက်နေသလို ဖြစ်နေသည်လေ။ တော်သေးသည် ရင်မော် ပြန်သွားပြီးသည်မို့ ။ မဟုတ်ရင်တော့ ရင်မော်က သူ့ စိတ်တိုင်းမကျရင် လာကျဲ တတ်သေးသည်။ ရင်မော် အကြောင်းသူ ကောင်းကောင်းသိသည်လေ။ ကျွန်မ ပြန်တော့မယ် ကိုမိုးနေလင်း ရဲ့ ။ ကျွန်မ သူငယ်ချင်းစောင့်နေလို့ ပါ။ သြော် အိုကေ။ ကျွန်တော်ကို လက်ခံစကားပြောပေးတဲ့အတွက် ကျေးဇူးပဲနော်။ အိုကေ ။သြော် happy new year နော်။ ဟုတ်ကဲ့ပါ happy new year ပါ။
ကျွန်မ သူ့ ကိုလှည့်မကြည့်ပဲ ခပ်သွက်သွက် လျှောက်လာမိသည်လေ။ သူ ဘယ်လိုမျက်နှာထားနှင် နေခဲ့သည်ကို ကျွန်မ မမှန်း ဆ ချင်တော့ပါ။ ၀သုန် ဟိုကောင် နင့်ကို ဘာလာပြောတာလည်း ....ဘာမှ တော့ မပြောပါဘူး နာမည်လောက်ပဲ လာမေးတာ။ တော်သေးတာပေါ့။။။။။။။။။။။ဘာလို့ လဲ ............နွေရဲ့။ ငါပြောချင်လို့ ပြောသမဟုတ်ဘူး ဟိုကောင်က နင့်ကို ကြွေနေပုံပဲ။ အား..........လျှောက်ပြောပြီ။။ တကယ်။ တော်ပါတော့ နွေ ရယ်။ အဲဒီတစ်ယောက် အကြောင်း မပြောပဲနေရအောင် ။ ကြာလာရင် ငါသူ့ ကြောင့် ပဲစိတ် ညစ်လို့ သေနိုင်တယ်။ ဟား..............အေးဟ။ မပြောပဲနေရအောင်။ ..............................နွေ နှင့်နှစ်ယောက်သား ဆောင်း ည အလယ် မှာ လမ်းလျှောက်ရင်း အတွေးကိုယ်စီ နဲ့ အိမ်ပြန်ခဲ့ကြတယ်လေ။ အရင်တချိန်တုန်းကတော့ သူငယ်ချင်း ငါးယောက် သိုင်းသိုင်း ၀န်းဝန်း စနောက်လိုက်နဲ့ ပျော်ခဲ့ရတဲ့ အိမ်ပြန်လမ်းကလေး အခုတော့ ခြောက်သွေ့ နေသည်လေ။ ဘယ်သူ့ ကြောင့်လဲဘာကြောင့်လဲ ဆိုတာတော့ ကျွန်မ တကယ် မစဉ်းစားချင်တော့ပါ ။
အခန်(၃)
လှပတဲ့ မနက်ခင်းလေး တစ်ခုမှာ သူ့ ရဲ့ စန္ဒရားသံလွင့်ပြန် နေသည်လေ။ မှန်း စရာမလိုပဲ သိနေတဲ့ သူ့ ရဲ့ စန္ဒရားသံကို စွဲလမ်းနေမိသည်မှာ ၀န်ခံမိပါသည်။ ကျွန်မ ဘုရားကျောင်းထဲဝင် ရင်ကောင်းမကောင်း စဉ်းစားမိသည်။ ရင်မော် ကို ကတိပေးခဲ့ပြီမို့ ကျွန်မ ခြေလှမ်းတွေ လေးလံမိသည်လေ။ ကျွန်မ မ၀င်ဖို့ ဆုံးဖြတ်ပြီး လှည့် အပြန်.................၀သုန်............ဒါ သူ့ ရဲ့ ကျွန်မ ကို ခေါ်သံပဲ။ ကျွန်မ ကောင်းကောင်းမှတ်မိနေသည့် ခေါ်သံလေး။ ကျွန်မ ဘာလို့ အဲလောက်ထိ သူနဲ့ ပတ်သက် ပြီး မှတ်မိပါလိမ့် ကိုယ့်ဟာကိုယ်တောင် ကျွန်မ မသိပါ။ သြော်..........ကိုမိုးနေလင်း.................ဘာလို့ ဘုရားကျောင်းထဲဝင်မလာတာလဲ။ သြော်............ဟိုဟာလေ လုပ်စရာတစ်ခု ရှိတာ သတိယသွားလို့ ပါ။ သြော်.......ဟုတ်လာ ကျွန်တော်က ကျွန်တော် တစ်ယောက်ထဲ ရှိလို့ လာ လို့ ပါ။ သြော် ...မဟုတ်ပါဘူး။ ကိုမိုးနေလင်း ရဲ့ စန္ဒရား တီးသံလေးကို ကျွန်မ အရမ်းသဘောကျပါတယ်။ ဟုတ်လာ......။တော်တော်နားထောင်လို့ ကောင်းတယ်နော်။ ဟုတ်ကဲ့ ကျေးဇူးပါပဲ။ ဟို ကျွန်မ သွားတော့မယ်နော်။ အင်း................သူလည်း ကျွန်မ ကို မတားသကဲ့သို့ ကျွန်မ လည်းသူ့ ရှေ့ ကနေ အမြန် ဆုံးခွာခဲ့သည်လေ။ အဲချိန်မှာပင် ရင်မော် နှင့် တဲ့တိုးသည်လေ။ ၀သုန် ........နင် လုံးဝ မမိုက်ဘူးနော်။ ငါက နင့်ကိုယုံကြည်ခဲ့ရတာ။ နင်လုံးဝ မမိုက်ဘူး။ မဟုတ်ဘူး ...........ရင်မော်။ ငါပြောပြမယ် ။ တော်ပါပြီ ငါ့ကို နောက်ထပ် မရှင်းပြနဲ့ တော့ ၀သုန် ။ နင့်ရဲ့ နောက်ထပ် ပေးလာမဲ့ ဆင်ခြင်တွေကို ငါမကြားချင်တော့ဘူး။ ရင်မော် ........ငါ ပြောပြတာကို နည်းနည်းနားထောင်ပါအုံး ။ ပြီးမှ နင် ဆုံးဖြတ်ပါ။ ဟား............ဘာလဲ ငါသိခဲ့ပါတယ်။ နင်ဟာ ယောက်ျားတွေကို မြူ ဆွယ်တဲ့ နေရာမှာ နံပါတ်တစ်ပဲဆိုတာ။ ရင်မော် ..........နင် တော်တော် လွန်လာပြီ။ ငါသိနေခဲ့ပါတယ် နင်နဲ့ ငါ ပေါင်းလာတဲ့ တောက်လျှောက်မှ ယောက်ျားတော်တော် များများကို နင်ပဲ လှည့်စားခဲ့သလို၊ နင်ပဲ ရက်စက်ခဲ့တာတွေကို ပေါ့။ ငါမေ့နေခဲ့တယ် နင်ရဲ့ ပါ၇မီကို လေ။ လှောင်သံနဲ့ပြောနေတဲ့ ရင်မော်ကို သူ ကြည့်ပြီး အံသြ မဆုံးဖြစ်နေမိပါတယ်။ရင်မော် ငါ အံသြ မဆုံးဘူး သိလာ ။ ယောက်ျားတစ်ယောက်နဲ့ ပတ်သက်လာပြီး ကိုယ်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ကို နင် အဲလို ပြောရဲ တာကို ငါ အံသြ မဆုံးဘူးသိလာ။ ဟား............ဘာလဲ ဒီထက် ရက်စက်တဲ့စကားမျိုးနဲ့ ပြောခိုင်းစေချင်တာလာ။ အဲချိန်မှာပဲ.............နွေက ကြားကနေ.......ဒီမှာ ရင်မော် နင်လွန်နေပြီ ဆိုတာ နင် သိလာ။ ၀သုန်မို့ လို့ အခု ချိန်ထိ နင့်ကို ဘာမှ မလုပ်ပဲ သည်းခံနေတာ။ ငါသာဆိုရင် နင် ပါးကတော့ ရစရာ ရှိမှာ မဟုတ်ဘူးဆိုတာ နင်တွေးမိရဲ့ လာ။ နင် ဘာသိလို့ လဲ နွေ............။ အေး ငါ ဘာမှ တော့ မသိဘူး ဒါပေမယ့် နင်အခုန ၀သုန်ကို ပြောတဲ့ စကားက တော်တာ် လွန်တယ် ဆိုတာကိုတော့ ငါသိတယ်။ ဟား..........၀သုန်ကိုတော့ ငါမချီးကျူးပဲ မနေ နိုင်တော့ပါဘူး။ ၀သုန် နင်သိပ်တော်တယ် သိလာ။ နင် နောက်ထပ် ဘယ်သူ ကို ထပ်ပြီး နင့်ဘက်ပါအောင် မြူ ဆွယ်အုံးမလဲ။ ဟု ရိသဲ့သဲ့ ပြောနေတဲ့ ရင်မော်ကို ..........နွေက ရင်မော် နင်တော်တော့။ နောက်ထပ် ၀သုန်ကို နင် ထပ်စော်ကား ရင် ငါဒီတိုင်း ကြည့်နေမှာမ ဟုတ်ဘူးနော်။ ဟား........ငါသိလိုက်ပါပြီ ၀သုန်ရေ။ ရင်မော်က ငါငါတို့ အဖွဲ့ ထဲ က နေ နှုတ်ထွက်တယ်။ ရင်မော် .........နင် ယောက်ျားတစ်ယောက် အတွက်နဲ့ နင်ငါတို့ အဖွဲ့ ထဲက နေ နှုတ်ထွက်ဖို့ မလို ဘူးလို့ ငါထင်တယ် ။ နွေက ကျွန် မအခုလို ပြောတော့ သူ ကျွန်မ ကို လှမ်းဆွဲသည်။ရင်မော်.......နင်သေချာ စဉ်းစားပါ။ ငါတို့ အားလုံးက ငယ်ငယ်ကတည်းက ခင်ခဲ့တာတွေ ကို ပေါ့။ ဘာလဲ ၀သုန် နင် အခု လို ပြောလို့ ငါ စိတ်ပြောင်းမယ်ထင်လာ။ နင် အမြူ ဆွယ်ကိုငါခံမှာ မဟုတ်ဘူး ။ တခြားလူတွေကို ပဲ နင် မြူဆွယ်လိုက်ပါ။ ဒီမှာရင်မော် နင်ပြောစရာရှိတာ ပြောပြီး သွားပြီမဟုတ်လာ ဒါဆို နင် သွားတော့။ ဟု နွေက ခပ်ပြတ်ပြတ်ပြောလိုက်သည်။ ကျွန်မ လုံးဝ မထင်ခဲ့သော စကားလုံးမျိုးနဲ့ ရင်မော် ကျွန်မ ကို ပြောသွားခဲ့တယ်။ ကျွန်မ အတားအဆီးမဲ့ မျက်ရည်တွေကျနေမိသည်လေ။ နွေကတော့ ကျွန်မကို သိုင်းဖက် က အားပေးရှာတယ်။ နွေ ငါ့ အရင်က လူတွေကို ငါ မရက်စက်ချင်ခဲ့ပါဘူး............နွေ ............ငါ လူတွေကို မြူဆွယ်ဖို့ ၊ လှည့်စားဖို့ ငါ ဘယ်တော့မှ မလုပ်ခဲ့ဖူးဘူး။ ငါသိတယ် ၀သုန်။ နင့်စိတ်တွေ အားလုံးကို ငါသိပါတယ်ကွာ။ ကျွန်မ ကလေးတစ်ယောက်လို ငိုနေမိသည်လေ။ ငါတကယ် လူတွေကို နာကျင်စေဖို့ မရည်၇ွယ်ခဲ့ပါဘူးနွေရေ..............။ငါသိပါတယ်..........၀သုန်ရေ။ ရင်မော်လည်း တချိန်ချိန် နင့်စိတ်ကို နားလည် သွားမှာပါ။
အခန်း(၄)
ဘာတွေ ဖြစ်ကုန်သလဲ။ ကျွန်မ တို့ အဖွဲ့ က တနင်္ဂနွေ ဘုရားရှိခိုး ပြီးရင် မုန့် အတူ ထွက်စားကြနဲ့ အရမ်း ပျော်တဲ့ အဖွဲ့ တဖွဲ့ ပါ။ သို့ သော် အခုတော့ ဆုံနေကျ လက်ဖက်ရည်ဆိုင်မှာလည်း လေးယောက်သား အသံတိတ်၍ ထိုင်နေမိသည်လေ။ ၀ါ၇ီက ဒီနက် ဘာလို့ ရင်မော် မလာသေးတာလဲ မသိဘူး။ နွေက သူလာမှာ မဟုတ်ဘူး။ ဘာလို့ လဲ ..............။ သူမလာတော့ဘူးလို့ ငါ့ကို ပြောသွားတယ် ဟု နွေ က ပြောလိုက်သည်။ မိုးကတော့ အမြဲ ဟာသ တွေ ပြောတတ်ခဲ့ပေမယ့် ထူးထူးဆန်းဆန်း ဒီတစ်ပတ် တွေ့ ဆုံ ပွဲမှာတော့ သူ ဘာမှ မပြောပဲ ငိုင်နေသည်။ မိုး ......ဒီရက်နင် ဘာဖြစ်နေလဲဟင်....၀ါ၇ီက မေးလိုက်တော့။ ဘာမှ မဖြစ်ပါဘူး ဟ စဉ်းစားနေတာပါ။ ဘာကိုလဲဟ.................။ အချစ်ဆိုတဲ့အရာကိုပေါ့။ ဟား...................မိုးကတော့ စာကြီးပေကြီး တွေနဲ့ ကဗျာ ဖွဲ့ လာတော့မယ် ထင်တယ် ဟု နွေက စ ပြောင် တဲ့ပုံစံနဲ့ ဝင်ပြောလိုက်သည်။ နွေရ ယ်...........ငါလာ အဲလိုပုံဖြစ်မှာ။ လုံးဝ မဖြစ်ဘူး စိတ်ချ။ ငါယောက်ျားတစ်ယောက်အတွက်နဲ့ အဲလောက် မရူးချင်ဘူး။ ဟုပြတ်ပြတ်သားသား မိုးက ပြောသည်။ မိုးက တကယ်လည်း သူပြောရင် ပြောသလို လုပ်တတ်သူ ဖြစ်သည်။ ဒါနဲ့ .....၀သုန် နင်အခုတလော ငါကြည့်လိုက်ရင် အမြဲ မှိုင် နေသလို ပဲဟု မိုးက လှမ်းပြောလိုက်သည်။ ပြီးတော့ ၀ါရီက ဟုတ်ပ ....၀သုန် နင့်ရဲ့ မျက်ကွင်းကလည်း ငါ ဒီမနက်ကတည်းက ကြည့်နေတာ ဖောင်းနေသလို ပဲ။ နင့် အိမ်နဲ့ အဆင်မပြေဘူးလာ။ မဟုတ်ပါဘူး ကွာ.................ငါတောင် သတိမထားမိဘူး။ ဟုတ်လာ ငါမျက်ကွင်းဖောင် နေလာ ဒါဆိုတော့ မှန်ထောင် ကြည့်မှာပဲ။ ဟု ဟာသ ဆန်ဆန် ပြောလိုက်သည်။ နွေက ကျွန်မ ရဲ့ ခံစားချက်ကို နားလည် ဟန်ဖြင့် ကျွန်မ လက်ကို လာဖိသည်လေ။ နင်တော်တော် အားယူရမှာပေါ့တဲ့။ အမြဲ ဆူညံပေါလော ရိုက်နေခဲ့တဲ့ ကျွန်မ တို့ရဲ့ တစ်ပတ်တစ်ကြိမ် တွေ့ ဆုံဝိုင်းစားပွဲကတော့ အခုတော့ ဆိတ်ငြိမ်မြဲ ပဲလေ။ ဘာကြောင့်လဲ ဆိုတာတော့ အတိအကျ မသိပေမယ့် လူတစ်ယောက်ကြောင့် အခုလို ဖြစ်သွားတယ် ဆိုရင်လည်း မမှားဘူးလေ။ ဒီလာမဲ့ ပတ်ထဲ ငါ ခရီးသွားဖို့ ရှိတယ်။ဟု မိုးက ပြောသည်။ မိုးကတော့ ဟန်ဆောင်နေတာလာ တော့ မသိပါ။ မိုးနေလင်းနဲ့ ပတ်သက်ပြီးတော့ လည်း ဘာမှ စကားမဟ သလို ၊ ဘာမှ လည်းထူးထူးခြားခြား ဖြစ်ဟန် မတူပါ။ ငါကြာချင်ကြာမယ်။ အင်း.................ဒါဆိုလည်း ငါ့တို့ ဆီစာပို့ ပေါ့ဟ။ အင်းပါ..........။ ငါ ပြန်တော့မယ်။ ၀င်စရာတစ်ခု၇ှိလို့ ဆိုပြီး မိုးက ထ နှုတ်ဆက်သည်။ မိုး ပြန်သွားတော့ ၀ါရီကလည်း ငါနားမလည် တော့ဘူး နွေနဲ့ ဝသုန်ေ၇။ ငါတို့ အဖွဲ့ အကြောင်းကိုလေ ငါနားမလည် တော့ဘူး။ မိုးကလည်း ဘာဖြစ်နေမှန်းမသိဘူး။ ဘာမှလဲေ၇ရေရာရာ မပြောသလို ဘာမှ လည်းဖြစ်ပေါ် မရဘူး။ ငါက ဟိုမိုးနေလင်းဆိုတဲ့ တစ်ယောက်အကြောင်း ဆက်စုံစမ်းပေးရမှာလာလို့ မေးမလို့ ပဲ ။ သူက ဟိုတစ်ယောက်အကြောင်းကို စကားထဲတောင် ထည့် မပြောဘူးလေ။ ဟွန်း .....နားမလည် တော့ဘူး။ ဒါနဲ့ နွေရဲ့ ။ ရင်မော်က ဘာလို့ မလာတာလဲ။ ငါ မနေ့ က တောင် သူ့ ကိုငါတို့ လမ်းထိပ် မှာတွေ့လိုက်သေးတယ်။ ငါ လှမ်းခေါ်ဖို့ ကြိုးစားသေးတယ်။ သူက လုံးဝ ပဲ ဘာကိုမှ တောင် ဂရုစိုက်တဲ့ပုံစံနဲ့ ထွက်သွားတော့ ။ လှမ်းမခေါ်ဖြစ်လိုက်ဘူးလေ။ ပြီးတော့ ဒီရက်လည်း တွေ့ဖြစ်ကြမှာပါဆိုတော့လေ။ ၀ါရီကတော့ ဘာမှ မသိသေးသူ ပီပီ သူပြောချင်တာ ပြောနေပါတော့သည်။ ဒါနဲ့ နောက်ပတ် ဟော နင်တို့ လာအုံးမှာလာ။ လာမယ်လေ။ ဘာလို့ လဲ။ မိုးလည်းခရီးထွက်မယ်ဆိုတော့လေ နင်တိ့ လာအုံးမလာလို့ ပါ ။ လာရအောင်လေ။ ငါတို့ က အခုမှ ခင်တဲ့သူငယ်ချင်းတွေမှ မဟုတ်တာ။ အခုမှ ငါတို့ အလုပ်ကိုယ်စီရသွားမှ သိပ်မတွေ့ ဖြစ်ခဲ့ကြတာ။ တစ်ပတ် တစ်ခါ တွေ့ ရတဲ့ ငါတို့ တွေ ရဲ့ တွေ့ဆုံပွဲကိုတော့ တန်ဘိုးထားရအောင်ဟာ ဟု နွေ က ၀င်ပြောသည်။ နောက်တချိန်ချိန် ငါတို့ တစ်ယောက် တစ်နေရာဆီေ၇ာက်သွားရင်အ ခု လို တွေ့ဖို့ ဆိုတာလည်း မလွယ်ဘူးလေ။ အံမလေး နွေ ရေ.......နင်ပြောလိုက်မှပဲ ငါတောင် ကြောက်လာသလို ပဲ။ ဟာ..................ဘာကိုလဲ ၀ါရီရဲ့ ။ ငါတို့ တွေ ခွဲရမှာကိုလေ။ တကယ်တမ်းတော့ ကျွန်မ တို့ ငါးယောက်ဟာတော်တော် ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မခွဲခဲ့ဖူးပါ။ ခရီးထွက်ကြရင်လည်းတစ်ပတ်လောက်ပဲကြာခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေပါ။ ဒါပေမယ့် အခု အခြေအနေ က ..................တစ်ယောက်နဲ့ တစ်ယောက် မပွင့်လင်းမှုတွေ နဲ့ ဝေးကွာဖို့ ဖြစ်နေတော့တယ်လေ။ ဘယ်သူ့ ကြောင့်လဲ ဘာကြောင့်လဲဆိုတာတော့ ကျွန်မ အဖြေမရှာချင်တော့ပါ။
အခန်း(5)
ဝသုန်............၀သုန် .........(ခေါ်သံတစ်ခု).......ဒါသူ့ ရဲ့ အသံပဲ။ ၀သုန် နောက်လှည့်ကြည့်လိုက်သည်။ သြော်..........ကိုမိုးနေလင်း ..........။ မတွေ့ တာကြာနေပြီနော်......ဟုကျွန်မ ဘက်ကပြောလိုက်တော့ ။ ကျွန်တော် ကတော့ ၀သုန်ကို နေ့ တိုင်းတွေ့ တယ်။ ရှင်...........အံသြခြင်းများစွာဖြစ်ခဲ့ရသည်မှာ ကျွန်မ ပင်ဖြစ်သည်။ သူ ကျွန်မ ကို နေ့ တိုင်းတွေ့ တယ် ပြောရအောင် သူ့ အိမ်နဲ့ ကျွန်မ အိမ်သွားတဲ့လမ်းက တခြားဆီ။ အံသြသွားလာ ၀သုန်။ .........ကျွန်မ ဘာမှ မပြောလိုက်ပါ။ ဟုတ်တယ် ကျွန်တော် ၀သုန်ကို နေ့ တိုင်း တွေ့ ချင်တယ်။ အဲဒါကြောင့် ကျွန်တော် ၀သုန်နောက် အမြဲလိုက်ခဲ့တယ်။ ကျွန်မ ဘယ်လို နေ ရမှန်းမသိတော့ပါ။ သူက ကျွန်မ ကို ရည်းစား စကားလိုက်ပြောနေတာလာ။ မသိတော့ပါ။ ဘာမှ ကို မသိတော့ပါ။ ၀သုန်ကိုကျွန်တော် စပြီး အသင်းတော် မှာ စပြောင်းလာကတည်းက သတိထားပြီး လိုက်ကြည့်နေခဲ့တယ်။ ကျွန်မ ပိုပြီးအံသြ ရပါသည်။ ကျွန်မ ဘာမှ မပြောပဲ ကျွန်မ ဘာလို့ ငြိမ်နေမိမှန်း ကိုယ့်ဟာကိုယ် မသိပါ။ ကျွန်မ ရင်များခုန်နေသလာ။ မသိပါ။ ဘာမှ မသိတော့ပါ။ သူ ပြောနေတဲ့စကားထဲမှာ နစ်မြှုပ်နေမိသည်က အမှန်ပင်။ ၀သုန်ရဲ့ အပြုံးလေးတွေ ကို ကျွန်တော် မြတ်မြတ် နိုးနိုးနဲ့ ခိုးကြည့်နေခဲ့ရတယ်။ ဘယ်သူ့ မှ မရိပ်မိအောင် ကျွန်တော် အရမ်းကြိုးစားပြီး ဟန်ဆောင်နေခဲ့ရတယ်။ ရင်ခုန်သံတွေ ကို သိမ်းထား ခဲ့ရတယ် ၊ ချုပ်တည်းနေခဲ့ရတယ်။ ပြီးတော့ ၀သုန်နားမှာက အမြဲ ကိုယ်ရံတော်လို ပဲနော်။ အမြဲ တပူးတွဲတွဲ ၀သုန် သူငယ်ချင်းတွေ ပါနေတော့ ကျွန်တော် ချဉ်းကပ်ဖို့ က အဆင်မပြေဖြစ်ခဲ့ရတယ်လေ။ ၀သုန် ကျွန်တော် ၀သုန်ကို မြတ်မြတ် နိုးနိုး ချစ်နေမိတယ်။ ကျွန်မ အဲဒီစကား ကြောင့် သူ့ ကို မော့ ကြည့်မိတော့ သူ က မျက်နှာလွဲလျက်။ ကျွန်တော် ဒီစကားပြောဖို့ မနည်း အားယူခဲ့ရပါတယ်။ ကျွန်တော်ကို သတ္တိရှိလှ ချည့်ရဲ့ လို့ မထင်ပါနဲ့ ။ ၀သုန်နားရောက်တိုင်း ကျွန်တော် စိတ်က မခိုင်ခဲ့သလို ၊ ခြေလှမ်းတွေကို လည်းမနည်း အားပြု ပြီးလမ်းလျှောက်နေရတယ် လေ။ ကျွန်မ ရယ်လည်း ရယ်ချင်မိသလို ၊ဘာပြောရမှန်းမသိဖြစ်နေမိသည်လေ။ သူ ကျွန်မ ကို ရည်းစားစကား လာပြောလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ အခုလို ပုံစံမျိုးနဲ့ သူ ကျွန်မေ၇ှ့ ရောက်လာခဲ့မယ်ဆိုတာ စိတ်ကူးတောင်မယှဉ်ခဲ့ပါ။ ၀သုန် ကျွန်တော် ကို တစ်ခုခု ပြန်ပြောပါအုံး။ ကိုမိုးနေလင်း ..............ရှင် ကျွန်မ အကြောင်း မသိသေးလို့ ပါ။ ကျွန်မ အကြောင်း အခုထက် မက စုံစမ်းပါအုံးလို့ ကျွန်မထပ်ပြောချင်တယ်။ ကျွန်မ ကို သွားခွင့်ပြုပါအုံးနော်။ ၀သုန် .......သူ့ ရဲ့ ခေါ်သံလေး နောက်မလှည့် ကြည့်မိအောင် မနည်း ကြိုးစားရသည်လေ။ ၀သုန်...........သူ့ ရဲ့ ခေါ်သံလေး။ ၀သုန်.............ကျွန်တော်ကို့ တိကျတဲ့အဖြေတစ်ခု ပေးနိုင်မလာ။ ကျွန်မ မျက်မှောက်ကြုတ်၍ သူ့ ကို လှမ်း ကြည့်လိုက်တော့........ဆော်ရီး ကျွန်တော်စကားမှားသွားလို့ ။ ကျွန်တော် ဆိုလို တာက ကျွန်တော်မှာ ၀သုန်ဆီကနေ မျှော်လင့်ချင်ရှိပါသေးလာ ဆိုတာ သိချင်ပါတယ်။ ရှင့်ကို ကျွန်မ ပြောပြီးသွားပြီလေ ကျွန်မအကြောင်း အခုထက် မက စုံစမ်းပါအုံးလို့ ။ အဲလောက်ထက် ရှင်းတဲ့အဖြေ မရှိတော့ဘူးလို့ ကျွန်မ ထင်တယ်။ သူ သဘောပေါက်သွားဟန်တူတယ်။ ၀သုန် ...........ကျေးဇူးပဲနော်။ ကျွန်မ သူ့ ကို ပြုံးပြလိုက်မိပါသည်။ ကျွန်မ ဘ၀မှာ ယောက်ျားပေါင်းများစွာနဲ့ ပတ်သက်ခဲ့ဖူးသလို ၊ ငယ်ငယ်ကတည်းက ရည်းစား စကားလိုက်ပြောတာ ခံနေကြဆိုတော့ ဘာမှ သူနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ရင်ခုန်တာမျိုး မရှိခဲ့ပါ။ သို့ သော် သူ့ ရဲ့ စကားများက ကျွန်မကို ညအိပ် မပျော်အောင် လုပ်နေခဲ့တယ်လေ။ ၀သုန်ကို ကျွန်တော် မြတ်မြတ် နိုးနိုး ချစ်နေမိသည်လေ။....................သူ့ စကားတွေကို ပြန်ကြားယောင်တိုင်း မိုး ရဲ့ မျက်နှာ ကို ပြေးမြင် မိသည်။ တကယ်လို့ သူ မိုးနေလင်း ကို အဖြေပေးခဲ့ရင်.............။ မိုး ကရော ဘယ်လို နေမလဲ။ ၀ါရီကဟော ငါ့ကို ဘာထပ်ပြောအုံးမှာလဲ။ ကြားထဲက ခုတ်ဖြတ်သွားတဲ့ ကြောင် လို့ ပဲသူ ပြောမှာလာ။ နွေ .......နွေကဟော အစကတည်းက သူမေးခဲ့တယ် နင်ဟော သူ့ ကိုကြွေနေပြီလာတဲ့။ ကျွန်မဘက်က ပြတ်ပြတ်သားသား နိုးလို့ ဖြေခဲ့ပေမယ့်။ အခုဟော ........ကျွန်မ သူ့ ကိုချစ်နေမိသလာ...............မသိတော့ပါ။
သို့ သော် သူ မိုးနေလင်းကို ပြောလိုက်သည့်စကား .........အလိုလို အဖြေပေးမယ်လို့ သက်ေ၇ာက်နေတာပဲလေ။ ကျွန်မ ဘာဆက်လုပ်ရမလဲ မသိတော့ပါ။..........................
တ၇က်....................သူ့ ရဲ့ စန္ဒရားသံလေး ကျွန်မ လွမ်းနေမိသည်လေ။ ထို့ ကြောင့် သူတီးနေတတ်မဲ့ အချိန်တွေကို ကျွန်မသိနေသည်လေ။ ထို့ ကြောင့် ဘုရားကျောင်းသို့ ကျွန်မ ခြေလှမ်းနေမိသည်လေ။ ထူးဆန်းစွာပင် ကျွန်မ မျှော်လင့်နေခဲ့တဲ့ သူ့ ရဲ့ စန္ဒရားသံလေး ...........မကြားရတော့။ ဘုရားကျောင်းမှာ ဒီချိန်ဆို သူ တီးနေကျ ဆိုတာ ကျွန်မ သိနေသည်လေ။ အဲဒါကလည်း အ၇င်တစ်ပတ် တွေ့ ဆုံပွဲမှာဝါရီ ပြောထားသော်ကြောင့်သိနေခဲ့ခြင်း ဖြစ်သည်။ ၀ါ၇ီက မိုးအတွက် မိုးနေလင်း ရဲ့ အကြောင်းတွေ လိုက်စုံစမ်းနေသူပေါ့။ သူ့ ရဲ့ စန္ဒရားသံ မကြားရတော့ ကျွန်မ မှာ တစ်ခုခု ကို ဆွေးနေမိသလို ခံစားမိသည်လေ။ သူ ဒီရက် မလာတာလာ။ ဘာလို့ မလာတာလဲ။ သူ နေမကောင်းလို့ လာ။ ဒါမှ မဟုတ် အလု ပ်ကိစ္စာပေါ် လာလို့ လာ။ မသိပါ။ မသိတော့ တဲ့ မေးခွန်းပေါင်းများစွာ ကျွန်မ ကိုကျွန်မ မေးနေမိသည်လေ။ သူ့ ရဲ့ စန္ဒရား လက်သံလေးကို ကျွန်မ လွမ်းနေမိသည်မှာ အမှန်ပင် ဖြစ်သည်။ သူ့ ကိုဟော ကျွန်မ လွမ်းနေမိသည်လာ မလွမ်း မိသည်လာမသိပါ။ ကိုယ့်စိတ်ကို ဝေခွဲ မရပါ။ ကျွန်မ တစ်ယောက် ထဲ ဘုရားကျောင်းထဲမှာ ထိုင်နေမိသည်လေ။ သူ့ ဘာလို့ လဲ ...........ဘာလို့ မလာသေးတာလဲ။ မေးခွန်းပေါင်းများစွာနဲ့ ကျွန်မ စိတ်ပူနေမိသည်လေ။..........အတန်ကြာတော့..............၀သုန်...................ဒါ သူ့ ရဲ့ ခေါ် သံပဲ ................၀သုန်.............ကျွန်မ မမှားနိုင်ပါ။ ဒါ သူ့ ရဲ့ ခေါ်သံလေး။ ကျွန်မ မှတ်မိနေတဲ့သူ့ ရဲ့ ခေါ် သံလေး။ ကျွန်မ လှည့်ကြည့် လိုက်တော့ သူ ဖြစ်နေသည်လေ။ ကျွန်မ ပျော်သွားမိသည်။ တကယ်တော့ ကျွန်မ နှလုံးသားက သူ့ ကိုမျှော်နေခဲ့မိသည်လေ။ ၀သုန် ဘာဖြစ်လို့ လဲ။ ကျွန်မ ကလည်း ဘယ်လောက်ထိ ဟန်မဆောင်နိုင်လဲမသိတော့။ မျက်ရည်တွေ ၀ဲတတ်နေတော့ ကျွန်မ ကို သူ မြင်သွားပြီလေ။ ၀သုန် ဘာဖြစ်လို့ လဲ .....ကို့ ကို ပြောပြနိုင်မလာ။ သူ က စိတ်ပူစွာမေးနေသည်။ ဟင့်အင်း ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ပျော်လို့ ပါ။ ၀သုန် .......နင်တကယ်ပြောတာလာ။ တကယ်............ကျွန်မ ရှင့်ရဲ့ စန္ဒရားသံကို ကြားချင်လို့ လာတာ ရှင်က ရှိမနေ တော့ဝမ်းနည်းမိတယ်လေ။ ကျွန်မလည်း ဘယ်က သတ္တိတွေနဲ့ ပြောလိုက်မိမှန်းမသိ။ ကျွန်မ ရဲ့ စိတ်ကိုသူ သိသွားပြီဆိုတာ ကျွန်မသိနေတယ်လေ။ သြော်.........ဖြစ်မှ ဖြစ်ရလေ ၀သုန်ရေ................။ ၀သုန်နားထောင်ချင်တယ် ဆိုရင်တီးပြမှာပေါ့။ တသက် လုံးကို တီးပြအုံးမှာဟု သူက အားရပါးရ ပြောနေသည်။
လာ ၀သုန် သူ ကျွန်မ လက် ကို လာကိုင် သည်လေ။ကျွန်မ လည်း သူ့ လက်ကို ပြန်တွဲမိလိုက် မိသည်။ ကျွန်မ ဘာတွေ လုပ်နေမိပါလဲ။ ကျွန်မ မသိတော့ပါ။ အချစ်ရဲ့ ညှို့ ယူရန် ကျွန်မ ပါသွားခဲ့သည်ကို ကျွန်မ နောက်မှ သိခဲ့ရသည်လေ။ သူ တီးနေကျဖြစ်တဲ့ စန္ဒရားခုံနားရောက်တော့ လာ ၀သုန် ...........။ ၀သုန်က ကို့ နားမှာထိုင်နော်။ ၀သုန် ဘာသီချင်းသံစဉ်လေး နားထောင်ချင်လဲ ပြောလေ ကို တီးပြမယ်။ ဟင့်အင်း..........ကျွန်မ ခေါင်း ခါ လိုက်မိသည်။ ကိုမိုးနေလင်း တီးတာ အကုန်လုံးကို ကြိုက်တယ်။ ဟား.........သူက ကျွန်မ ကို ကြည့်ရင် ရယ်လို က်သည်လေ။ ကျွန်မ ပုံစံက ဘာဖြစ်နေပြီလဲဆိုတာ ကိုယ့်ဟာကိုယ် မသိတော့ပါ။ အချစ်က နူးညံလွန်းပါတယ်လေ။ အိုကေ ...........ဒါဆို ကျွန်တော် ကြိုက်တဲ့ တီးလုံးလေးတွေ တီးပြမယ်နော်။ ကျွန်မ ခေါင်းညိတ်မိသည်လေ။ သူ က mood အပြည့်နဲ့ တီး နေတဲ့သူ့ ကိုကြည့်နေမိတယ်လေ။ သူ့ ကို ပထမ သတိထားမိတာက အခု လို တီးနေတဲ့ပုံစံလေး။ ကျွန်မ သိခဲ့ရတယ် အဲချိန်ကတည်းက ကျွန်မ နှလုံးသားမှာ သူ ၀င်ရောက်နေခဲ့တယ်ဆိုတာကိုပေါ့။ ဒါပေမယ့် အခုမှ ပိုပြီး သေချာသွားတာက တကယ်ပဲ ကျွန်မ ရဲ့ နှလုံးသားမှာ သူ ရှိနေပြီဆိုတာပါပဲ။ သူ က တစ်ပုဒ် ပြီးတစ်ပုဒ် တီးခတ်နေသည်လေ။ သူ့ ကို ကျွန်မ ငေးကြည့်နေမိသည်လေ။ ဘယ်လောက်ကြာကြာငေးမိသည်မသိတော့ပါ။ ဘာလဲဝသုန် .............ကိုယ့်မျက်နှာမှာ မှဲ့ ဘယ်နှလုံး ရှိတာက အစ ရေလို့ ပြီးသွားပြီလို့ ကို ထင်တယ် တဲ့။ သူ အပြောကြောင့် ကျွန်မ တော်တော် မျက်နှာပူသွားမိသည်လေ။ ကျွန်မ ကတော့ လုပ်ချပြန်ပြီ။ နွေသာ ရှိရင်တော့ နင်တို့ လို မိန်းခလေးတွေကြောင့် မိန်းမ ဈေးကျနေတာလဲ မပြောနဲ့ တော့လို့ သူ ပြောမှာပဲ ဆိုတာ တွေးနေမိသည်လေ။ ကို က စတာပါ။ တစ်ခါတစ်လေ အဲလိုပဲ ကို က စိတ်ပေါက် ရင် ပေါက်သလို စတတ်တယ်။ ၀သုန် ............သူ့ ရဲ့ ခေါ်သံလေး။ ကျွန်တော်ကို တစ်ခုခု ပြောပါလာဟု ပြောက ကျွန်မ လက်ကို သူ လာကိုင်သည်လေ။ ကျွန်မရဲ့ ရင်ခုန်သံစည်းချက်လေးကို သူ ကြားသွားမှာကို စိုးကြောက်နေမိသည်လေ။ ကျွန်မ ဘာမှ မပြောခဲ့ပါ။ ၀သုန်...........ကျွန်တော် ၀သုန် အတွက် စဉ်းစားဖို့ တော်တော် ခက်ယဉ်းနေလာ။ ကျွန်မ ခေါင်းခါ လိုက်မိပါသည်။ တော်သေးတယ်.............ဟု ပြောကာ သူ အသက်ရှူသံကြားနေရသည်လေ။ ၀သုန် .........၀သုန် အခု ကို့ ကို ဘာမှ မပြောချင်လည်း မပြောပါနဲ့  ရပါတယ်။ကျွန်တော် စောင့်ပါမယ်။ နောက်ဆို ၀သုန် စန္ဒ ရား သံကြားချင်တိုင်း ပြောနော်။ ကျွန်တော် တီးပြမှာပေါ့။ သူ က ကျွန်မ ကို ကလေးတစ်ယောက်လို ပြောနေသည်လေ။ လာမဲ့ စနေ ဒီချိန် ကိုမိုးနေလင်း လာခဲ့ပါ။ ကျွန်မ လည်း လာခဲ့ပါမယ်။ ဟုပြောကာ ကျွန်မ ထ လာမိသည်လေ။ သူ ဘယ်လို နေခဲ့မလဲဆိုတာကျွန်မ မသိတော့ပါ။ ကျွန်မ နောက် လှည့် မကြည့်မိအောင် ကျွန်မ ကြိုးစားပြီး ဘုရားကျောင်းပြင်သို့ ကျွန်မ ထွက်ခဲ့သည်လေ။ သူ ပျော်နေမလာ.........................။ မသိတော့ပါ။ သူ ပျော်နေပြီးကျန်ရစ်ခဲ့မယ်လို့ တော့ ......ကျွန်မ ထင်မိတယ်လေ။
အခန်း(5)
ဝသုန်...........(ခပ်ဆတ်ဆတ်ခေါ်သံတစ်ခု) ကျွန်မကို စူးစူး စိုက်စိုက် ကြည့်နေသော ၀ါရီ ကို ကျွန်မ တွေ့ လိုက်ရသည်။ နင်သိပ်ပျော်နေမှာပေါ့............ဟုတ်လာဝသုန်............။ နင် အရမ်းပျော်ခဲ့တယ် မဟုတ်လာ။ မင်းသားလေးက နင့်လက်ကို ကိုင် ပြီးတော့ နင်က သူ့ ရှေ့ မှာ ရှက်ချင်ယောင် ဆောင် ။ ဟား................ရယ်ရတယ် သိလာ။ ငါလုံးဝ မထင်ခဲ့ဘူး ၀သုန်ရဲ့ ။ နင်ကလေ .........ငါတို့ သူငယ်ချင်း အချင်းချင်း ရဲ့ ယုံကြည်မှုကို သစ္စာဖောက်တာတော့ လွန်လွန်း ပါတယ်ဟ။ ငါက နင့်ကို ယုံကြည်လိုက်ရတာ ၀သုန်ရဲ့ ။ ဒါပေမယ့် နင် အခုလို မလုပ်သင့်ဘူး ။ ၀သုန် နင်ငါ့ကို ဒီမှာလာရတာလည်း လို့ မမေးတော့ဘူးလာ။ ကျွန်မ ဘာမှ မပြောမိပါ။ နင်မမေးရင်လည်း ငါပြောပြမှာပါ။ ငါမိုးကို လိုက်ပို့ တာပါ ။ ကျွန်မ ၀ါရီကို မော့ ကြည့်မိလိုက်သည်။ ဘာလဲ နင်အံသြသွားပြီလာ။ ဟုတ်တယ် ဒီရက်မိုး ကို ငါကိုယ်တိုင်ခေါ်လာတာ။ နင်သိတဲ့အတိုင်း ပဲ မိုးက သူ့ ရဲ့ စန္ဒရား တီးသံကို ပထမဆုံး စွဲလမ်း သွားကြောင့် ၀န်ခံခဲ့တဲ့ သူ ဆိုတာကိုလေ။ ၀သုန် နင့်လို တော့ မဟုတ်ဘူး သိလာ။ သူတို့ က ခံစားနေရတဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲသလို့ ခံရဲ တဲ့သူတွေပဲ။ ၀ါရီ ငါနင့်ကို အစကနေ ပြန်၇ှင်းပြပါမယ်။ တော်ပါပြီ .......၀သုန်ရေ။ ငါ စိတ်မ၀င်စားဘူး။ နင်တကယ်လို့ ငါ့ကို ပြောပြချင်ခဲ့တယ်ဆိုရင် အရင်ကတည်းက ပြောပြလို့ ရခဲ့တာပဲ။ အခုမှ ..........တော်ပါပြီ ။ ငါတကယ် မထင်ခဲ့မိဘူး ၀သုန်ေ၇။ ငါတော်တော်ခံပြင်းမိတယ် သိလာ။ အခု အဖြစ်ကိုလေ။ ငါက တော့ မိုးအတွက် စုံစမ်းပေးသမျှ နင်တို့ ကိုလည်း ပြောပြခဲ့လိုက်ရတာ။ အခုက မိုးက မလှုပ်ရှားပဲ နင်က အသေလှုပ်ရှားနေခဲ့တာကို............။ မဟုတ်ဘူး ........၀ါရီ။ ငါနင့်ကို ပြောစရာတစ်ခု ရှိလို့ နေနေတာ။ ငါ နောက်ထပ် ငါတို့ အဖွဲ့ ရဲ့ တွေ့ ဆုံခြင်း အစီစဉ်ကို ငါလာနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါပြောချင်လို့ ပါ။ ၀ါရီ.............။ ငါသွားတော့မယ်။ ငါ ဒီထက် နင့်ကို စကားမပြောချင်တော့ဘူး ၀သုန်။ ဟုပြောက ၀ါရီ ကျွန်မ ရှေ့ မှာထွက်သွားလေတော့သည်။ ကျွန်မ ခြေလှမ်းတွေ လေးလံဆဲ။ ကျွန်မ ဘာဆက်လုပ်ရမလဲ။ ကျွန်မ ဘာဆက်လုပ်ရမလဲ မသိတော့ပါ။ ကျွန်မ ဘာမှ မသိတော့ပါ။ ကျစရာ မျက်ရည်လည်းမ၇ှိတော့ပါ။ စိတ်ခံစားချက်ကို ဦးစားပေးခဲ့မိပြီလာ ။ မသိတော့ပါ။ ဘာမှ လည်း မသိတော့ပါ။ ဒါပေမယ့်သေချာနေတာ တစ်ခုက ကျွန်မ ရဲ့ သူငယ်ချင်းတွေ အနားမှာ တစ်ယောက်မှ မရှိတော့ဘူးဆိုတာပါပဲ။

ဆက်ရန် ရှိသေးသည်။


ဆက်ရန် ရှိသည်။